တရုတ်ကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူဂယက်
ကြက်သွန်ဖြူသည် ရှမ်းပြည်နယ်၏ အဓိကထွက်ကုန်တစ်မျိုးဖြစ်သည်။ မြန်မာကြက်သွန်ဖြူ ဈေးကွက်တွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)နှင့် ရှမ်းကြက်သွန်ဖြူတို့ အားပြိုင်နေကြသည်။ မြန်မာ နိုင်ငံ ကြက်သွန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အရည်အသွေးနှင့်ဈေးနှုန်းအရ ဈေးကွက်ဝေစု ၃ ပုံ ၂ပုံ နှင့် တရုတ် ကြက်သွန်ဖြူ(ကြူကုတ်)သည် ဈေးကွက်ဝေစု ၃ပုံ ၁ပုံခန့် ရရှိနေသည်။