Main menu

Background

Tuesday, 9 May 2023

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၀၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၃၃၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၄၀ဝ၀ ခန့် တင်ပို့နိုင်သည်။

Tuesday, 25 Apr 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေစေပြီး နိုင်ငံတော်အတွက်လည်း အခွန်အခများရရှိစေရန် ရည်ရွယ်၍ မြိတ်ခရိုင်၊ မြိတ်မြို့၌ တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် နယ်စပ် ကုန်သွယ်မှုဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြိတ်ကုန်သွယ်ရေးစခန်းအား ၁၉၉၉ ခုနှစ်မှ စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။

Tuesday, 25 Apr 2023

နယ်စပ်တံခါး ဖွင့်လှစ်နိုင်ရေး အရှိန်မြှင့်လုပ် ဆောင်နိုင်ခြင်းနှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်၌ တည်ရှိသော တယ်ဟုန်တိုင်နှင့် ဂျိန်းဖော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့၌ ဤအတွေ့ အကြုံကောင်းများ အမြောက်အမြားရှိနေသည်။ ရွှေလီ၊ နယ်စပ်ဂိတ် စသည့် စကားလုံးများသည် ယူနန်၏ ကုန်သွယ်ရေးတံခါးဖွင့်မှုနှင့် ပတ်သက်၍ မပါမဖြစ်သော သော့ချက်စကားလုံးနှစ်ခု ဖြစ်ပေ သည်။

Tuesday, 25 Apr 2023

မတ် ၁ ရက် မှ ၃၁ ရက်ထိ ကာလ အတွင်း  တာချီလိတ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၃၅  သန်း၊ သွင်းကုန်  အမေရိကန် ဒေါ်လာ ၈ ဒသမ ဝ၅၄ သန်း ကုန်သွယ် မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၈၉ သန်းဖြစ်သည်။ ကာလ တူလုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက  ပို့ကုန်  အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၁၆ သန်း    လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၃၅ သန်း  ပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏအနေဖြင့်  တန်ဖိုး အမေရိကန်ဒေါ်လာ   ၆ ဒသမ ၂၈၀ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

Tuesday, 25 Apr 2023

နို့ဆီ

မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၉ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၁၄၀ဝ ကျော် တင်သွင်းခဲ့သည်။ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၃၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 

နို့မှုန့်

Monday, 24 Apr 2023

မတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၂၁၆၃၈၀ ကျော် တင်ပို့ခဲ့ခြင်းအား စုစည်းဖော်ပြလိုက်ပါသည်။

ပဲတီစိမ်း

Thursday, 30 Mar 2023

မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၀၂ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၂၈ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉၄ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၉ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 

Tuesday, 28 Mar 2023

ပြောင်း
မတ်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၅၂၁၀ဝ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၁၀သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၅၁၈၀ဝ ခန့်၊ ဖိလစ်ပိုင် နိုင်ငံသို့ ပြောင်း ၁၇၅ တန်နှင့် တရုတ်နိုင်ငံသို့ ပြောင်း ၁၂၅ တန် တင်ပို့ခဲ့သည်။

Pages