Main menu

Background

Tuesday, 21 Mar 2017

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနသည် အစားအသောက်  တင်သွင်းခြင်းလုပ်ငန်းများ အား အဆင်ပြေချောမွေ့စေရန်အတွက် တိုက်ရိုက်စားသုံးရန်မဟုတ်သည့် ပါဝင် ပစ္စည်းတစ်မျိုးတည်းသာ ပါဝင်သော အစားအသောက်ထပ်ဖြည့် ပစ္စည်း(Food Additives)  များ တင်သွင်းရန်အတွက်  သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီး ဌာန၏ ထောက်ခံချက်လျှောက်ထားခြင်းအား ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Friday, 17 Mar 2017

        GSP အစီအစဉ်အရ    အမေရိကန်ပြည်ထောင်စုမှ အကောက်ခွန်ကင်းလွတ်ခွင့်နှင့်  လျှော့ပေါ့သက်သာခွင့် ပေးအပ်ထားသည့် ကုန်စည်များ ပြန်လည်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်းသည့် ကြားနာမှုအစီအစဉ်  (၂၀၁၆- ၂၀၁၇)  ယေဘုယျ အကောက် ခွန်သက်သာခွင့် စနစ်အတွက် နှစ်စဉ်ပြန်လည်သုံး သပ်သည့်အစီအစဉ်)(2016-2017 GSP Annual Review)ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမေရိကန်ပြည်ထောင် စုရဲ့ ကုန်သွယ်ရေးကော်မရှင်ရုံးနဲ့ ကုန်သွယ်ရေး ကိုယ်စား လှယ်ရုံးတို့မှာ အသီးသီးကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

Tuesday, 7 Mar 2017

       စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ပို့ကုန်သုံးဆ တိုး မြှင့်ရေးကို အဓိကဦးတည်ချက်ချမှတ် ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်မှ သာ နိုင်ငံတော်ရဲ့ စီးပွားရေးလည်း တိုး တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ပို့ ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက် လျက်ရှိရာမှာ ယခုဘဏ္ဍာနှစ်ကုန်ခါနီး ကာလရဲ့ ပို့ကုန်တင်ပို့မှုအပိုင်းကို သုံး သပ်ကြည့်မည်ဆိုပါက သဘာဝဓာတ် ငွေ့ တင်ပို့မှုကဏ္ဍမှာ လျော့ကျသွားပေ မယ့် ကျန်တဲ့ကဏ္ဍများမှ တိုးတက်လာ တဲ့အတွက်  ပြည်ပပို့ကုန်ကဏ္ဍ တိုးတက် လာတာကို တွေ့ရမှာဖြစ်ပါတယ်။

Wednesday, 1 Mar 2017

ယဉ်ကျေးမှုမြို့တော် မန္တလေးတွင် မြန်မာမှုလုပ်ငန်းများစွာရှိသည်။ ထိုအထဲတွင် ရွှေချည်ထိုး လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေချည်ထိုးဆိုသည်မှာ အဝတ်အထည်အဆောင် အယောင်တို့နှင့် ဆက်စပ်နေသော် လည်း မရှိမဖြစ် အသုံးပြု ရသော နေ့စဉ်သုံးကုန်ပစ္စည်းမဟုတ်ပေ။ အခမ်းအနား၊ အလှူမင်္ဂလာ၊ ကုမ္ပဏီ၊ ရုံးခန်းတို့ တွင် အလှဆင်သည့် အရာတစ်ခုဖြစ်သည်။ ရှင်ပြု ပွဲ အခမ်းအနားများ၊ ဇာတ်သဘင်ပွဲများတွင် အသုံးပြုကြ သည်။ ထီးနန်းသုံး၊ တော်ဝင်သုံးပစ္စည်းဟုဆိုလျှင်လည်း ရသည်။ မန္တလေးတွင်  မြန်မာမင်းနေပြည်တော်ရှိစဉ်အခါက ရွှေချည် ငွေချည်ထိုး ထားသည့် အဆောင်အယောင်များကို ရာထူးရာခံ အဆင့်လိုက် အသုံးပြုကြသည်ဟု သိရ သည် ။ နန်းတော်အတွက်အသု

Monday, 13 Feb 2017

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသော မျှော်မှန်းချက်ငါးရပ်အနက်"ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်" ဟူေ သာ မျှော်မှန်းချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်လျက်ရှိပါတယ်။ ဒီမိုကရေစီအစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု အခြေ အနေဟာ ဖေဖော်ဝါရီလပထမပတ်ထိ ပို့ကုန် အမေ ရိကန်ဒေါ်လာသန်း ၉၅၂၀ ခန့်၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၃၅၄၀သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၂၃၀၆၀ သန်း ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။ ယခုကုန်သွယ်မှုကဏ္ဍကို ကြည့်ရင် နိုင် ငံပိုင်ကဏ္ဍရဲ့က

Monday, 6 Feb 2017

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ရပ် အနက်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာက ဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများဘက်စုံညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍချိန်ခွင်လျှာကိုက်ညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်ဆိုတဲ့အချက် ခြောက်ချက်နဲ့အညီ  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ရာမှာ လယ်ယာကဏ္ဍက ထွက်ရှိတဲ့ပို့ကုန်တွေကို ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ ရမှာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလ တတိယပတ်အထိ မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှုအခြေအနေကို ကြည့်လျှင် ပို့ကုန်အမေရိကန်

Monday, 23 Jan 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် စီးပွားရေး မူဝါဒများအား ပြုပြင်ပြောင်းလဲပြီး ဈေးကွက်စီးပွားရေးစနစ်အား အကောင်အထည်ဖော်ကာ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှု များအား တိုးမြှင့်ခဲ့သည့် အပြင် နိုင်ငံပိုင် ကုန်သွယ်မှုလုပ်ငန်းများအား ပုဂ္ဂလိကကဏ္ဍသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ ကုန်သွယ်မှုပမာဏ များလည်း နှစ်စဉ်တိုးတက်လာခဲ့သည်။ ကုန်သွယ်မှုပြုရာတွင် နယ်စပ်ဖြတ်ကျော် ကုန်းကြောင်းကုန်သွယ်မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် လေကြောင်းမှ ကုန်သွယ်မှုတို့ကိုပါ ခွင့်ပြုဆောင်ရွက် စေလျက် ရှိပါသည်။

Thursday, 19 Jan 2017

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွား ရေး အစစအရာရာမှာ တခြားသောကမ္ဘာပေါ်ရှိ နိုင်ငံများထက်  သာ လွန်ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံက  ထွက်ရှိတဲ့ ကုန် ပစ္စည်း များကို စံချိန်စံညွှန်း အရည်အသွေးတွေအပြင် ထုပ်ပိုးပစ္စည်းများရဲ့ အရည် အသွေးကိုပါ ထည့်သွင်းတွက်ချက်ပြီးမှ တခြားသောပြည်ပနိုင်ငံများ ကိုပါ တင်ပို့ခွင့်ပြုနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။သူ့နိုင်ငံက ထွက်ရှိ တဲ့ကုန်ပစ္စည်းတွေကို သေချာစွာစိစစ်ရုံသာ မက သူ့နိုင်ငံကို တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုလည်း  အရည် အသွေး၊စံချိန်စံညွှန်းတွေနဲ့ကိုက်ညီမှုရှိမရှိ စစ်ဆေးနေတာကို အားလုံး အသိပဲဖြစ်ပ

Thursday, 12 Jan 2017

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားအားထုတ်လျက်ရှိရာ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလ မှ ဒီဇင်ဘာလ)အထိ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ၈၃၀၀ ခန့်၊ သွင်းကုန်  အမေ ရိကန်ဒေါ်လာ ၁၁၅၂၇ သန်း ကုန်သွယ်မှုပမာဏ  အမေရိကန်ဒေါ် လာ ၁၉၈၂၇ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခင်ဘဏ္ဍာ နှစ်ကာလတူထက် ပို့ကုန် အမေရိကန်ဒေါ်လာသန်း ၅၁၀ ပိုမိုတင်ပို့ နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန် ဒေါ်လာ ၈၄၁ သန်း လျော့နည်း တင်သွင်းနိုင်ခဲ့ပါတယ်။

Tuesday, 3 Jan 2017

နှစ်တစ်နှစ်ကို ကူးပြောင်းရောက်ရှိ ခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို ကူးပြောင်း ရောက်ရှိခဲ့ချိန်မှာ နှစ်တစ်နှစ်အတွင်း အပြောင်းအလဲ ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တာဟာ လူတစ်ဦးချင်းစီမှသည် နိုင်ငံတစ် နိုင်ငံ အတွင်းဖြစ်ပေါ်ခဲ့တယ် ဆို တာ ငြင်းလို့မရနိုင်ပါဘူး။အပြောင်းအလဲလို့ဆိုရာမှာကောင်း သောအပြောင်း အလဲတွေ ဖြစ်ခဲ့သလို မကောင်းသောအပြောင်းအလဲတွေ လည်းဖြစ်ခဲ့ရပါတယ်။မြန်မာနိုင်ငံမှာလည်း အကောင်းရော အဆိုးပါ ဒွန်တွဲခဲ့တဲ့ဖြစ်ရပ် တွေ ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ရောထွေး ယှက်တင်ဖြစ်ခဲ့တာကို အားလုံးအသိပဲ ဖြစ်မှာပါ။ ၂၀၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။အဲဒါကတော့ ပြည်သူတွေကိုယ်တိုင် လိုလို လား

Pages