ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် မြိတ်ကုန်သွယ်ရေးစခန်း
မြိတ်ကုန်သွယ်ရေးစခန်းသည် မြန်မာ့ပို့ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့နိုင်ရေး အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ် ကုန်သွယ် ရေးစခန်းတစ်ခု ဖြစ်သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ အများဆုံး တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ ရော်ဘာ ကုန်ကြမ်း၊ ကြက်သွန်နီနှင့် ငါးအမှုန့်တို့ဖြစ်သည်။
