Main menu

Background

Monday, 27 Aug 2012

ယခုတစ်ပတ်အတွင်း  ပြည်တွင်း ငွေလဲနှုန်းများသည်ပြောင်းလဲမှုအနည်း  ငယ်မျှဖြင့်သာ  အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

Monday, 27 Aug 2012

ယူရိုဇုန်အကျပ်အတည်းကို ကုစား ဖို့အတွက် ဥရောပ ဗဟိုဘဏ်(ECB) က လတ်တလောဆောင်ရွက်မဲ့အလား အလာမတွေ့ရတဲ့အတွက် သြဂုတ် ၃ ရက်နေ့က အာရှငွေကြေးအများစုတန် ဖိုးကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နံှသူတို့က စွန့် စားမှုများတဲ့ ငွေကြေးများကို လျှော့ချ လာခဲ့ကြပါတယ်။

Monday, 27 Aug 2012

ယန်းငွေတန်ဖိုး   ကျသွားအောင်  ဂျပန်ဗဟိုဘဏ်ကို နိုင်ငံခြား ဘွန်းစာချုပ်တွေဝယ်ခိုင်းဖို့တိုက်တွန်းချက်ကို ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမိက ငြင်းဆို ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မယ်ဆိုရင် ငွေလဲလှယ်နှုန်းမူဝါဒနဲ့ ပတ်သက် တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီရင်ခွင့်ကိုချိုးဖေါက်ရာ ရောက် နိုင်တယ်လို့ သူက ပြောပါတယ်။

Sunday, 29 Jul 2012

    ထိုင်းနိုင်ငံ ဗဟိုဘဏ်က အခြေခံအတိုးနှုန်းကို ဇူလိုင် ၂၅ ရက်က အပြောင်းအလဲမရှိ ဆက်လက်ထား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးဝါးလျက်ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေက အာရှပို့ကုန်များအပေါ် ဖိစီးလျက်ရှိကြောင်း သတိပေးလျက် ရှိပါတယ်။ ထိုင်းဗဟိုဘဏ်ကလိုအပ်လျင် ဝင်ရောက်ကိုင်တွယ် ဖြေရှင်းဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပေမဲ့ အခြားအာရှ ဗဟိုဘဏ်များရဲ့ လမ်းစဉ်အတိုင်း တရားဝင်ချေးငွေစရိတ်များ ကို လျှော့ချပေးခြင်းကို ရပ်ဆိုင်းထားပါတယ်။

Sunday, 29 Jul 2012

    ချေးငွေအတိုးနှုန်းများကိုယူပြီး အကျိုးအမြတ်များကို မမှန်မကန်ယူနေ ကြောင်း စွပ်စွဲပြီး၊ ပြည်တွင်းဘဏ်များ ကို တောင်ကိုရီးယားရှိ ပြည်သူများက ဝေဖန်မှု တစ်စစကြီးထွားလျက်ရှိပါတယ်။

Sunday, 29 Jul 2012

    ဇူလိုင် ၂၆ ရက်မှာ ထွန်းသစ်အာရှ ငွေကြေးများ ပြန်လည်မြင့်တက်လာခဲ့ ပါတယ်။ ဥရောပတိုက်ကြွေးမြီအကျပ် အတည်း သက်သာစေဖို့ အတွက် ဥရောပက ပြန်လည်ဆောင်ရွက်လာပြီ ဖြစ်တဲ့အတွက် ဈေးကျလို့ ရောင်းထား တဲ့ ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံသူတွေ က ပြန်လည် ဝယ်ယူခဲ့ပါတယ်။

Sunday, 29 Jul 2012

        ယခုတစ်ပတ်အတွင်းတွင်  ပြည် တွင်းငွေလဲနှုန်းသည် အတက်အကျမရှိ ဘဲ ဆက်လက် ငြိမ်သက်နေခဲ့သည်ကို တွေ့ရသည်။ပုဂ္ဂလိက  ငွေလဲစင်တာများတွင် လည်း တစ်နေရာနှင့်တစ်နေရာ ငွေလဲ နှုန်းများမှာ  များစွာကွာဟခြင်းမရှိဘဲ လဲလှယ်လျက်ရှိသည်ကို တွေ့ရသည်။

Wednesday, 25 Jul 2012

    တရုတ်ယွမ်ငွေကို အာရှဒေသမှာ ကုန်သွယ်မှုငွေပေး ငွေချေပြုလုပ်ရာမှာ တစ်စစ တိုးတက် အသုံးပြုလာလို့ အာရှဒေသရဲ့ နိုင်ငံခြားအရန်ငွေကြေးတစ်ခုအဖြစ် ရောက်ရှိ လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဇူလိုင် ၁၉ ရက်က ပြောပါ တယ်။

Wednesday, 25 Jul 2012

    ဘဏ်ကြီးတွေက ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်း အတိုင်း ကျင့် သုံးဆောင်ရွက်ခြင်းရှိ/မရှိ ကမ္ဘာတစ်ဝန်းမှာ စုံစမ်းစစ်ဆေးမှုေ တွ ဆောင် ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အာရှဒေသရှိအာဏာပိုင်တွေကလည်း ပြည် တွင်းမှာ ဆောင်ရွက်နေတဲ့ အခြေခံအတိုးနှုန်းတွေ ကို စူးစမ်းလေ့လာလျက်ရှိ ပါတယ်။

Wednesday, 25 Jul 2012

    ကမ္ဘာမှာ စီးပွားရေးအရ အကြီး ဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိ ကန်နိုင်ငံတို့ရဲ့ စီးပွားရေးတွေ ပြန်လည် ရှင်သန်လာအောင် ဒီနိုင်ငံကြီးတွေက သူတို့ရဲ့မူဝါဒတွေကို ပြန်လည်ချိန်ကိုက် တော့မဲ့ အလားအလာတွေ တွေ့နေရ တဲ့အတွက် အာရှ ငွေကြေးတွေရဲ့ ရက် သတ္တပတ် အလိုက်တန်ဖိုးတွေ  ဒုတိယ မြောက် ရက်သတ္တပတ်အဖြစ် မြင့်တက် လာခဲ့ပါတယ်။

Pages