မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ စတုတ္ထပတ်တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ တစ်ပိဿာဈေး နှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် ၈၈၃၀-၉၀၇၀၊ နှမ်းနီ ကျပ် ၈၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၉