Background
ကုန်သွယ်ရေးသတင်း
လယ်ယာထွက်ကုန်များ တိုးချဲ့တင်ပို့နိုင်ရန် အစီအမံများ ချမှတ်ရန်လိုပြီ
မြန်မာ့လယ်ယာထွက်ကုန်အမယ်စုံအောင် ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းထွက် လယ်ယာထွက်ကုန်များ ပြည်ပဝယ်လက်နိုင်ငံ အချို့သို့ ထွက် တာလေး ပွတ်သပ်အရောင်တင်ပြီး ပို့နေသည့် သဘောပင်ရှိသည်။ ရေရာသေချာသည့် ဈေးကွက်ချိတ်ဆက်မှု၊ ဈေးကွက် ထောက်လှမ်းမှု၊ သတင်းအချက် အလက်ရယူမှုစသည့် အစီအမံများ ချမှတ်ဆောင်ရွက်မှုမရှိသေးသည် ကို တွေ့ရှိရသည်။ ပြည်ပပို့ကုန်မဟာဗျူဟာ ရေရာသေချာသည့် အစီအမံများ ချမှတ်၍ ဆောင်ရွက်မည်ဆိုလျှင် ပြည်ပပို့ကုန် လယ်ယာထွက်ကုန် တင်ပို့နိုင်မှု ပမာဏသည် တိုးမြင့်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ် သည်။ နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိလ
မြစ်ကြီးနား တညင်းသီးများပေါ်ချိန် ဈေးကောင်းရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။ မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။ မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍ တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရေ ၅၅၀၀ မှ ၆၅၀၀ ခန့် ပါရှိသော တညင်းသီးတစ်အိတ
ဥရောပနိုင်ငံများသို့ တင်ပို့နေသည့် ရေထွက်ကုန်များ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်မည်
ဥရောပနိုင်ငံများသို့ ပင်လယ်ပြင်နှင့် မွေးမြူရေးကန်များမှ ရေထွက်ကုန်များကို တင်ပို့ခွင့် ရရှိပြီဖြစ်၍ သက်ဆိုင်ရာ နိုင်ငံများမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများ နှင့်အညီ တင်ပို့နိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ယင်းသို့ ရေထွက်ကုန်များ တင်ပို့ခွင့်ရရှိပြီဖြစ်သော်လည်း မြန်မာနိုင်ငံ တွင်ရှိသည့် ငါး၊ ပုစွန် မွေးမြူသူများ အီးယူစံချိန်စံညွှန်းနှင့်အညီ မွေးမြူနိုင်ရေး၊ ၎င်းတို့လိုလားသည့် မွေးမြူရေးထွက်ကုန် ဖြစ်စေရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အရေးကြီးသည့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်စနစ်တို့ကို အမြန်ဆုံး အကောင်အ
အမိန့်ကြော်ငြာစာအမှတ် ၊ ၂၂ / ၂၀၁၉
လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း (၂၃၄)လိုင်းကို ထပ်မံဖြေလျှော့၍ လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း (၂၉)လိုင်းအား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသည့်စာရင်းသို့ ပြန်လည်ထည့်သွင်းပြီး လိုင်စင်လျှောက်ထားရန်လိုသည့် စုစုပေါင်း ကုန်စည်လိုင်း (၄၆၁၃)လိုင်းအား Automatic Import Licensing နှင့် Non -Automatic Import Licensing အဖြစ်ခွဲခြားသတ်မှတ်၍ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ
ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြု
ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်လာ
တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။
မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တရုတ်သို့ တင်ပို့သရက်သီးများ ဈေးကောင်းရ
ယခုရက်သတ္တပတ်အတွင်း မူဆယ်( ၁၀၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ တရုတ်သို့ ဖရဲသီးတင်ပို့မှုအနေဖြင့် ဖရဲ ကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာ နည်းသွားသော်လည်း ဈေးကောင်းရနေသည်။ သခွားတင်ပို့မှုနည်းသွားပြီး ဈေးမှာအနည်းငယ်လျော့သွား သော်လည်း သရက်သီးတင်ပို့မှုမှာ တဖြည်းဖြည်းများလာပြီး ဈေးကောင်းရနေသည်။ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဖရဲကား ၁၁၀၅ စီး၊ တန်ချိန် ၁၃၁၃၆ တန်၊ ရွှေသခွား ၁၂ စီး၊ တန်ချိန် ၆၆ ဒသမ ၅ တန်၊ သရက်ကားစီးရေ ၄၀၆ စီး၊ တန်ချိန် ၂၂၉၆ ဒသမ ၅ တန်တင်ပို့ရောင်းချခဲ့ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရှိရသည်။ ယခုတစ်ပတ်အတွင်း ကျောက်ဖရုံသီးတင်ပို့မှု
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ(၃/၂၀၁၉)
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတဲ့ ကြက်သွန်နီ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆၁၂၀၀၀ ရရှိကြောင်း သိရပါတယ်။ ယခင