မွန်ပြည်နယ်ထွက် ကွမ်းသီးများ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်သို့ပါ တင်ပို့နိုင်ရန် ကြိုးစားနေ
မွန်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ တို့အပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်ရန် ကြိုးစားနေပြီး လက်ရှိတွင် သက်ဆိုင်ရာ ဌာနများသို့ တင်ပြထားသည့် အဆင့်၌သာရှိနေသေးကြောင်း ယင်းပြည်နယ်ရှိ ကွမ်းသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
အဆိုပါ ပြည်နယ်အတွင်း ကွမ်းသီးခြံ ဧက ငါးသောင်းကျော်အထိ စိုက်ပျိုး ထားရှိပြီး တစ်နှစ်လျှင် တန်ချိန် ကိုးသောင်းကျော် ထွက်ရှိကြောင်း သိရသည်။