မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ
မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၅၇၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ဒသမ ၅၁၇ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ဝ၉၅ သန်းဖြစ်ပြီး ယခင်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၇ သန်း လျော့နည်း တင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ၂၃၉ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။