မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ
သြဂုတ် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၁၆ သန်း၊ သွင်းကုန်တန်ဖိုးအမေ ရိကန် ဒေါ်လာ သုည ဒသမ ၅၉၀ သန်း ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၆ သန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း တွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၇ သန်းပိုမိုခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ သုညဒသမ ၉၀၈ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။