Main menu

Background

Wednesday, 30 May 2012

    ဥရောပ၏  ကြွေးမြီအကျပ် အတည်းက ကမ္ဘာ့စီးပွားရေးနာလန်ထူ တာကိုတုံ့နှေးစေလိမ့်မယ်။  အာရှဒေ သတွင်းရှိ  ပို့ကုန်လုပ်ငန်းတွေအတွက် ဝယ်လိုအားကို   ထိခိုက်စေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အာရှငွေ ကြေးတွေက စတုတ္တပတ်အဖြစ် တန်ဖိုး ဆက်လက်ကျဆင်းခဲ့ပါတယ်။ယခုနှစ် အတွင်း အရှည်ကြာဆုံးတန်ဖိုးကျဆင်း တာလည်းဖြစ်ပါတယ်။

Monday, 28 May 2012

    ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက တက်ရိပ်ပြလာခဲ့တဲ့ အမေရိကန်ဒေါ်လာ ဈေးကွက်ဟာ အခုတစ်ပတ်မှာတော့ ဈေးအနည်းငယ်အတက်အကျ များရှိလာခဲ့ တာ တွေ့ရပါတယ်။ မေ ၁၈ရက်က ရောင်ဈေး ၈၄၂ကျပ် ဝယ်ဈေး ၈၃၂ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာ ဈေးပြန်ဖွင့်သည့် မေ ၂၁ ရက်တွင် ရောင်းဈေး ၈၄၄ကျပ် ဝယ်ဈေး ၈၃၂ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်ကို တွေ့ရသည်။ ယင်းဈေးသည် ဗဟိုဘဏ်မှသတ် မှတ်ပေးသည့် သိမ်ဖြူငွေလဲစင်တာတွင် ဖြစ်ပေါ်ခဲ့သည့်ငွေလဲနှုန်းဖြစ်ရာ ယင်းငွေ လဲနှုန်းကိုအခြေခံ၍ ပုဂ္ဂလိကဘဏ်များက ဈေးနှုန်းကိုသတ်မှတ်ခဲ့ကြသည်။

Thursday, 24 May 2012

    တရုတ်နိုင်ငံရဲ့ ဧပြီလအတွက် စီးပွားရေးအညွှန်းကိန်းတွေကို မေ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ထုတ်ပြန်ခဲ့ရာ စီးပွားရေးပညာရှင်တို့ ခန့်မှန်းထားတာထက် ပိုမို ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် စီးပွားရေး ကိုတွန်းအားပေးနိုင်အောင် ကြိုးပမ်းတဲ့အနေ နဲ့ ငွေကြေးမူဝါဒတွေကို လျှော့ချပေးမှာဖြစ်ကြောင်း တရုတ် ဗဟိုဘဏ်က မေ ၁၂ ရက်က ကြေညာပါတယ်။

Thursday, 24 May 2012

    ထိုင်းနိုင်ငံရဲ့ စီးပွားရေး ခိုင်ခိုင်မာမာ ပြန်လည်နာလန် ထူလာတဲ့အခါ အတိုးနှုန်းတွေတိုးမြှင့်ပေးနိုင်အောင်နဲ့ ဘဏ္ဍာ ရေး တွန်းအားပေးအစီအစဉ်တွေ ရပ်ဆိုင်းထားနိုင်အောင် အသင့်ပြင်ဆင်ထားသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ပြောကြားပါတယ်။

Thursday, 24 May 2012

    ယခုသီတင်းပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်စီးပွား ရေးတိုးတက်မှုတွေ အရှိန်သေလာတဲ့ လက္ခဏတွေတွေ့လာရပါတယ်။ ဒါပေမဲ့ ဥရောပရဲ့ငွေချေးငွေအကျပ်အတည်း က ပိုမိုဆိုးဝါးလာလိမ့်မယ်ဆိုတဲ့ စိုးရိမ် မှုက ဒေါ်လာရဲ့ ဝယ်လိုအားကို မြင့် တက်စေခဲ့တဲ့အတွက်  အာရှငွေကြေး တွေရဲ့သီတင်းပတ်အလိုက်  ကျဆင်းမှု က နိုဝင်ဘာနောက်ပိုင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။  ယခုသီတင်းပတ် အတွင်းမှာ တောင်ကိုရီးယားနဲ့ တရုတ် (တိုင်ပေ) ရှယ်ယာတွေထဲကနေ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူတွေက   ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးအသားတင်ပြန် ထုတ်ယူတာ ကို တွေ့ရပါတယ်။

Monday, 21 May 2012

ယခင်သီတင်းပတ်တွေက ငြိမ်သက်နေခဲ့သည့်အမေရိကန်ဒေါ်လာဈေးကွက် သည် ပြန်လည်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။  ထိုကဲ့သို့ အမေရိကန်ဒေါ်လာငွေ လဲလှယ်သည့်တန်ဖိုးမြင့်တက်လာရခြင်းမှာ မော်တော်ယာဉ်တင်သွင်းခွင့်များကို မည်သူမ ဆို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ တင်သွင်းခွင့်ရသည်ဆိုခြင်းကြောင့် ဖြစ်ရ သည်ဟု ငွေလဲစင်တာများမှ သိရသည်။

Thursday, 17 May 2012

    ဂရိနိုင်ငံယူရိုဇုန်မှ ထွက်ခွာမဲ့အလားအလာများနဲ့ ဖြစ်ပေါ် လာမဲ့ ပြဿနာများကို ဖြေရှင်းရမည့်ကိစ္စကို ဥရောပ တစ်လွှားရှိ ဗဟိုဘဏ်တို့က ဆွေးနွေးနေကြပြီဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ Risksbank   ဒုတိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပါဂျန်ဆန်က ပြော ကြားပါတယ်။

Thursday, 17 May 2012

    အမေရိကန်ဘဏ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် တရုတ်ဘဏ်ကြီးသုံးခုကိုအတည်ပြုပေးခဲ့ကြောင်း အမေရိ ကန်ဗဟိုဘဏ်က မေ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် အကြီးဆုံးဘဏ်  တစ်ခုဖြစ်တဲ့ International  and  Commerical  Bank  of  China ( ICBC ) ၊ Bank of China   နဲ့ တရုတ်စိုက်ပျိုးရေးဘဏ်တို့က အမေရိ ကန်ပြည်ထောင်စုမှာ ဘဏ်ခွဲများဖွင့်လှစ်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း ဗဟိုဘဏ်ကပြောပါတယ်။

Thursday, 17 May 2012

    ဂရိနိုင်ငံမှာ ဖြစ်ပွားနေတဲ့နိုင်ငံရေး အကျပ်အတည်းက ကမ္ဘာ့ဈေးကွက် တွေကိုကသောင်းကနင်းဖြစ်ပေါ်စေပြီး တရုတ်၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေရဲ့ ပို့ကုန်လုပ်ငန်းတွေနှေးကွေးလာ ပြီးနောက်ပိုင်းအာရှငွေကြေးတွေရဲ့ တန် ဖိုးက ဒုတိယမြောက်သတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။

Tuesday, 15 May 2012

    နေ့စားလုပ်ခနဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ငွေကြေးဖောင်းပွမှု အန္တရာယ်ကိုကာကွယ်နိုင်အောင်ငွေကြေးမူဝါဒများကိုပြန်လည်လျှော့ချရန် အစိုးရရဲ့ ဖိအားပေးမှုကိုရှောင်ရှားပြီး ထိုင်းဗဟိုဘဏ်ကဘုတ်အဖွဲ့ အစည်းအဝေးနှစ်ကြိမ်တိုင် မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားခဲ့ပါတယ်။

Pages