Background
ယခုတစ်ပတ်အတွင် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများတွင် ငွေလဲနှုန်းမှာ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအတိုင်း ရောင်းဝယ်လျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင်မူ နေ့စဉ်ဆက်တိုက် ဒေါ်လာဈေးများ ကျဆင်း လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ပြင်ပဈေးကွက်မှ အမေရိကန်ဒေါ်လာဈေးနှုန်းသည် စင်တာများမှ ဈေးနှုန်းထက် ၁၀ ကျပ်ခန့်ကွာဟနေသဖြင့် ပြင်ပမှဝယ်ယူပြီး စင်တာများတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မှောင်ခို ဈေးကွက်အတွင်းမှ အရောင်းအဝယ် သမားတချို့ပင်လျှင် နေ့စားများငှားရမ်း၍ စင်တာများတွင်တန်းစီတိုးကာ ရောင်းချနေကြ ကြောင်း သိရသည်။
ဂျပန်ယန်းငွေတန်ဖိုး မြင့်မားတာကြောင့် ဂျပန်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကိုလျော့ကျစေတဲ့အပြင် ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်တွေလည်း ကျဆင်းစေတယ်။ ဒါ့အပြင် စီးပွားရေးယုံကြည်ချက်လည်း ယိုယွင်းကျဆင်းနေလျက်ရှိရာ ဂျပန်ဗဟိုဘဏ် (BOJ) အနေနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဂရုတစိုက်လေ့လာထိန်းချုပ်ဖို့ လိုအပ်တယ်လိ့ု BOJ Masaaki Shirakawa က ပြောကြားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဂျပန်ယန်းက ကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ တန်ဖိုး ၄၅ ရာခိုင်နှှုန်းဝန်းကျင် မြင့်မားခဲ့တယ်။ ဒါကြောင့် Sony နဲ့ Toyota ကော်ပိုရေးရှင်းများ အပါအဝင် ပို့ကုန်တင်ပို့သူတွေရဲ့ အကျိုးအမြတ် ကျဆင်းခဲ့တယ်။
နိမ့်ကျနေတဲ့ အတိုးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေး နေတာတွေက နောက်ထပ် ၁၂ လ ကနေ ၁၈ လအထိ အမေရိကန်ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နေဦးမှာဖြစ်တဲ့ အတွက်အမေရိကန်ဘဏ်တွေရဲ့ရှေ့အလားအလာက အနုတ် လက္ခဏာဆက်ပြနေဦးမှာဖြစ်ကြောင်း Moody's Invester Services ကပြောပါတယ်။ပြည်ထောင်စု ဘတ်ဂျက် လိုအပ် ငွေအတွက်ဥရောပကြွေးမြီအတွက် ရေရာတဲ့စီမံချက်မရှိတာ အမေရိကန်ဘဏ်များအတွက် ခက်ခဲတဲ့ပတ်ဝန်းကျင်ကို ပေါ် ပေါက်လာစေပါတယ်။
တချို့သော စည်းကမ်းချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ဥရောပဘဏ် လုပ်ငန်းစနစ်အတွက် ကြီးကြပ်ရေးအခန်း ကဏ္ဍကို ဥရောပဗဟိုဘဏ် (အီးစီဘီ) က ဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း အီးစီဘီအရာရှိ တစ်ဦးက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ဥရောပဒေသရဲ့ ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်နိုင်အောင် ဘွန်း စာချုပ်တွေဝယ်မဲ့အစီအစဉ်ကို ဥရောပ ဗဟိုဘဏ်(အီးစီဘီ)က ကြေညာပြီး နောက် အာရှငွေကြေးများက ရက် သတ္တပတ်အဖြစ် တတိယမြောက် မြင့် တက်မဲ့အလားအလာကို ပြသလာပါ တယ်။ဒါပေမဲ့ အမေရိကန် ပြည်ထောင် စုနဲ့တရုတ်နိုင်ငံတို့က စီးပွားရေး ဆိုင် ရာကိန်း ဂဏန်းတွေ မထုတ် ပြန်သေး လို့ဈေးနှုန်းကို အနည်းငယ် အထိန်းအ ကွပ်ရှိနေပါတယ်။
ယခုတစ်ပတ်အတွင်းတွင် ငွေလဲစင်တာများ၌ ဈေးနှုန်းမှာ တည်ငြိမ်နေခဲ့သော်လည်း ပြင်ပငွေဈေးကွက်တွင်မူ အနည်းငယ် ဈေးကျခဲ့သည်ကို တွေ့ရသည်။ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၄ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့သော် လည်း ပြင်ပငွေဈေးကွက် တွင်မူ စက်တင်ဘာ ၃ ရက်က ရောင်းဈေး ၈၆၁ကျပ် ဝယ်ဈေး ၈၅၉ ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည်ကိုတွေ့ရသည်။ စက်တင်ဘာ ၇ ရက်တွင်မူ ရောင်းဈေး ၈၇၁ ကျပ် ဝယ်ဈေး ၈၆၉ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများက တရုတ်ငွေကြေးကို အမေရိကန်ဒေါ်လာနဲ့ယူရိုငွေကြေးနေရာ မှာ နောက်ဆုံးတွင် အစားထိုးလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေကပြောပါ တယ်။ ရေရှည်မှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကုန်သွယ်ရာ မှာ ယွမ်ငွေကြေးကို ပိုမိုအသုံးချလာဖွယ်ရှိကြောင်း သြဂုတ် ၁၅ ရက်ကပြုလုပ်တဲ့ ထိုင်း- တရုတ် ကုန်သွယ်ရေးရင်းနှီးမြှုပ် နှံမှုနဲ့ ဘဏ္ဍာရေးဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ထိုင်း ဗဟို ဘဏ် ( Bank of Thailand)မှ အဆင်မြင့်အရာရှိ ပထနာဖွန် ဖူစူဝန်က ပြောပါတယ်။
ချမှတ်ထားပြီးဖြစ်တဲ့ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က တစ်ခါ တစ်ရံမှာ ထူးခြားတဲ့ အစီအမံတွေ ချမှတ်ဖို့ လိုကြောင်းဘဏ်ရဲ့ အကြီးအကဲမာရီယိုဒရပ်ဂီက သြဂုတ် ၂၉ ရက်က ပြော ပါတယ်။ သူရဲ့ပြောကြားချက်က ဗဟိုဘဏ်ကချမှတ်ထားတဲ့ ဘွန်းစာချုပ်တွေ ဝယ်ယူရေး အစီအစဉ်ကို ဂျာမန်နိုင်ငံက ဝေဖန်ပြောကြားတာကို တုံ့ပြန်တဲ့ သဘော ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင် ဘာနန်ကီက သြဂုတ် ၃၁ ရက်နေ့မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ သူမိန့်ခွန်းပြော တဲ့အခါ စီးပွားရေးတွန်းအားပေးအစီအ စဉ်သစ်တွေအကြောင်း ပြောလိမ့်မယ် လို့ခန့်မှန်းကြတဲ့အတွက် သြဂုတ် ၃၁ ရက်က အာရှဒေသမှာ ဒေါ်လာငွေကြေး တန်ဖိုးအားနည်းခဲ့ပါတယ်။
အမေရိကန်အစတရုတ်အဆုံး ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံတွေမှ အစိုးရများက စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အားဖြည့်ပေးဖို့ စီးပွားရေးလှုံ့ ဆော်မှုစီမံကိန်းတွေ ထပ်မံဆောင်ရွက် သွားနိုင်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည် လာကြတယ်။