Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ပခုက္ကူခရိုင်ဒေသထွက် ကြက်သွန်နီများ ဈေးကောင်းရနေ

Mon, 11/04/2024 - 16:13 -- journal_editor

ပခုက္ကူခရိုင်  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မ၊ ရေပြာနယ်များတွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများနှင့် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ ယခုအချိန်တွင် ဆောင်းစိုက် (ပင်စိုက်) ကြက် သွန်နီမှာ လက်ကျန် နည်းနေပြီး မိုးစိုက်(ဥစိုက်)များ စတင်စိုက်ပျိုး လျက်ရှိသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ် သာမက အခြားမြို့နယ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ   ပုလဲ၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သာနယ်ထွက် ကြက်သွန်နီများလည်း  ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ 

ပြည်ခရိုင်အတွင်းမှ အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ

Mon, 10/07/2024 - 13:13 -- journal_editor

ပြည်ခရိုင်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ် တွင် ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ဆန်ဆိုင်နှင့် ဆန်ပွဲရုံများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။ ဆီဈေး နှုန်းအနေဖြင့် ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ နှင့် စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးရှိသည်။ 

ပုသိမ်မြို့ ဆန်စပါးဈေးကွက် အောက်တိုဘာလ ဆန်ဈေးနှုန်း အတက်အကျဖြစ်

Mon, 10/07/2024 - 13:12 -- journal_editor

ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် စက်တင်ဘာလအတွင်း ပေါ်ဆန်း စပါးဈေး တစ်တင်း ကျပ် ၂၈၅၀ဝ ဆန်တစ်အိတ် ကျပ် ၁၁၈၀ဝ၀ ၊ ဧည့်မထ မိုးမနောသုခ မျိုးပွားစပါး တစ်တင်း ကျပ် ၂၀၈၀ဝ  ဆန်တစ်အိတ်ကျပ် ၈၀ဝ၀ဝ၊ နွေသီးထပ်ရင်စပါး တစ်တင်း ကျပ် ၁၅၇၄၀  ဆန် တစ်အိတ်ကျပ် ၇၂၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရ သည်။

သန်လျင်မြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Mon, 10/07/2024 - 12:02 -- journal_editor

သန်လျင်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစား အလိုက် အောက်တိုဘာလ ပထမပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀ ထိ၊ ဧရာဝတီ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၃၀ဝ-၅၅၀ဝ၊ ငစိန်အုပ်စု ပုသိမ်ရာကျော် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀-၃၂၀ဝ၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် ကျပ် ၇၀၅၀၊ ယခုတစ်ပတ်တွင် ကျပ် ၆၉၂၀ ဖြင့် ဈေးနှုန်း  အနည်းကျဆင်းလျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် လည်းကောင်း၊ ကြက် သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၃၃၀ဝ၊ ကြက်သွန် ဖြူ(ကြက်ကုတ်) တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ၀ ၊ ရိုးရိုးဆားတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀၊ ငရုတ်တောင့်(အပု) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊

နှမ်းသီးနှံမှတစ်ဆင့် စားသုံးဆီသို့

Mon, 09/02/2024 - 10:46 -- journal_editor

နှမ်းသီးနှံကို လူအများက နှမ်းဆီကြိတ်၍ စားသုံးကြသလို နှမ်း သီးနှံအတိုင်းကို လိုအပ်သလိုပြုလုပ်၍ စားသုံးကြသည်။ နှမ်းသီးနှံ ကို ဆီကြိတ်၍ စားသုံးလျှင် ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေ သည်။ နှမ်းသီးနှံတစ်တင်းကို ဆီကြိတ်လျှင် ဆီခြောက်ပိဿာခန့်ထွက် ရှိပြီး နှမ်းဖတ်ငါးပိဿာခန့် ထွက်ရှိသည်။ နှမ်းကို ဆီကြိတ်ရာတွင် နှမ်းနီကို အဓိကထား၍ ဆီကြိတ်ကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကို ဆီကြိတ်ကြသည်။ နှမ်းနီကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းကောင်းပြီး နှမ်းနက်ကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းနည်းပြီး ဆီအရောင်မှာ အနည်းငယ် မည်းတတ်သည်။ နှမ်းနီမှထွက်ရှိသောဆီမှာ စားသုံးရန် သင့်တော်ပြီး  နှမ်းနက်မှထွက်ရှိသော  

ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ဆီထွက်သီးနှံဈေးများ ဆက်လက်မြင့်တက်

Tue, 08/06/2024 - 14:49 -- journal_editor

ဇူလိုင်လအတွင်း ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန်ဈေးများ မြင့် တက်လာခဲ့သည်။ မိုးနှမ်းနှင့် မိုးမြေပဲများ စိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်းလည်း လာ ရောက် ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 

မိတ္ထီလာခရိုင်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း

Tue, 08/06/2024 - 14:23 -- journal_editor

မိတ္ထီလာခရိုင် မိတ္ထီလာမြို့ရှိ မြို့မ ဈေးကြီးတွင် လူသုံးကုန်၊ စားသောက် ကုန်များ  လက်လီလက်ကားရောင်းချ လျက်ရှိသည်။  ဇူလိုင်လ   စတုတ္ထပတ် အတွင်း   ဖြစ်ပေါ်နေသော  အခြေခံ  စားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း တစ်ပြည် ကျပ် ၆၅၀ဝ၊ မနော သုခ တစ်ပြည်   ကျပ် ၂၇၀ဝ-၃၃၅၀   ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အခြေခံစားကုန်များ၏    တစ်ပိဿာ ဈေးနှုန်းများမှာ  စားအုန်းဆီ  ကျပ်  ၆၀ဝ၀၊  မြေပဲဆီ တစ်ပိသာလျှင် ကျပ် ၁၆၀ဝ၀-၁၇၀ဝ၀၊  နှမ်းဆီ တစ်ပိဿာ လျှင် ကျပ် ၁၄၅၀ဝ-၁၆၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကုလားပဲဆန် တစ်ပိဿာ ကျပ် ၆၂၀ဝ၊ ကြက်သွန်နီ  လက်လီတစ်ပိဿာ  ကျပ် ၂၂၀ဝ၊ ကြက်သွန်ဖြူ  တစ်ပိ

ပြည်မြို့၏ မန်ကျည်းသီးစိမ်း ဈေးကွက်နှင့် နနွင်းတက် ဈေးနှုန်းဈေးကွက်

Tue, 08/06/2024 - 14:21 -- journal_editor

ယခုအချိန်တွင် မိုးရာသီ  ရောက်ရှိနေပြီဖြစ်သည့် အတွက် ရာသီစာဖြစ်သော မန်ကျည်းသီး စိမ်းများ ဈေးကွက် သို့  ဝင်ရောက်နေပြီဖြစ်သည်။   မန်ကျည်းသီးစိမ်းများကို ပြည်မြို့နယ် အနီးတစ်ဝိုက်ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်တစ်ဖက်ကမ်းရှိ ရွှေဘုံသာ၊ ငွေဘုံသာကျေးရွာ များမှ ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြသည်။ 
ပြည်ဈေးကွက်အတွင်းတွင် ရောင်းချသော မန်ကျည်း သီးစိမ်းဈေးများမှာ ယခင်နှစ်တွင် ၁၀ ကျပ်သားလျှင် ကျပ် ၆၀ဝ-၇၀ဝ ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ် ဇူလိုင်လနောက်ဆုံး ပတ်တွင် ၁၀ ကျပ်သားလျှင်  ကျပ် ၁၂၀ဝ ဖြင့်ရောင်းချနေ ကြောင်း သိရသည်။ 

ကြီးပင်ကန်ကျေးရွာတွင် နွေနှမ်းများ စတင်ထွက်ပေါ်လျက်ရှိ

Tue, 08/06/2024 - 14:19 -- journal_editor

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကြီးပင် ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် တောင်သူများအနေဖြင့် နွေနှမ်း ဧက ၃၀ဝ ကျော်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ထွန်ကြောင်းဆွဲအစေ့ချ စနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးကြောင်း သိရသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း