Main menu

Background

Monday, 28 Nov 2022

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၅၀ ကျော်  စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၃၅၀ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။  

Monday, 28 Nov 2022

ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော တစ်သျူးငှက် ပျော တင်ပို့မှုကို လေ့လာကြည့်ပါက နိုဝင်ဘာလ ပထမပတ်အတွင်း တန်ချိန် ၁၉၀ဝ၊ ယာဉ်စီးရေ  ၇၆ စီး အမှန်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး လွန်ခဲ့သော အောက်တိုဘာလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ငှက်ပျောတင်ပို့မှု ပိုမိုလာကြောင်း တွေ့ရှိရသည်။ ငှက်ပျောစိုက်ပျိုးသော ကုမ္ပဏီများထံ မေးမြန်းစုံစမ်းမှုအရ နိုဝင်ဘာလမှစတင်၍ တစ်သျူးငှက်ပျောထွက်ရှိသည့် ကာလသို့ ရောက်ရှိလာ ပြီဖြစ်သောကြောင့် နောင်ကာလများတွင် တစ်သျူးငှက်ပျောတင်ပို့မှု ပိုမို များပြားလာနိုင်ကြောင်း သိရှိရသည်။

Monday, 28 Nov 2022

နိုဝင်ဘာ ၅ရက်မှ ၁၁ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၉၀ဝ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၉၆၀ ကျော် တင်ပို့ ခဲ့ သည်။  တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၂၆၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန် သွယ်မှုမှ ရော်ဘာတန်ချိန် ၇၀ဝ တင်ပို့ခဲ့သည်။

Tuesday, 22 Nov 2022

၂၀၂၂ ခုနှစ်  အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန် ဒေါ်လာ ၁ဒသမ ၁၆၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၈ ဒသမ ၇၂၆ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၉ ဒသမ ၈၉၂ သန်းဖြစ်၍ ကာလတူ ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၉ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန် အမေရိကန်ဒေါ်လာ၂ ဒသမ ၄၈၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၈ သန်း ပိုမို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Friday, 11 Nov 2022

အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိ တစ်လတာအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၃၇၇ သန်းတန်ဖိုးရှိ  ပြောင်းတန်ချိန် ၁၇၄၉၇၀ ကျော် တင်ပို့ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန်ချိန် ၈၅၈၆၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၇၁၁၁၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၃၅၀ဝကျော်၊ သီရိလင်္ကာနိုင်ငံသို့ တန်ချိန် ၃၀ဝ၀၊ တရုတ်နိုင်ငံသို့ တန်ချိန် ၇၈၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၆၀ဝ ကျော်နှင့် ဟောင်ကောင်သို့ တန်ချိန် ၁၀ဝ နီးပါး တင်ပို့ခဲ့သည်။

Wednesday, 9 Nov 2022

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများအား တရုတ်နိုင်ငံသို့   နှစ်စဉ်တင်ပို့လျက်ရှိရာ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၉၆၀၃ ဒသမ ၉၅၅ တန်၊ တန်ဖိုး ၆၄ ဒသမ ၆၈၆ ဒေါ်လာသန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၄၁၉၃၉ ဒသမ ၁၇၅ တန်၊ တန်ဖိုး ၅၅ ဒသမ  ၉၁၃ ဒေါ်လာသန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၆၂၂၀ဝ ဒသမ ၅၉၈ တန်၊ တန်ဖိုး ၁၁၁ ဒသမ ၃၆၂ ဒေါ်လာသန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင် ၄၁၉၆ ဒသမ ၈၅ တန်၊ တန်ဖိုး ၇ ဒသမ ၁၁ ဒေါ်လာသန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ၃၆၇၀ ဒသမ ၇၅ တန်၊   တန်ဖိုး ၆ ဒသမ ဝ၁၆ ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

Tuesday, 1 Nov 2022

မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ   အစိုးရတို့အကြား G to G  MoUအရ    မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ်အား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်
အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်း ကျော်ကို စာချုပ်ချုပ်ဆို ရောင်းချသွား မည် ဖြစ်သည်။ထိုသို့  ဆန်တင်ပို့
ရောင်းချရာ တွင်   ကုန်ဝယ်သူဘက်မှ Third Party Inspection Team  အနေနှင့်   SGS  ကို ငှားရမ်းသုံးစွဲလျက်ရှိသည်။ ကုန်ရောင်း ချသူဘက်မှ ဆန်တင်ပို့ရောင်းချသည့်  လုပ်ငန်း

Wednesday, 12 Oct 2022

လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ထွက်ကုန် ထန်းလျက် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်မှတစ်ဆင့် ဝယ်လိုအား ဆက်တိုက်ရှိ လာခဲ့သည်။လက်ရှိ ဘဏ္ဍာနှစ် ပထမခြောက်လ (ဧပြီလမှ စက်တင်ဘာလအထိ) အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောကုန်သွယ်ရေးစခန်းနှင့် စစ်တွေ ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် မြန်မာ့ထန်းလျက် စုစုပေါင်းတန်ချိန် ၆၉ တန်ကျော် ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ အတွင်း ထန်းလျက် တင်ပို့မှုမရှိခဲ့ကြောင်းနှင့် ယခုဘဏ္ဍာနှစ် ပထမခြောက်လ အတွင်း ရခိုင်ပြည်နယ် နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထန်းလျက်တင်ပို့မှုမှ ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၃၆ သန်းဖိုး ရရှိခဲ့က

Wednesday, 12 Oct 2022

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၃၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၁၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၄၄ သန်း ဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၄ သန်း၊ သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂၂ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၆ သန်း ပိုမိုခဲ့သည်။ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်း ပိုမိုရခြင်းမှာ  ငါးရှဉ့်၊ ဆန်၊ ပဲတီစိမ်း

Thursday, 29 Sep 2022

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တင်ပို့မှု  တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၀၃ သန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၇ ဒသမ ဝ၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ယခုတစ်ပတ်အတွင်း ငါးရှဉ့်၊ ဆန်ကွဲ၊ ကဏန်း၊ ဝါ၊ ကွမ်းသီး၊ ဆန်၊ နနွင်းတက်(ရှမ်း)၊ ပရဆေး ကုန်ကြမ်းများ အများဆုံးတင်ပို့ခဲ့ပြီး လယ်ယာသုံး  နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်း များ၊ စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်

Pages