Main menu

Background

Monday, 29 Oct 2012

တိုးတက်ပြီးနိုင်ငံတွေမှာ ဆောင် ရွက်နေတဲ့ငွေကြေးမူဝါဒလျှော့ချတာ တွေကြောင့်ဖြစ်ပေါ်လာတဲ့ ငွေကြေး စီးဝင်မှုတွေကနေမိမိတို့ငွေကြေးတွေကို ကာကွယ်နိုင်အောင် အာရှနိုင်ငံတွေက အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်  ထိုင်းဗဟိုဘဏ်ကလည်း ကုမ္ပဏီတွေနဲ့တစ်သီးပုဂ္ဂလတွေအတွက် ချမှတ်ထားတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံမှုစည်းမျဉ်းစည်းကမ်းတွေကို လျှော့ချသွားမှာဖြစ်ပါတယ်။ အသစ်ချ မှတ်လိုက်တဲ့စည်းမျဉ်း ဥပဒေတွေအရ ငွေကြေးစီးထွက်သွားဖို့လွယ်ကူအောင် အများကြီးအထောက်အကူပေးမှာဖြစ် ပြီး၊ထိုင်းကုမ္ပဏီတွေနဲ့ တစ်သီးပုဂ္ဂလိတွေ ကသူတို့ရင်းနှီးမြှုပ်နှံမှုတွေက အမျိုးမျိုး ခွဲခြားပြီးယှဉ်ပြိုင်နိုင်မှုကို ခိုင်မာလာ အောင်အားေ ပးနိုင်မှာဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်ကထုတ်ပြန် တဲ့ဗဟိုဘဏ်ကကြေညာချက်မှာဖေါ်ပြ ထားပါတယ်။

Monday, 29 Oct 2012

ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်တဲ့ အမေရိကန်စီးပွားရေးကို နာလန်ထူလာ အောင် အထောက်အကူပေးဖို့အတွက် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမဲ့မူဝါဒကို ဆက်လက်ထိန်းသိမ်း မှာဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ် ကပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြား ပြီးနောက်ပိုင်းမှာ စတော့ရှယ်ယာဈေး တွေ က လေးရက်အတွင်း အနိမ့်ဆုံးကို ကျဆင်းတဲ့အတွက် အာရှငွေကြေးတွေ ရှစ်လအတွင်း အမြင့်ဆုံးနှုန်းကိုရောက် ရှိခဲ့ပါတယ်။

Monday, 29 Oct 2012

ဗဟိုဘဏ်မှ ဟောင်းနွမ်းဒေါ်လာများကို လဲလှယ်ပေးမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည့် အတွက် ပြင်ပငွေလဲဈေးကွက်အတွင်းရှိ ငွေလဲနှုန်းနှင့် ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲစင်တာများရှိ ငွေလဲနှုန်းတို့ ကွာဟမှု နည်းပါးလာခဲ့ကြောင်း သိရသည်။

Wednesday, 24 Oct 2012

စပိန်နိုင်ငံ၏ နိုင်ငံတော်ချေးငွေ အဆင့်ကိုလျှော့ချပြီးနောက်စပိန်နိုင်ငံ မှာအကြီးဆုံးဘဏ်နှစ်ခုဖြစ်တဲ့ Santan der  နဲ့ BBVAအပါအဝင် စပိန်ဘဏ် ခုနှစ်ခုတို့ရဲ့ ချေးငွေအဆင့်ကို Standard & Poor  ချေးငွေအဆင့်သတ် မှတ်ရေးအေဂျင်စီကလျှော့ချခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက အဆင့်လျှော့ချခံရတဲ့ဘဏ်တွေထဲမှာ ဆန်တန်ဒါ၊ BBVA    ဘန်ကန်စတို၊ ဘန် ကိုပေါ်ပြူလာ၊    Bankia-BFA   ဘန်ကို ဆာဘာဒဲနဲ့ ကိုင်ဇာဘဏ်တို့ ပါဝင် ကြောင်း နယူးယောက်အခြေစိုက်ချေး ငွေအဆင့်သတ်မှတ်ရေးအေဂျင်စီရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ S&P က စပိန်နိုင်ငံရဲ့ချေးငွေအ ဆင့်ကိုနှစ်မှတ်လျှော့ချပြီးသတ်မှတ်ပြီး အဆိုးဆုံးအခြေအနေထက်တစ်ဆင့် သာပိုပြီးထားရှိခဲ့ပါတယ်။ တခြားအေ ဂျင်စီတစ်ခုဖြစ်တဲ့ Moody's Investor Service ကလည်း စပိန်နိုင်ငံရဲ့ ကြွေးးမြီအဆင့်ကိုအလားတူလျှော့ချ ခဲ့ပြီးစပိန်နိုင်ငံရဲ့ ဘွန်းစာချုပ်များကို အဆင့်မမီတဲ့ဘွန်းစာချုပ်အဖြစ်သတ် မှတ်ပြီးကြွေးမြီအဆင့်ကို ယခုလကုန် မှာလျှော့ချဦးမယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီလိုလျှော့ချခံရမယ်ဆိုရင် စပိန် နိုင်ငံရဲ့ချေးငွေအဆင့်ကဇောက်ထိုးကျ ဆင်းပြီးနိုင်ငံတော်ကယ်တင်မှုချေးငွေ ကိုရှာဖွေရမဲ့ဘဝကို စပိန်နိုင်ငံကျရောက် သွားနိုင်ပါတယ်။ S&P  က ဆန်တန်ဒါနဲ့ဘန်နက် စတိုရဲ့လက်အောက်ခံဘဏ်တွေရဲ့အ ဆင့်ကို A မှ BBB   အဆင့်သို့လျှော့ချ ခဲ့ပြီးBBVA    ဘဏ်ကို   BBB + ကနေ အဆင့် BBB - သို့ အဆင့်နှစ်ဆင့် လျှော့ချသတ်မှတ်ခဲ့ပါတယ်။Source.AFP

Wednesday, 24 Oct 2012

ကမ္ဘာ့စီးပွားရေးမှာအာရှရဲ့ အခန်းကဏ္ဍ အရေးပါလာပါတယ်။ ထို့အတူ လက်ရှိအပြည်ပြည်ဆိုင် ရာ ငွေကြေးစနစ်က ငွေကြေးရဲ့မှန်ကန်တဲ့တန်ဖိုးကို ထိန်းသိမ်းပေးနိုင်တာမရှိတဲ့အတွက် အပြည်ပြည်ဆိုင် ရာ ငွေကြေးသစ်တစ် ခုရရှိရေးကအရေးကြီးလာပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာ တွင်ကျယ် လွှမ်းမိုးနေတာကိုတန်ပြန်ထိန်းညှိဖို့အတွက် ယွမ်ငွေကြေးက အသင့်တော် ဆုံးဖြစ်ကြောင်းအာရှ-ဥရောပဖောင်ဒေး ရှင်းကအောက်တိုဘာ ၁၃ ရက် ကျင်းပ တဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာပါဝင်သူတွေက သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာနဲ့ဆောင်ရွက်သွားနိုင်ဖို့က အလှမ်းဝေးနေ သေးတယ်လို့ပြောပါတယ်။

Wednesday, 24 Oct 2012

ငွေကြေးတန်ဖိုးမြင့်တက်နေတာ တွေကိုထိန်းချုပ်ဖို့ အာရှဒေသတွင်းရှိ ဗဟိုဘဏ်တွေကဈေးကွက် အတွင်းဝင် ရောက်ကိုင်တွယ်ဖြေရှင်းလာတဲ့အတွက် အာရှငွေကြေးအများစုကအောက်တိုဘာ ၁၈ ရက် မှာ တန်ဖိုးအတက်နှေးခဲ့ပါ တယ်။ဒါပေမဲ့ အမေရိကန်ပြည်ထောင် စုရဲ့ အိမ်ခြံမြေကိန်းဂဏန်းတွေ ခိုင်မာ လာတာနဲ့ စပိန်နိုင်ငံက လာမဲ့လမှာ ကယ်တင်ငွေ ကိုတောင်းခံတော့မယ်လို့ ခန့်မှန်းလို့ရရှိ လာတဲ့မျှော်လင့်ချက်တွေ ကမ္ဘာ့ စီးပွားရေးအပေါ် အကောင်း ပို မြင်လာတဲ့အတွက်အောက်တိုဘာ ၁၈ ရက်မှာဒေသတွင်း အာဏာပိုင်အဖွဲ့က ယခုနှစ်အတွင်းစွမ်းဆောင်မှုအကောင်း ဆုံးဖြစ်တဲ့ စင်ကာပူ ဒေါ်လာကို ထိန်း ချုပ်ဖို့ အတွက် ဒေါ်လာများကို ဝယ်ယူ လာတဲ့အတွက် ကနဦး မြင့်တက်မှုကို ပြခဲ့တဲ့ ငွေကြေးတွေက အနည်းငယ် အားလျော့လာပါတယ်။

Sunday, 21 Oct 2012

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဟောင်းနွမ်း နိုင်ငံခြားငွေစက္ကူများအား အောက်တိုဘာ ၂၂ ရက်မှစတင်၍ လက်ခံတော့မည်ဖြစ်ကြောင်း သိရ သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးကွက် တိုးတက်ဖွံ့ဖြိုး စေရန် ရည်ရွယ်၍ နိုင်ငံခြားငွေ များ ရောင်းခြင်း/ဝယ်ခြင်း  လုပ်ငန်းတို့ကို နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် ဆောင်ရွက်ခွင့်ပြုထားပြီး ဘဏ် များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်နှင့်ဆက်သွယ် ၍ နိုင်ငံခြားငွေများ ပေးသွင်းအပ်နှံခြင်း၊ ထုတ်ယူခြင်းကိစ္စ ရပ်များ ဆောင်ရွက်ရန် ယခုနှစ် ဇူလိုင် ၁၈ ရက်နေ့စွဲပါ ငွေကြေး ညွှန်ကြား လွှာအမှတ်-၆/၂၀၁၂-၁၃ ဖြင့် ထုတ် ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Sunday, 14 Oct 2012

ပုဂ္ဂလိကဘဏ်များတွင်ဖွင့်လှစ်ကာ ရောင်းဝယ်လျက်ရှိသည့် ငွေလဲကောင်တာ များတွင် အမေရိကန်ဒေါ်လာများကို လာရောက်ရောင်းချရာ၌ အကန့်အသတ်ဖြင့် ဝယ်ယူနေသကဲ့သို့ ဒေါ်လာများကိုလည်း အစွန်းအထင်းများပါရှိနေပါက ဝယ်ယူမှု မပြုခြင်းအပေါ် ပြည်သူများမှ စိတ်ပျက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Monday, 8 Oct 2012

ဝင်ငွေတစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၂၀၀၀၀ နဲ့ အထက်ဝင်ငွေရှိတဲ့သူတွေရဲ့ ဈေးကွက်ဝေစုအများ ကြီးဖမ်းယူ နိုင်ဖို့အတွက် မလေးရှားနိုင်ငံ  Maybank  က Maybank World MasterCard    ကို ထုတ်ဝေတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်ကကြေညာပါတယ်။ ကတ်ထုတ် ဝေမှုကို ွျှသမိူ ြေျအနမဃမေိ စတင် ထုတ်ဝေတဲ့ ပထမ နှစ်နှစ်အတွင်းမှာ ကတ်အခြေစိုက်စခန်းကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားဖို့ ဘဏ်ကရည်ရွယ်ထား ပါတယ်။

Monday, 8 Oct 2012

တရုတ်နိုင်ငံနဲ့ တရုတ်(တိုင်ပေ) တို့ကငွေကြေးရှင်းလင်းမှုနဲ့ ပေးချေမှု စည်းမျဉ်းဥပဒေများကို ချမှတ်ထားပြီးဖြစ်တဲ့အတွက် ယွမ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရယူဖို့  City Bank Taiwan  ကအရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ဒီငွေချေးဘဏ်ကလောလောဆယ်မှာယွမ်အခြေအနေ ပြုစာချုပ်စာတမ်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပင်လယ်ရပ်ခြားဘဏ် လုပ်ငန်း ယူနစ်  OBU  ကကော်ပိုရေးရှင်းအဖွဲ့အစည်းတွေ အတွက်သာဆောင်ရွက်ပေး နေပါတယ်။ ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ငွေကြေးအာဏာပိုင်တွေက ခွင့်ပြုတာနဲ့ တစ်ပြိုင်နက်ပြည်တွင်းဈေးကွက်မှာ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း City Bank Taiwan    ရဲ့ဥက္ကဌ ဗစ်တာကွမ် က ပြောပါတယ်။

Pages