၁၁ လတာ ကာလအတွင်း ပြည်ပသို့ ပျားရည် တန်ချိန် ၉၈၆ ဒသမ ၂၃ မက်ထရစ်တန် တင်ပို့နိုင်ခဲ့
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့ပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူ ရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျားရည်တန်ချိန် ၇၀ဝ၀ ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စဉ် ပျမ်းမျှတန်ချိန် ၂၆၀ဝ ရှိကြောင်း သိရသည်။
