Background
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ယခုအချိန်အထိ ငြိမ်သက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာငွေ လဲလှယ်နှုန်းသည် ငွေလဲစင်တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၄၉ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်တွင်လည်း ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၅၀ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။
တောင်ကိုရီးယားနိုင်ငံရဲ့ ပြည် တွင်းငွေချေးဘဏ်တွေမှာ ကာလရှည် ကြာမှ ပြန်လည်ပေးဆပ်ရ မဲ့ နိုင်ငံ ခြားငွေတွေချေးငွေတွေရှိနေတဲ့ အ တွက် တတိယသုံးလပတ်မှာ ကိုရီးယား နိုင်ငံရဲ့ကြွေးမြီကဒေါ်လာ ၄၁၉ ဒသမ ၄ ဘီလီယံထိရှိနေတာကို ဗဟိုဘဏ် စာရင်းများအရ နိုဝင်ဘာ ၂၀ ရက်က တွေ့ရကြောင်းရှင်ဝှာ သတင်းဌာနကဆို ပါတယ်။
လာမဲ့ဇန်နဝါရီမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးချောက်ကမ်းပါး စတင်ဖြစ်ပေါ်လာရင် မလေးရှားစီးပွားရေးတိုးနှုန်းကလာမဲ့ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကြားရှိမယ်လို့ ဥဃဃြ ဘဏ်မှ စီးပွားရေးပညာရှင် ဂန်ဒီကာယာဒီ က ပြောပါတယ်။
မိမိတို့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် ဖိလစ်ပိုင်၊ စင်ကာပူနဲ့ တရုတ်(တိုင်ပေ) လို အာရှနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက ဒေါ်လာတွေကို ဝယ်ယူလျက်ရှိပါတယ်။ ဗဟိုဘဏ်တွေက ဆောင်ရွက်တဲ့ငွေကြေး မူဝါဒလျှော့ချမှုတွေက ရရှိတဲ့အကျိုး ခံစားခွင့်တွေကို ရရှိတာ ထွန်းသစ်စ အာရှ ငွေကြေးတွေ ဖြစ်ပါတယ်။
တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကငွေလဲလုပ်ငန်းများ ဖွင့်လှစ်ပေးခြင်းဖြင့်တရားမဝင် ငွေလဲလှယ်နေသည့် ငွေမှောင်ခိုလဲလှယ်ေ နသူများ ပပျောက်သွားနိုင်ကြောင်း ငွေလဲ လုပ်ငန်းကို တရားဝင်လုပ်ကိုင်လိုသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရုတ်ကုန်သည်တွေအတွက် ယွမ်နဲ့ငွေပေးချေဖို့ ခွင့်ပြုတဲ့နည်းဥပ ဒေတွေဒီနှစ်ထဲမှာ ထုတ်ပြန်ပြီးတဲ့ နောက် သူတို့စိတ်ကြိုက်ငွေကြေးအ ဖြစ်ယွမ်ငွေကြေးကိုအသုံးပြုတဲ့နိုင်ငံခြား ကုမ္ပဏီအရေအတွက်ကပိုမိုများပြား လာတာတွေ့ရကြောင်းနဲ့ ယွမ်ငွေကြေး နဲ့ပေးချေတဲ့ပြင်သစ်ကုမ္ပဏီအရေအတွက် ကယခင်သုံးလပတ် နဲ့နှိုင်းယှဉ်ရင်ဒုတိယ သုံးလပတ်မှာ ၃၀ ရာခိုင်နှုန်းတိုးတက် လာကြောင်းasiaone မှာဖော်ပြထား ပါတယ်။
ဖွံ့ဖြိုးမှုနှုန်းနှေးကွေးပြီး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ တွေ့ကြုံနေရပေမဲ့ စင်ကာပူပြည်တွင်းဘဏ်သုံးခုက တတိယသုံးလပတ်မှာမျှော်မှန်းထားတာထက် ကျော်လွန်ပြီးအကျိုးအမြတ်တွေ ရရှိလာခဲ့ပါတယ်။ ပြည်တွင်းပြည်ပ စီးပွား ရေးတွေကြံ့ခိုင်မှုရှိလာပြီဆိုတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ DBS Group Holdings OCBC Bank နဲ့ United Overseas Bank တို့ကဒေသတွင်း လုပ်ငန်းချဲ့ထွင်မှုကြောင့်အကျိုးအမြတ်တွေရရှိခဲ့ပါတယ်။ ထို့ပြင် တစ်စစ တိုးပွား လာတဲ့လူလတ်တန်းစားတွေကို သာမက အစဉ်အလာအားဖြင့် အပြည်ပြည် ဆိုင်ရာဘဏ်တွေ ရဲ့ ဖေါက်သည်တွေဖြစ်တဲ့ လူချမ်းသာတွေကိုပါရင်းနှီး မြှုပ်နှံမှု ဆိုင်ရာစာချုပ်စာတမ်းတွေ ရောင်းချမှုတွေကို တိုးတက်ဆောင်ရွက် နိုင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဂရိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဘတ်ဂျက်လိုငွေ က ကမ္ဘာ့စီးပွားရေးနာလန် ထူတာကို နှောင့်နှေးစေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှု ကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ပိုစွန့်စား ရတဲ့ အက်ဆက်တွေမှာ ရင်းနှီးထားတဲ့ ငွေတွေကို ပြန်သိမ်းလာတာကို တွေ့ရ ပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေ က ယခုရက်သတ္တပတ်အတွင်းမှာ ကျ ဆင်းခဲ့တာကို တွေ့ရပါတယ်။
ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များတွင် ဖွင့်လှစ်ထားသည့် ငွေလဲစင်တာ များကို ပိတ်ရက်မရှိဖွင့်လှစ်ပေး ပါက ငွေလဲလှယ်လိုသူများအတွက် အထူးအဆင် ပြေစေနိုင်ကြောင်း သိမ်ဖြူငွေလဲစင်တာ တွင် ငွေလာရောက်လဲ လှယ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဗဟိုဘဏ်မှ ဟောင်းနွမ်းဒေါ်လာများကို လဲလှယ်ပေးမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည့် အတွက် ပြင်ပငွေလဲဈေးကွက်အတွင်းရှိ ငွေလဲနှုန်းနှင့် ပုဂ္ဂလိက ဘဏ်များ၏ငွေလဲစင်တာများရှိ ငွေလဲနှုန်းတို့ ကွာဟမှု နည်းပါးလာခဲ့ကြောင်း သိရသည်။
ပြင်ပငွေလဲဈေးကွက်တွင် အောက်တိုဘာ ၂၆ ရက်က အမေရိကန် တစ် ဒေါ်လာလျှင် ရောင်းဈေး ၈၄၇ ကျပ်၊ ဝယ်ဈေး ၈၄၆ ကျပ်ရှိခဲ့သည်။ ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲစင်တာများတွင်လည်း အောက်တိုဘာ ၂၆ ရက်က ရောင်းဈေး ၈၅၀ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်ရှိခဲ့သည်ကိုတွေ့ရသည်။ငွေလဲစင်တာများနှင့် အပြင်ငွေလဲဈေးကွက်တို့ ကွာဟချက်နည်းပါးလာခြင်း ကြောင့် ပြင်ပငွေဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှု နည်းပါးသွားကြောင်း ငွေလဲ ဈေးကွက်အတွင်းမှ သိ ရှိရသည်။"ကျွန်တော်တို့ ဒီနေ့ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်ဖြစ်တာတွေ နည်းသွားတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် ငွေလဲတဲ့သူတွေ တော်တော်များ များလာတယ်။ အခုတော့ စင်တာတွေက ဟောင်းနွမ်းငွေစက္ကူတွေကိုပါ သင့်တင့်တဲ့ ဈေးနဲ့ဝယ်ပေးတယ်ဆိုတော့ ကျွန်တော်တို့ဈေးကွက်မှာ အရောင်းအဝယ်က နည်း သွားတယ်။ ကျွန်တော်တို့လည်း ဘဏ်နားတွေမှာ သွားပြီးတော့ ကျန်ဖြတ်ဆွဲလို့ မရတော့ဘူးပေါ့"ဟု ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မယ်သီတာ