၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် မြိတ်ကုန်သွယ်ရေးစခန်း
မြိတ်ကုန်သွယ်ရေးစခန်းသည် မြန်မာ့ပို့ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံတို့အပြင် အဆိုပါ နိုင်ငံများမှတစ်ဆင့် တရုတ်နိုင်ငံတို့သို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။