ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု အခြေအနေ
ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉၉၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၈၅၉ သန်း၊ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၈၅၃ သန်းဖြစ်သည်။ ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၃၂၅ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆၄၁ သန်း ပိုမိုခဲ့သဖြင့် ကုန် သွယ်မှု ပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၁၁၇ ဒသမ ၉၆၆ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ ပို့ကုန်ပိုင်းတွင် ကာလတူထက် ဆန်ကွဲ၊ ပဲလွမ်း ဖြူ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ပဲယင်း