Main menu

Background

ကုန်သွယ်ရေးသတင်း

ဆန်နှင့် ဆန်ကွဲ တန်ချိန် ခြောက်သောင်းတစ်ထောင်ကျော် တင်ပို့

Mon, 09/11/2023 - 10:27 -- journal_editor

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ဝ၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၈၇၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု

Thu, 08/31/2023 - 11:11 -- journal_editor

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု‌သေဂုတ် ၁၂ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာနှင့် ပြောင်းတင်ပို့မှုများကို စုစည်းဖော်ပြလိုက်ပါသည်။
ရော်ဘာ

နို့မှုန့်နှင့်ဆေးဝါးပစ္စည်များတင်သွင်းမှုအခြေအနေ

Wed, 08/30/2023 - 16:16 -- journal_editor

နို့မှုန့်
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀  သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၀ဝ  ကျော်  တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့မှုန့်တန်ချိန် ၂၂၀ ကျော် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု အ‌ခြေအနေ

Mon, 08/14/2023 - 11:24 -- journal_editor

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉၉၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၈၅၉ သန်း၊ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၈၅၃ သန်းဖြစ်သည်။ ကာလတူ  လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး   အမေရိကန်ဒေါ်လာ   ၃၆ ဒသမ ၃၂၅ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆၄၁ သန်း  ပိုမိုခဲ့သဖြင့် ကုန် သွယ်မှု ပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၁၁၇ ဒသမ ၉၆၆ သန်း ပိုမိုခဲ့ကြောင်းသိရသည်။  ပို့ကုန်ပိုင်းတွင် ကာလတူထက် ဆန်ကွဲ၊ ပဲလွမ်း ဖြူ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ပဲယင်း

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 08/14/2023 - 11:21 -- journal_editor

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ  ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၅၇၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ဒသမ ၅၁၇ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄  ဒသမ ဝ၉၅ သန်းဖြစ်ပြီး ယခင်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၇ သန်း လျော့နည်း တင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ၂၃၉ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။

ဇူလိုင်လအတွင်း ရော်ဘာနှင့်ပြောင်း တင်ပို့မှုအခြေအနေ

Mon, 08/14/2023 - 11:19 -- journal_editor

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၆ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၁၀ဝကျော်တင်ပို့ခဲ့သည်။  ရော်ဘာ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၃၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။ 

ဇူလိုင်လအတွင်း နို့ဆီ၊ နို့မှုန်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 08/14/2023 - 10:59 -- journal_editor

ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၂၀ဝ၀ ကျော်  ထိုင်းနိုင်ငံမှ  တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေ ကြောင်းမှ နို့ဆီ တန် ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၈၀ဝ ကျော်  တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ဆန်နှင့်ဆန်ကွဲ တန်ချိန် ငါးသောင်းခုနစ်ထောင်ခန့်တင်ပို့

Mon, 08/14/2023 - 10:10 -- journal_editor

ဇူလိုင် ၁ရက်မှ ၃၁ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၁၀ဝ၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်  တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ ဆန်တန်ချိန် ၁၃၇၈၀ ကျော်နှင့် အာရှနိုင်ငံများသို့  ဆန်တန်ချိန် ၇၂၄၀ ကျော် တင်ပို့နိုင်ခဲ့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများအနက် ဆန်တင်ပို့သော နိုင်ငံ များမှာ စပိန်နိုင်ငံသို့၂၂၄၀ တန်၊ ပိုလန် နိုင်ငံသို့ ၁၅၅၀တန်၊  တူကီယေးနိုင်ငံသို့ ၁၅၀ဝတန်၊     နယ်သာလန်နိုင်ငံသို့ ၁၂၅၀ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၁၃၀၉ တန်၊   ပေါ်တူဂီနိုင်ငံသို့ ၁၁၀ဝတန်၊ အီတလီနိုင်ငံသို့  ၁၀၆၀ ကျော

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း