Main menu

Background

Friday, 30 Oct 2015

              ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ  အောက်တိုဘာ ၂၃ ရက်နေ့ဈေးနှုန်းအရ  ဖျာပုံပေါ်ဆန်း  လတ်စတစ်အိတ်ကို ၃၆၅၀ဝ ကျပ်၊ ထိပ်စ ၃၈၅၀ဝ ကျပ်၊ မြောင်းမြ/ပုသိမ် ပေါ် ဆန်းလတ်စ ၃၉၅၀ဝ ကျပ်၊ထိပ်စ ၄၁၀ဝ၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စတစ်အိမ် ၃၅၅၀ဝ ကျပ်၊ ထိပ်စ ၃၆၅၀ဝ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၈၀ဝ၀ ကျပ်မှ  ၅၀ဝဝဝ ကျပ်တို့ဖြင့် ဈေးဆက်ငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန်သို့ ဆန်ေ ချာ ပုံမှန်ဝင်နေသော်လည်း အဝယ်အေးနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်မပြတ်တာတွေ ရှိနေကြောင်း၊ ဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ် ၂၃၀ဝ၀ ကျပ်၊ ထိပ်စ ၂၅၀ဝ၀ ကျပ်၊ မိုးသုခ ၂၅၀ဝ၀ ကျပ်မှ ၂၆၀ဝ၀ ကျပ်၊ ရက် ၉၀ မီးကော

Monday, 7 Sep 2015

စက်တင်ဘာလဆန်းအတွင်း ပြည်ပဲဈေးကွက်သို့ ကုလားပဲသီးနှံ အနည်းငယ်ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲများ ရှိတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ခွဲစက်သမားများအဓိကထား ဝယ်ယူကြတာကြောင့် တစ်ရက်အိတ် ၄၀၀ ကျော်ထိ ဝယ်ယူမှုရှိကာ ဒေသတွင်း ဝယ်လက်သာတဲ့ပဲများထဲမှ ပဲကြီးသီးနှံထက် ပိုအရောင်းအဝယ်သွက်ခဲ့တာကို တွေ့ရပါတယ်။

Monday, 7 Sep 2015

ဟင်္သာတမြို့   ကုန်သွယ်မှုမြှင့် တင်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ     ဦးလှိုင် ထွဋ်နဲ့အဖွဲ့က   ဟင်္သာတမြို့ပေါ်ရှိ ဆန် အရောင်းအဝယ် ဖောက်ကားမှု များ ပြားပြီး   ဆန်ကြီး  နှစ်ဆိုင်ဖြစ်သော ဦးတင်ရီပိုင် နေလဆန်ဆိုင်နဲ့ ဦးထူးထူး ပိုင် ထူးထူးဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဈေးကွက်အခြေအနေများကို မေး မြန်းခဲ့ပါတယ်။

Monday, 7 Sep 2015

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  လက် ကားဆန်ဈေးကွက်မှာ စက်တင်ဘာလ ၄ ရက်နေ့  ဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၇၀၀၀ ကျပ်ဈေးတို့ဖြင့် ဈေးငြိမ်နေသော်လည်း နယ်စုံပေါ် ဆန်းထိပ်စ ၃၈၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း လတ်စ ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၈၅၀၀ ကျပ်မှ ၅၀၅၀၀ ကျပ်ဖြစ်ခဲ့လို့  ယခင်တစ်ပတ်ထက် တစ်အိတ် လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေးဆက် ကျလာတာ တွေ့ရပါတယ်။

Thursday, 3 Sep 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာမှာ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံလုံချည်နှင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကြိုက်နှစ်သက်သော ဝတ်စုံရက်လုပ်မှုလုပ်ငန်းဖြင့်အသက်မွေး လုပ်ကိုင်သူ ၁၂၅ ဦးရှိပါတယ်။မြန်မာအမျိုးသမီးများအတွက်ဆိုရင် ၇၅ လက်မကွင်း  အကျယ်တစ်ထည် ၁၂၀၀၀ ကျပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြိုက် ၆၀ လက်မ ကွင်းအကျယ် လုံးစောင်းတစ်ထည် ၁၅၀၀၀ ကျပ်၊ ထူးတစ်ထည် ၅၀၀၀၀ ကျပ်နှင့် ချင်းရိုးရာ (ဆင်သဲနသီး)  ၆၀ လက်မ (ကွင်းကျယ်) ၁၅၀၀၀ ကျပ်ရောင်းချရကြောင်း သိရှိခဲ့ရပါတယ်။ရက်ကန်းရက်လုပ်ခအဖြစ် တစ်ထည်လျှင် ကျပ်၇၀၀၀ ပေးရပြီး နှစ်ရက်ကြာအောင်ရက်လုပ်ရကြောင်းနှင့် ရက်ကန်း

Wednesday, 2 Sep 2015

ပီးခဲ့တဲ့ သြဂုတ်လ  လဆန်းပိုင်းက ဒိုင်မှာ ပဲလက်ကျန် နည်းပြီး  Export    ဝယ်လက်ဝယ်လိုအားကောင်းခဲ့လို့ စိမ်းကြီး ဈေးမှာ တစ်တင်း ၄၁၀၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပြီး ယခုတစ် ပတ် မိုးပဲတီအသစ်တွေ ပေါ်ချိန်မှာတော့ တစ် တင်း ၃၄၀၀၀ ကျပ်ထိ ဈေးကျဆင်းသွားတာ တွေ့ရပါတယ်။မုံရွာခရိုင် လေးမြို့နယ်မှာတော့ ရာသီဥတုအခြေအနေ အရ မိုးကြိုပဲတီကို ရေသွင်းစိုက်ပျိုးမှုများပြားခဲ့ရာ ၁၇၂၈၅ ဧက လျာထားတဲ့အနက် ဧက ၂၃၈၅၀   အမှန်စိုက်နိုင်ခဲ့ လို့ ဧက ၆၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်လို့ အချက်အလက် တွေအရ သိရပါတယ်။ယခုအခါတွင် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုး မှုနောက် ကျခဲ့ရာ လျာထားဧက  ၇၃၅၅၀ အနက် ၂၃၆၆၂ ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ဆက်လက

Wednesday, 2 Sep 2015

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးကွက်မှာ သြဂုတ်လ ၂၈ ရက်နေ့ဈေးနှုန်းများ အရ ဖျာပုံပေါ်ဆန်း လတ်စတစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်းလတ်စ ၃၇၀၀၀ ကျပ်၊ ရွှေဘိုပေါ် ဆန်းဈေးနှုန်း ၄၉၀၀၀ ကျပ်မှ ၅၁၀၀၀ ကျပ်ဖြစ်ခဲ့ကြလို့   ယခင်တစ်ပတ် ထက် ဆန်ချောတစ်အိတ်ကို ၅၀၀ ကျပ်ခန့်ဈေးပြန်ကျခဲ့တာ တွေ့ရပါတယ်။ဆန်ချောအဝင်ပုံမှန်ရှိနေသော် လည်း   အချောအဝယ် အနည်းငယ်ဆိုင်းနေလို့  ဆန်ချောဈေး  အနည်းငယ်ကျရခြင်း ဖြစ်ကြောင်း၊ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ   လတ်စတစ်အိတ် ၂၁၀၀၀ ကျပ်၊ ထိပ်စ ၂၃၀၀၀ ကျပ်၊ မိုးသုခဈေးနှုန်း ၂၃၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ မီးကောက် ၂၄၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ ဆင်းသွယ်လတ် ၂၅၀၀၀ ကျပ်မှ ၂၆၅၀၀ ကျပ

Wednesday, 2 Sep 2015

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ပေါ်ရှိ ဆန်ဈေးကွက်မှာ သြဂုတ်လ ပတမပတ်ရေမကြီးမီဆန်ဈေးနဲ့ ဒုတိယ ပတ် ၁၀ ရက်ခန့် ရေကြီးချိန်ဈေးနှုန်းမြင့် တက်သွားရာမှ   ယခုစတုတ္ထပတ်တွင် ဆန်ဈေးနှုန်း    ပြန်လည်ကျဆင်း၍ အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ သြဂုတ်လ ပထမပတ်အတွင်းရေမကြီးမီ ဧရာဝတီပေါ်ဆန်း    ဆန်တစ်အိတ်ကို ၄၀၀၀၀ ကျပ်၊ ၄၁၀၀၀ ကျပ်၊ ပေါ်ဆန်း ရင် ဆန်တစ်အိတ်   ၃၈၀၀၀ ကျပ်၊ ၃၉၀၀၀ ကျပ်၊  မနောသုခ၊ မျိုးပွား၊ မီး ကောက်ဆန်  တစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ ၁၉၅၀၀ ကျပ်၊ သီးထပ်ရင် ဆန် တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ ၁၈၅၀၀ ကျပ်ဖြင့်   ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။

Wednesday, 26 Aug 2015

       ရာသီဥတုက   အနည်းငယ်ပြန်ပြီး ကောင်းမွန်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ သီးနှံတွေလည်း  အဝင်လှိုင်လာပါတယ်။ ချင်းဥမလည်း ပုံမှန်အဝင်ရှိ နေပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပဝယ်လက်တွေ  မရှိသေးပါဘူး။ စစ်တွေ၊ တောင် ကုတ်လမ်းကလည်း မကောင်းသေးတာကြောင့် ဝယ်လက်တွေကလည်း သိပ်ပြီး မဝယ်ကြသေးဘူးလို့ သိရပါတယ်။

Wednesday, 26 Aug 2015

      သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် လ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မန် ကျည်း ၁၉၄ ဒသမ ၀၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုမှာ ၇၅ တန်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် ၁၁၉ တန် တင်ပို့မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၄၈၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Pages