မေလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းကျော် တင်ပို့
ဆန်
မေ ၁ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၀ဝ၀ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၇၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၃၃၄၀ ကျော်၊ အာဖရိကနိုင်ငံများ ဆန်တန်ချိန် ၂၀၅၈၀ တင်ပို့သည်။