Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

တစ်မိုး နှစ်သီး စပါးထွက်ရှိမှုနှင့် ဝယ်လိုအား ရရှိမှုအပေါ် တောင်သူများ ဈေးကွက်ရရှိ

Mon, 09/11/2023 - 14:34 -- journal_editor

အူပင်ခရိုင် မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာသည် မအူပင်- ကျိုတ်လတ်ကားလမ်းမဘေးတွင် တည်ရှိပြီး စပါးစိုက်ပျိုးမှုတွင် ယခင်က ရေနက်ကွင်းများဖြစ်သောကြောင့် စပါးစိုက်ပျိုးမှု အခက် အခဲဖြစ်ခဲ့သည်။
မအူပင်-ကျိုတ်လတ်  ကားလမ်းမဘေးရှိ  ညောင်ဝိုင်း၊ အိုင်ဝိုင်း၊ အလန်းကြီး၊ မင်းဘော၊ ကျုံစုတ်နှင့် တာပါတ် အနောက် ကျေးရွာများသည် ယခုအခါတွင် ရေနက်ကွင်းများ၌ ဧပြီ၊ မေလ များတွင် မိုးစရွာပြီး  မြေဆီစိုသည့်အချိန်တွင်  ျွွှ ၁၁ စပါးမျိုး၊ ဆင်းသုခစပါးမျိုး၊ မနောသုခ စပါးမျိုးနှင့် ပြည်တော်ယဉ်စပါးမျိုး များကို စတင်စိုက်ပျိုးခဲ့သည်။

နွေစပါးများ အထွက်နှုန်းကောင်း၍ အကျိုးအမြတ်များဖြစ်ထွန်း

Mon, 09/11/2023 - 10:32 -- journal_editor

ပြည်ခရိုင်ရှိ နွေစပါးများမှာ ယခုစက်တင်ဘာလဆန်းတွင် ၁၅၁၀ဝ၀ဝကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။  နွေစပါးဈေးများမှာ   ယခင်နှစ်ဖြစ်သော  ၂၀၂၂ ခုနှစ်  စက်တင်ဘာလတွင် ကျပ် ၁၁၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ 

နွေစပါးများရိတ်သိမ်းပြီး မိုးစပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိ

Wed, 08/30/2023 - 15:47 -- journal_editor

မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံခရိုင်   မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဆောင် ရွက်သော ဒေသဖြစ်ရာ စပါးကိုအများ ဆုံးစိုက်ပျိုးကြသည်။    ၂၀၂၂-၂၀၂၃ ခုနှစ်အတွက်  နွေစပါး ၄၇၉၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လဆန်းပိုင်းမှစတင် ရိတ်သိမ်းလျက်ရှိရာ ဇူလိုင်လကုန်အထိ ၃၈၃၀ ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက် နှုန်း ၁၀၃ ဒသမ ၂၃ တင်းဖြင့် အထွက် စုစုပေါင်း ၃၉၅၄၁၈၁ တင်း ထွက်ရှိခဲ့ သည်။ ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် မိုး စပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိရာ  ၇၇၉၃ ဧက   စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏    စာရင်းများအရ သိရှိရသည်။

မတ်ပဲဈေး အတက်နှင့် ဈေးကွက် အလားအလာ

Mon, 08/14/2023 - 10:20 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများမှာ ပြီးခဲ့ သည့်  ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက တစ်တင်းဈေးနှုန်း ကျပ် ၇၅၀ဝ၀ အောက်သို့  ရောက်ရှိနေခဲ့ရာမှ   ဇူလိုင်လကုန်ရက်အတွင်း မှစတင်၍ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း တွေ့ရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇူလိုင် ၃၁ ရက်တွင် တစ်တင်းဈေးနှုန်း ကျပ် ၇၆၀ဝ၀၊ သြဂုတ် ၂ ရက်တွင် ကျပ် ၇၆၅၀ဝ၊  ၃ ရက်တွင် ကျပ် ၇၇၀ဝ၀၊  ၄ ရက်တွင် ကျပ် ၇၇၆၀ဝ၊ ၅ ရက်တွင် ကျပ် ၇၇၀ဝ၀၊ ၇ ရက်နေ့တွင် ကျပ် ၇၆၅၀ဝ အသီးသီး ဖြစ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်း၊ မြေပဲ ထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 08/14/2023 - 10:13 -- journal_editor

မန္တလေးတိုင်းဒေသကြီး     ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်  သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကို အဓိကထားစိုက်ပျိုးကြ သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ ၁၂၉၇၀၃ ဧက   စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၃ ဒသမ ၉၄ တင်းနှုန်းဖြင့် တင်းပေါင်း  ၅၁၁၀၃၀ တင်း ထွက်ရှိခဲ့ပြီး ဆောင်း နှမ်းစိုက်ဧကမှာ ၁၇၄ ဧကစိုက်ပျိုးနိုင်ခဲ့သည်။ တစ် ဧက   ပျမ်းမျှအထွက်နှုန်း မှာ ၄ ဒသမ  ၆၉ တင်း နှုန်းဖြင့် အထွက်တင်းပေါင်း ၈၁၆ တင်း ထွက်ရှိခဲ့ ကြောင်း  သိရှိရသည်။  မိုးနှမ်းကို နှစ်စဉ်  ဇွန်လ မိုးဦးကျချိန

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 06/05/2023 - 12:53 -- journal_editor

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ နတ်မောက်ဆည်၊ ပုလင်း ဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးကို စိုက်ပျိုးပြီး ပိုလျှံသောဆည်ရေသောက်ဖြင့် နွေနှမ်းများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။  ဆီထွက်သီးနှံကို နွေ၊ မိုး၊ ဆောင်းရာသီပတ်လုံး စိုက်ပျိုးကြကြောင်း၊ မြို့သစ်မြို့နယ်တွင်  စိုက်ပျိုးထားရှိသည့် နွေနှမ်းများမှာ နှမ်းနက်(ခေါ်)စမုံနက်နှမ်းမျိုးဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လ ဆန်းပိုင်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မြို့သစ်မြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ဧက

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံနှင့် ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Mon, 06/05/2023 - 11:17 -- journal_editor

မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိ သော လယ်ယာထွက်ကုန်သီးနှံများထဲမှ ဂျုံဖြူသန့် ဈေးငြိမ်၍ ဃဏပြောင်း ဖူးစေ့နှင့် ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး ပဲတီစိမ်း သေး၊ ပဲစင်းငုံ၊ ပဲနီလုံးကျား၊ ပဲကြီး၊ မတ်ပဲ၊ ၉၂၉၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲ ဖြူလုံးကြီး ဈေးနှုန်းများ မြင့်တက်သွားသည်။ မေလကုန်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၅၃၅၀ဝ၊ ပဲစင်းငုံ ကျပ် ၉၂၀ဝ၀၊ မတ်ပဲ  ကျပ် ၇၄၀ဝ၀၊ ပဲတီစိမ်း (ကြီး)  ကျပ် ၆၀ဝ၀ဝ-၄၅၀ဝ၀၊ ပဲတီစိမ်း(သေး)ကျပ် ၄၄၀ဝ၀၊ ပဲနီလုံးကျား ကျပ် ၅၀ဝ၀ဝ နှင့် ပဲကြီးတစ်တင်းလျှင်  ကျပ် ၉၁၀ဝ၀  ပေါက်ဈေးရှိသည်။

တောင်ငူခရိုင် နွေစပါးနှင့် ပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းအခြေအနေ

Tue, 05/23/2023 - 11:41 -- journal_editor

နွေစပါး    
ပဲခူးတိုင်းဒေသကြီး  တောင်ငူ ခရိုင်  တောင်ငူမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး ၁၇၈၉၁ ဧက ရှိရာ အထွက်ကောင်းစပါးမျိုးများ ဖြစ်သော ထိုင်းနှံကောက်၊ နယူးဧရာ- ၁၂၊  ဆင်းသုခ၊ ရက် ၉၀ မျိုးများကို စိုက်ပျိုး ကြသည်။
ဇန်နဝါရီလတွင်   စိုက်ပျိုးထား သည့်  နွေစပါးများသည်   ယခုအခါ စတင်ရိတ်သိမ်းနေပြီဖြစ်သည်။ တောင်ငူ မြို့နယ် ကြံတောကျေး ရွာမှ တောင်သူ ဦးနိုင်ဦးသည်  ထိုင်းနှံကောက်စပါးများ ကို စိုက်ပျိုးထားရာ မေ ၁၀ ရက်က စတင်ရိတ်သိမ်းခဲ့ပြီး   အထွက်နှုန်းမှာ တင်း ၁၀ဝ ခန့် ထွက်ရှိကြောင်း သိရ သည်။

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲစဉ်းငုံစျေးအနည်းငယ်ကျဆင်း

Tue, 12/01/2020 - 14:03 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀ နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာတစ်တင်းလျှင်၂၅၀ဝ၀ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း