ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတင်သွင်းမှုအခြေအနေ
ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၁၀ဝ ခန့်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၆၀ဝ ခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။