Main menu

Background

Tuesday, 8 Aug 2017

       မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာမြောက် ကုန်သွယ်မှု လမ်းကြောင်းတွင် တည်ရှိလျက် ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် နိုင်ငံရှိ ပေါကြွယ်ဝလှသည့် အရင်းအမြစ်များကို ရယူသုံး စွဲနိုင်မှုမှာလည်း နိုင်ငံဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မိမိတို့နိုင်ငံမှ ခံစားရရှိနေသည့် ထပ်ဆောင်း အကျိုးကျေးဇူးများ ဖြစ်ပါတယ်။ ပေါကြွယ်၀ လှသည့် အရင်းအမြစ် များစွာတို့အနက် လယ်ယာမြေ ပေါကြွယ်ဝမှုသည် စိုက်ပျိုးရေး အခြေခံသည့် မြန်မာနိုင်ငံအတွက် ဆန်နှင့်လယ်ယာထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုကို အားကောင်းစေသည့် တွန်းအားတစ်ရပ်လည်းဖြစ်ပါတယ်။ ပို့ကုန်တင်ပို့မှုကဏ္ဍတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ

Wednesday, 2 Aug 2017

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ပိုမို ကောင်းမွန်လာရန်အတွက် လုပ်ဆောင်လျက်ရှိရာမှာ ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေးပြီး လုပ်ဆောင်လျက်ရှိပါတယ်။ပို့ကုန်ကဏ္ဍ တွင် ယခုလက်ရှိပမာဏထက် သုံးဆအထိတိုးတက်တင်ပို့နိုင်ရေးအတွက် အစိုးရသစ်အနေဖြင့် စီးပွားရေးမူဝါဒများ ချမှတ်၍လုပ်ဆောင်လျက်ရှိပါတယ်။ ယင်းသို့လုပ်ဆောင်လျက်ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  ကုန် သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခြင်း၊ကန့်သတ်ထားသော ပို့ကုန်အမယ်များကို ဖြေလျှော့ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပြီ

Friday, 28 Jul 2017

                     ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြသန်းသည် လက် ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်၊ ရုံးအုပ် ဦးခွန် ကျော်ဋ္ဌေး၊ အောင်ပန်းမြို့နယ် တာဝန်ခံ ဦးမြင့်နိုင်တို့နှင့်အတူ ဇွန်လ ၉ ရက်က ဟဲဟိုးမြို့ အာလူးအစုအဖွဲ့ရုံးမှာ အာလူး အစုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းကျော်နှင့်  ပြည်တွင်းကုန် သွယ်မှု မြှင့်တင်ရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ရှမ်းပြည်နယ် (တောင်ပိုင်း )တောင်ကြီး မြို့၊ စားသုံးသူ ရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြသန်းသည် လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်ကျော်၊ ရုံးအုပ် ဦးခွန်ကျော်ဋ္ဌေး၊ အောင်ပန်းမြို့နယ် တာဝန်ခံ ဦးမြင့်နိုင

Tuesday, 18 Jul 2017

      ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဇွန် ၂၀ ရက်က ပြည်နယ် ဦးစီးမှူး ဦးမြသန်းနဲ့  ကြက်သွန်ဖြူ အစုအဖွဲ့မှ လုပ် ငန်းရှင် ဦးသန်းမောင်တို့  ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးအတွက်     တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်-ပြည်နယ်ဦးစီးမှူး။ ရှမ်းပြည်နယ်(တောင် ပိုင်း)တွင် ကြက်သွန်ဖြူစိုက်ပျိုးမှု  အခြေအနေ၊ ပိုလျှံမှုနဲ့ စိုက် ပျိုးတဲ့မြို့နယ်များကို ပြောပြပေးပါ။

Tuesday, 11 Jul 2017

    မြန်မာနိုင်ငံ၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးပါသည့် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ရပ်အပေါ်  ကုန်သွယ်ရေး ကဏ္ဍ၏  လုပ်ငန်းစဉ်များနှင့်   ချိတ်ဆက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ ၏ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှု သည် တစ်နှစ်ထက်တစ်နှစ်  ပိုမိုဖွံ့ဖြိုးတိုးတက် လာပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင်  ကုန် သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၁ ဘီလီယံဖြင့် ကုန်သွယ်မှု သမိုင်းတစ်လျှောက် အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိခဲ့ပါတယ်။

Thursday, 6 Jul 2017

       နိုင်ငံတော် အစိုးရအနေနဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ဆောင် လျက်ရှိရာမှာ ကုန်သည်လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိစေဖို့အတွက် ဖြေလျော့မှုပေါင်း များစွာ ကိုလည်း ပြုလုပ်ပေး ထားပြီးဖြစ် ပါ တယ်။နယ်စပ်ဒေသများမှ ကုန်စည်ကူးသန်း ရောင်းဝယ်ရာမှာလည်း ကုန်သည်လုပ်ငန်းရှင်ငယ် လေးများအဆင်ပြေစေဖို့အတွကf ITC ကတ်နဲ့ ကုန်သွယ်မှုပြုစေနိုင်ဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံ ဟာ ရှည်လျားလှတဲ့ နယ်စပ် ဒေသကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် နယ်စပ် ဒေသများနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ တရားဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှုသာမက တရားမဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေပါ ဒွန်တွဲပြီး ပါလာ ခဲ့ ပါတယ်။တရ

Monday, 26 Jun 2017

          မြန်မာ-တရုတ်နှစ် နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်ပေးလျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုကို တရု တ်နိုင်ငံ ရွှေလီမြို့ Agricultural  Bank of China,China Construction Bank နှင့် Industrial and Commercial Bank of China ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်မှစ၍ မြန်မာနိုင်ငံသား ပို့ကုန်/ သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများအား တရုတ်နိုင်ငံဘက်မှ ယာယီပိတ်သိမ်းခဲ့သည်။ ထိုသို့ ဘဏ်စာရင်းများပိတ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ စီးပွ

Monday, 19 Jun 2017

        လူတစ်ဦးချင်းဖြစ်စေ ၊မိသားစုလိုက်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နောက်ဆုံးနိုင်ငံ အချင်းချင်းဖြစ်စေ ရောင်းခြင်း၊ ဝယ်ခြင်း၊ နိုင်ငံ အဆင့်ဆိုရင် တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုတဲ့ ရောင်းမှု၊ ဝယ်မှုဓလေ့ဟာ ဘယ်ခေတ် ဘယ်စနစ်မှာမဆိုရှိနေမယ်ဆိုတာ မလွဲတဲ့ကမ္ဘာ့အရောင်း အဝယ်နိယာမတစ်ခုပါ။ ကောင်းပြီ ကိုယ့်နိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လေတော့ လယ်ယာထွက်ကုန်သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်တယ်။ ပြည်တွင်းက  စားသုံးမှုပိုလျှံတာတွေကို ပြည်ပသို့တင်ပို့ရောင်းချမယ်။ ကိုယ့်နိုင်ငံရဲ့ အပို၊သူ့နိုင်ငံရဲ့ လိုအပ်ချက်။ ထိုနည်းတူစွာ သူ့နိုင်ငံရဲ့ အပို၊ ကိုယ့်နိုင်ငံရဲ့အလို လိုအပ်ချက်အပြန်ပြန် အလှန်လှ

Monday, 12 Jun 2017

       အီးယူ၏ P2P Programme နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် နှစ်မျိုးသုံး ကုန်စည်များ၏ ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) ၏ ၂၀၁၅-၂၀၁၇ မိတ်ဖက်အစီ အစဉ် တစ်ခုဖြစ်သည့် မဟာဗျူဟာမြောက် ကုန်စည် ကုန်သွယ်မှု ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေး နွေးပွဲကို နေပြည်တော်၊  Hilton Hotel တွင် ဇွန် ၅ ရက် မှ ၇ ရက်အထိ ကျင်းပ ခဲ့ကြောင်း သိရပါသည်။

Tuesday, 6 Jun 2017

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလ ၂၆ ရက်အထိ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိပြီး ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော် ေ ဆာင်ရွက်နိုင်ခဲ့တဲ့အတွက် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနရဲ့စာရင်းဇယားများအရသိရှိရပါတယ်။ ယခုနှစ်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပို့ကုန် တန်ဖိုး အမေရ

Pages