မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့တွင် ကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်(၁၉) ရောဂါ ပိုး တွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ် အား ၃၀-၃-၂၀၂၁ ရက်တွင် လည်းကောင်း၊ ကျင်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်း ဂိတ်ကို ၈-၇-၂၀၂၁ ရက်တွင် လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်မှ ၁၈-၄-၂၀၂၁ ရက်မှစ၍ တင်ပို့/တင်သွင်း ခြင်း ကိုယာယီရပ်ဆိုင်း ခဲ့သည်။ မြန်မာဘက်ကလည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှု ကြောင့် ၆-၁၀-၂၀၂၁ ရက်မှစ၍ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်း များ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့သည်။