Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 08/14/2023 - 11:21 -- journal_editor

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ  ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၅၇၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ဒသမ ၅၁၇ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄  ဒသမ ဝ၉၅ သန်းဖြစ်ပြီး ယခင်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၇ သန်း လျော့နည်း တင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ၂၃၉ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။

ဇူလိုင်လအတွင်း ရော်ဘာနှင့်ပြောင်း တင်ပို့မှုအခြေအနေ

Mon, 08/14/2023 - 11:19 -- journal_editor

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၆ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၁၀ဝကျော်တင်ပို့ခဲ့သည်။  ရော်ဘာ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၃၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။ 

ဇူလိုင်လအတွင်း နို့ဆီ၊ နို့မှုန်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 08/14/2023 - 10:59 -- journal_editor

ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၂၀ဝ၀ ကျော်  ထိုင်းနိုင်ငံမှ  တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေ ကြောင်းမှ နို့ဆီ တန် ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၈၀ဝ ကျော်  တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ဆန်နှင့်ဆန်ကွဲ တန်ချိန် ငါးသောင်းခုနစ်ထောင်ခန့်တင်ပို့

Mon, 08/14/2023 - 10:10 -- journal_editor

ဇူလိုင် ၁ရက်မှ ၃၁ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၁၀ဝ၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်  တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ ဆန်တန်ချိန် ၁၃၇၈၀ ကျော်နှင့် အာရှနိုင်ငံများသို့  ဆန်တန်ချိန် ၇၂၄၀ ကျော် တင်ပို့နိုင်ခဲ့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများအနက် ဆန်တင်ပို့သော နိုင်ငံ များမှာ စပိန်နိုင်ငံသို့၂၂၄၀ တန်၊ ပိုလန် နိုင်ငံသို့ ၁၅၅၀တန်၊  တူကီယေးနိုင်ငံသို့ ၁၅၀ဝတန်၊     နယ်သာလန်နိုင်ငံသို့ ၁၂၅၀ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၁၃၀၉ တန်၊   ပေါ်တူဂီနိုင်ငံသို့ ၁၁၀ဝတန်၊ အီတလီနိုင်ငံသို့  ၁၀၆၀ ကျော

ယခုတစ်ပတ် ပြောင်းနှင့်ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်ကျော်ရရ

Mon, 07/31/2023 - 12:16 -- journal_editor

ပြောင်း
ဇူလိုင် ၁၅ ရက်မှ  ၂၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်‌ဒေါ်လာ ၁၀ ဒသမ ၄၃၀ သန်းတန်ဖိုးရှိ ပြောင်းတန် ချိန် ၃၄၅၁၀ ကျော်  တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများမှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန်    ၃၄၀၂၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၉၀ တင်ပို့ခဲ့သည်။

ယခုတစ်ပတ်အတွင်း နို့ဆီနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 07/31/2023 - 11:50 -- journal_editor

နို့ဆီ
ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ သုည ဒသမ ၆၃၉ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့ သည်။  တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ  ကြောင်းမှ နို့ဆီတန်ချိန် ၃၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန် တစ်သောင်းလေးထောင်ကျော်တင်ပို့

Mon, 07/31/2023 - 11:27 -- journal_editor

ဇူလိုင်  ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း  ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းမှ  အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၅၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၀၄၀ ကျော်  တင်ပို့ခဲ့ကြောင်း သိရ သည်။  ဆန်တင်ပို့မှုအနေဖြင့်  အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန် ၄၀၉၇ တန် နှင့် အာရှနိုင်ငံများသို့ ဆန် ၁၉၅၀ ခန့် တင်ပို့ခဲ့သည်။

ဇွန်လ တတိယပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါး ပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 07/03/2023 - 12:21 -- journal_editor

ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်း  ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၅၉၀ သန်း  တန်ဖိုးရှိ နို့ဆီ တန်ချိန် ၄၀ဝ ကျော်  တင်သွင်းခဲ့ သည်။  တင်သွင်းမှုများအနေဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၂၅၀ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက  ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း