Background
မန္တလေးသကြားကုန်စည်ဒိုင် (သကြားနဲ့သကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း) မှာ ဥပုသ်နေ့မှ အပ ကျန်နေ့ရက်တွေမှာ ပုံမှန်အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန္တလေးမှထွက်တဲ့သကြားကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းတို့ကို တင်ပို့ရောင်းချနေရ တာကြောင့် အရောင်းအဝယ်ပုံမှန်ရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၃၇ တန်ကျော်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ ပြောင်း ၃၃၁ တန်ခွဲကိုတင်ပို့နိုင်ခဲ့ပါတယ်။
ကျောက်မြောင်းအထက်ပိုင်း ထီးချိုင့်၊ ကသာဖက်မှာ ထွက်ရှိတဲ့ နိုင်လွန်ပဲများ အရည်အသွေးကောင်း မွန်တဲ့အတွက်ဝယ်လက်အကြိုက်တွေ့ ကြောင်း သိရပါတယ်။ မဲဇာ၊ မုံရွာမှာ စိုက်ပျိုးထွက်ရှိပေမယ့် အထွက်နည်း သလို အရည်အသွေးအနည်းငယ် ကျဆင်းပါတယ်။
ဇူလိုင်လအတွင်း ရော်ဘာဈေးနှုန်းများ အားနည်းလာ တယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မှိုင်းခံရော်ဘာ အဆင့် - ၅ (Thai Rubber RSS- 5) က ဇူလိုင်လ ၈ ရက်နေ့မှာ ၂၆၃၁ ဒသမ ၅၀ ဒေါ်လာ အထိ ၈၇ ဒေါ်လာ ဈေးကျလာတယ်။
၂၀၁၃ ခုနှစ် ပထမ ၆လတာကာလ (ဇန်နဝါရီလမှ ဇွန်လ ထိ) မှာ ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ ၉၇၆ သန်း ကျော်တန်ဖိုး ရှိ ရော်ဘာ ၃၈၃၀၀၀ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူထက် ပမာဏအားဖြင့် ၅ ရာခိုင်နှုန်းနဲ့တန်ဖိုးအား ဖြင့် ၁၉ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိ ရပါတယ်။
ပြည်-ရန်ကုန်၊ ရခိုင်ပြည်နယ် ဘက်သို့ ငရုတ်များအရောင်းအဝယ် သွက်နေကြောင်း ရေနံချောင်းငရုတ် ဈေးကွက်မှ စုံစမ်းသိရှိရသည်။
ငရုတ်ကို ရေနံချောင်းမြို့နယ် ဘဲဆိပ်၊ ရုံးဆိပ်၊ လမ်းကူး၊ သမ္မာန္တင်၊ ဗူးကျွန်း၊ ရှားတစ်ပင် အစ ရှိသည့် ကျေးရွာများ၌လည်းကောင်း ဧရာဝတီ မြစ်ကျွန်းများရှိ ကျေးရွာများတွင် စိုက် ပျိုးကြကြောင်း၊ ဖေဖော်ဝါရီ၊ မတ်လ တွင် အသီးလှိုင်ခဲ့ပြီး ယခုတော့ လှောင် လက်တွေက ထုတ်ရောင်း နေကြ ကြောင်း ကုန်သည် တစ်ဦးက ပြောပါ သည်။ လက်ရှိဇူလိုင်လဆန်းရက်တွင် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဈေးပေါက်ပြီး ချောက်မြို့ နယ်၊ စလင်း၊ ပွင့်ဖြူ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်၊ ကျောက်ရဲ၊ အေးရွာ၊ တောင် ပလူ၊ ဆားလည်၊ ပင်းဝကျေး ရွာ ချောက်မြို့နယ်၊ စလင်းမြို့နယ်ဖောင်း လင်း၊ မန်မြေနှင့်ပွင့်ဖြူမြို့နယ် ကုန် ဆောင်း၊ သံကိုင်း၊ ဇီးကျွန်း၊ ကျောင်း စု၊ ပေါက်ကုန်း၊ ထူး၊ ဝါးခြောက်ကျွန်း၊ လေးအိမ်ကျေးရွာများမှထွက်ရှိသည်။ ငရုတ်ဈေးကွက် တွင် ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်းသိရသည်။သူ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၃၈၁ တန်နီးပါး၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၈၆ သန်းတန်ဖိုးရှိ ပြောင်း၂၇၇၀ တန်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၅၁ သန်းတန်ဖိုးရှိပြောင်း ၁၂၀၁ တန်ကျော်ကို ဇူလိုင်လ ၃ ရက်မှ ၁၁ ရက်အထိ ၉ ရက်တာကာလအတွင်းတင်ပို့ခဲ့ကြပါတယ်။ ယခင်အပတ်ရော ယခု အပတ်မှာပါ ကန်ပိုက်တီး စခန်းမှ ပြောင်းတင် ပို့မှုမရှိဘဲ ယခင်အပတ်က ကျန်စခန်း သုံးခုမှ ပြောင်းတန်ချိန် ၁၃၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်တန်ချိန် ၃၀၀၀ ကျော်လျော့နည်းသွားခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထား မှာ ပြောင်း ၁ ပိဿာ ၅၄ ကျပ်ဖြစ်တာမို့ ယခင်အပတ်သယ်ယူခ ထက် အနည်းငယ် တက်လာတာတွေ့ရ ပါတယ်။ နှစ်နိုင်ငံပြောင်းဈေးတွေကိုကြည့် မယ်ဆိုလျှင် တစ်ဖက်နိုင်ငံဈေးမပြောင်းလဲဘဲ မိမိဘက်ဈေးက ယခင်အပတ်ထက် အနည်းငယ်ပိုမိုလာပါတယ် -
မုံရွာဖီးကြမ်းငှက်ပျောဈေး ကွက်မှာဒေသတွင်းစားသုံးမှု ပုံမှန် ရှိတဲ့အပြင် အခြားဒေသတွေကိုပါ လက်ကားတင်ပို့မှုအားကောင်းတဲ့အတွက် ယခုနှစ်မိုးဦးရာသီကတည်းကဈေးစွာလာခဲ့ တာ တွေ့ရပါတယ်။ တစ်နှစ် ထက် တစ်နှစ် ဈေးကောင်းရလာတဲ့အတွက် စိုက်ပျိုးမှုအနေနဲ့လည်း နှစ်စဉ်တိုးတက် မှုရှိခဲ့ တာတွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၂၀၀၈-၂၀၀၉ ခုနှစ်က မုံရွာခရိုင်နဲ့ ငှက်ပျော စိုက်ဧကဟာ ၅၇၀၀ ခန့်သာရှိခဲ့ပြီး၊ ယခုအခါ ဧက ၆၃၀၀ ခန့်ထိ တိုးချဲ့ စိုက်ပျိုး လာခဲ့ကြပါတယ်။ အထူးသဖြင့် မုံရွာခရိုင်အတွင်း ဘုတလင် မြို့နယ်မှာ ဧက ၂၄၉၀ နဲ့ အများဆုံးစိုက်ပျိုးခဲ့ကြ ပြီး၊ ကနီမြို့နယ်မှာ ဧက ၂၂၈၀ နဲ့ ဒုတိယအများဆုံး စိုက်ပျိုးခဲ့ကြပါတယ်။ ဖီးကြမ်းငှက်ပျော စိုက်ပျိုးမှု အနေနဲ့ တစ်ဧကမှာ အပင် ၃၀၀ ခန့် စိုက်ရင်ငှက်ပျောခိုင်၃၀၀ရကာဈေးကွက် ဝင်အဖီး ၁၅၀၀ ခန့်ထွက်ရှိပါတယ်။ ဒေသပေါက်ဈေးတစ်ဖီး ၅၀၀ ကျပ်နှုန်းနဲ့ တွက်ရင် ကျပ် ၇ ဒသမ ၅ သိန်းဝင်ငွေ ရရှိနိုင်ပါတယ်။ သားတက်ကိုပြောင်း ရွှေ့စိုက်နိုင်လို့ ပျိုးပင်အတွက် ကုန်ကျ စရိတ်မရှိဘဲပေါင်းနှုတ်ခနဲ့ရေသွင်းစရိတ် သာကုန်ကျတဲ့အတွက် ငှက်ပျောစိုက် သူ တွေ တွက်ခြေကိုက်လျက်ရှိပါတယ်။ မုံရွာငှက်ပျောဒိုင်နဲ့ လက်လီ အရောင်းသမား တွေအနေနဲ့ တစ်ဖီးကို သယ်ယူခ ၃၀ ကျပ်နဲ့ ပွဲခ ၂၀ ကျပ် ပေါင်း ၅၀ ကျပ်ပေးရပြီး၊ ဝယ်ဈေးနဲ့ ခွာကာ အဖီးအရွယ်အစားအလိုက် တစ်ဖီး ၅၀၀ကျပ်မှ၁၀၀၀ကျပ်ထိရောင်း ချတယ်လို့ဆိုပါတယ်။ ဈေးကွက် အလို အရ အဖီးအစိမ်းကို ဘုရားပွဲ၊ သာသနာ ပွဲ၊ ရိုးရာပွဲတွေမှာ သုံးဖို့ဝယ်ယူကြပြီး၊ အမှည့်ကိုတော့ သရေစာအဖြစ် ဝယ် ယူကာပင်မှည့်ဈေးကွက်ကတော့တစ်ဖီး ၁၂၀၀ကျပ်မှ၁၅၀၀ကျပ် ထိဈေးကောင်း ရ လျက်ရှိကြောင်း သိရပါတယ်။ မုံရွာ ငှက်ပျောဈေးကွက်မှာ ညောင်ပင်ဝင်း ဒေသထွက် ခွံစိမ်း(သီးမွှေး)ငှက်ပျော၊ ဘရာဇီးငှက်ပျောများ ဝင်ရောက်မှုရှိ ပေမယ့် ဖီးကြမ်းငှက်ပျောဈေးကွက် ကတော့ ဒေသ သုံးစွဲမှုတိုးတက်လာတဲ့ အတွက် အရောင်းအဝယ်သွက်လက် ကောင်းမွန်နေရာ ငှက်ပျောတောင်သူ တွေကို စိုက်ဧကတွေတိုးချဲ့စေဖို့ တွန်းအားပေးလျက်ရှိပါကြောင်း ...........။ထွန်းလှိုင် - မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အထက် ပိုင်း ဟုမ္မလင်းမြို့နယ်လို့ဆို ရင် ရွှေတူးဖော် ရာ ဒေသအဖြစ် လူသိများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ် အတွင်း နေထိုင်ကြသူ အတော်များများ ဟာ ရွှေရှာဖွေတူးဖော် ခြင်းလုပ်ငန်းကို အမှီပြုပြီး၊ အရောင်းအဝယ်လုပ်ကိုင်ကာ လူ ဝင်လူထွက် စည်ကားရာ ဒေသ ကြီး တစ်ခုလည်းဖြစ်ပါတယ်။
ရွှေသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဒေသခံများအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်လည်း မပျက်စီး၊ ရွှေလုပ်ငန်းလို ဝင်ငွေကောင်းစေမဲ့ လုပ်ငန်းများကို စဉ်းစား လာကြပါတယ်။ နိုင်ငံတော်အကြီးအကဲမှလည်း ရော်ဘာဟာ စက်မှု ကုန်ကြမ်း နှစ်ရှည် ပင်တစ်မျိုးဖြစ်ပြီး၊ ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းများရဲ့ ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်သလို ပိုလျှံတဲ့ရော်ဘာများကို ပြည်ပကို နိုင်ငံခြား ငွေနဲ့ ရောင်းချပေးနိုင်တဲ့ အသုံးအများဆုံးလိုအပ်တဲ့ ပစ္စည်း ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုလက်မှုသုံးပစ္စည်း များမှာလည်း အသုံးများဈေးကွက်ဝင်ပစ္စည်း တစ်မျိုးဖြစ် ကြောင်း၊ စိုက်ပျိုးသူများအနေနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်တဲ့ အခွင့်အလမ်းဖြစ်လို့ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း၊ လူ နေမှု အဆင့်အတန်း မြင့်မားပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်နိုင် ကြောင်း၊ လမ်းညွှန်ချက်များ အရ ရော် ဘာ နှစ်ရှည်ပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အထိ ဧက ၉၈၀၀ ခန့် စိုက်ပျိုးထားရှိပြီးဖြစ် ပါတယ်။ ၎င်း တို့အနက် ဟုမ္မလင်းမြို့ နယ်မှာ ရွှေဖြူလွှမ်းမဲ့ ရော်ဘာစိုက်ခင်းဧက ၅၁၀၀ ကျော်မှာ ဖြစ်ထွန်းနေပြီး၊ အစေးခြစ် ဧက ၅၀ ခန့် အစေးလှီးထွက်ရှိနေ ပြီဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ ရွှေဝါမြေမှ ယခုအခါသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း တဲ့ရွှေဖြူ(ရော်ဘာ) ထုတ်လုပ်နိုင်တဲ့ ဟုမ္မလင်းမြို့နယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ စီးပွားလဲဖြစ်၊ နိုင်ငံတော်လည်း ဝင်ငွေတိုးတဲ့ ရော်ဘာစိုက်ပျိုးခြင်းနဲ့ ဒေသ နေ ပြည်သူများ၊ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးလျက် ရှိနေပါကြောင်း ..........။သက်နိုင် - ဟုမ္မလင်း
ဇွန်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၃ တန်ဖိုးရှိ ရော်ဘာ ၃၇၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသို့ MSR 20 ၁၆၁ တန် ကျော်နဲ့ မလေးရှား နိုင်ငံသို့ RSS 3 တန်၂၁၀တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက်တန် ၁၆၀ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။
ဇွန်လတစ်လ လုံးမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၃ ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ရော်ဘာRSS 3 ၈၉၄ တန်နဲ့ MSR 20 ၄၂၆ တန်၊စုစုပေါင်းတန်ချိန် ၁၃၂၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ မှ ဇွန်လအတွင်း ၁၇ ဒသမ ၀၇၉ ဒေါ်လာသန်းဖိုးရှိရော်ဘာ အဆင့်စုံ ၆၈၆၀ တန်ကျော် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေး မှာဈေးအနည်းငယ်ပြန်တက်လာပေမယ့် FOB ရော်ဘာပေါက်ဈေးကတော့ ကွာခြားမှုသိပ်မရှိတဲ့အတွက် ယခင်အပတ် ဈေးနှုန်း အတိုင်း RSS 1 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀-၂၄၀၀၊RSS 3 နဲ့ MSR 20 တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊RSS 5 နဲ့ MSR 50 တစ်တန်လျှင်ဒေါ်လာ၂၁၀၀-၂၂၀၀၊ MSR 10 တစ်တန်လျှင် ဒေါ်လာ၂၂၅၀-၂၃၅၀၊ Creep Rubber တစ်တန် လျှင်ဒေါ်လာ ၂၀၀၀-၂၁၀၀ ဖြစ်တယ် လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး (DCCA)