Background
ဝင်ငွေတစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၂၀၀၀၀ နဲ့ အထက်ဝင်ငွေရှိတဲ့သူတွေရဲ့ ဈေးကွက်ဝေစုအများ ကြီးဖမ်းယူ နိုင်ဖို့အတွက် မလေးရှားနိုင်ငံ Maybank က Maybank World MasterCard ကို ထုတ်ဝေတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်ကကြေညာပါတယ်။ ကတ်ထုတ် ဝေမှုကို ွျှသမိူ ြေျအနမဃမေိ စတင် ထုတ်ဝေတဲ့ ပထမ နှစ်နှစ်အတွင်းမှာ ကတ်အခြေစိုက်စခန်းကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားဖို့ ဘဏ်ကရည်ရွယ်ထား ပါတယ်။
တရုတ်နိုင်ငံနဲ့ တရုတ်(တိုင်ပေ) တို့ကငွေကြေးရှင်းလင်းမှုနဲ့ ပေးချေမှု စည်းမျဉ်းဥပဒေများကို ချမှတ်ထားပြီးဖြစ်တဲ့အတွက် ယွမ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရယူဖို့ City Bank Taiwan ကအရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ ဒီငွေချေးဘဏ်ကလောလောဆယ်မှာယွမ်အခြေအနေ ပြုစာချုပ်စာတမ်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပင်လယ်ရပ်ခြားဘဏ် လုပ်ငန်း ယူနစ် OBU ကကော်ပိုရေးရှင်းအဖွဲ့အစည်းတွေ အတွက်သာဆောင်ရွက်ပေး နေပါတယ်။ ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ငွေကြေးအာဏာပိုင်တွေက ခွင့်ပြုတာနဲ့ တစ်ပြိုင်နက်ပြည်တွင်းဈေးကွက်မှာ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း City Bank Taiwan ရဲ့ဥက္ကဌ ဗစ်တာကွမ် က ပြောပါတယ်။
ဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘွန်းစာချုပ် တွေကိုဥရောပဗဟိုဘဏ်ကဝယ် ဖို့အသင့် ဖြစ်နေပြီလို့ ကြေညာပြီးတဲ့ နောက် အောက်တိုဘာ ၅ ရက်မှာထွန်းသစ်စ အာရှဈေးကွက်တွေ က ငွေကြေးအများ စုရဲ့တန်ဖိုးတွေမြင့်တက်ခဲ့ပါတယ်။
ဗဟိုဘဏ်မှ အများဆုံးအမေရိကန်ဒေါ်လာ တစ်သောင်းအထိ လဲလှယ်ခွင့်ပေးထားသော်လည်း ယခုအခါ တွင် ပုဂ္ဂလိက ဘဏ်များအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၁၀၀၀ အထိသာ လဲလှယ်ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပြင်ငွေလဲ လှယ်နှုန်းနှင့် ပုဂ္ဂလိကဘဏ်များ၏ငွေလဲနှုန်းမှာ များစွာကွာဟနေသဖြင့် ယခုကဲ့သို့ အကန့်အသတ်ဖြင့်သာ ငွေလဲလှယ်ပေး နေရခြင်းဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ People's Bank of China က ၂၀၁၁-၂၀၁၅ ခုနှစ်ဘဏ္ဍာရေးပြုပြင် ပြောင်းလဲမှု စီမံကိန်းကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်စီးပွားရေးကို မြှင့်တင်ပေးနိုင်အောင် ဂျပန်ယန်း ၁၀ ထရီလီယံ (ဒေါ်လာ ၁၂၈ ဘီလီယံ) ငွေကြေး စာချုပ်စာတမ်းများဝယ်ယူရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်မှာ ဖြစ်ကြောင်းစက်တင်ဘာ ၁၉ ရက်က ဂျပန် ဗဟိုဘဏ်က ပြောပါတယ်။ ဂျပန်ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုက ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု ဘဏ်များအတိုင်း လိုက်ပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဗဟိုဘဏ်က ဆောင်ရွက် မည်ဟုယူဆရတဲ့ ငွေကြေးမူဝါဒတွန်း အားပေးအစီအစဉ်များ မှေးမှိန်လာတဲ့ အတွက် ထွန်းသစ်စငွေကြေးအများစု က စက်တင်ဘာ ၂၀ ရက်နေ့မှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တချို့ငွေ ကြေးတွေ တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်တွေက ဝင်ရောက် ကိုင်တွယ်မဲ့ အလားအလာတွေရှိနေ သေးတဲ့အတွက် နည်းနည်းသတိထား ပြီး ဆောင်ရွက်နေပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်နိုင်ငံ တွေရဲ့ စီးပွားရေးကိန်းဂဏန်းတွေက ကမ္ဘာ့စီးပွားရေးတိုးတက် မှုနှေးကွေးနေ တာကို ပိုဆိုးလာနေတဲ့ သဘောမျိုး တွေ့နေရပါတယ်။ ဒါကြောင့် အာရှငွေ ကြေးတွေက တစ်လကျော်အတွင်းမှာ ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်း မှုများပြားခဲ့ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လုပ် ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသား များဘဏ်လီမိတက်အား မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများကို လက် ခံဆောင်ရွက်ခွင့်အား စက်တင်ဘာ ၂၀ ရက်မှစတင်၍ လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မြန် မာနိုင်ငံသားများဘဏ်သို့ သြဂုတ် ၂၄ ရက်တွင် နိုင်ငံခြားသုံးငွေ လုပ်ကိုင်ခွင့် လိုင်စင်ကို ချထားပေးပြီးနောက် ဘဏ် ၏ လုပ်ငန်းဆောင်တာများအား လာ ရောက်စစ်ဆေးမှုကို ပြီးခဲ့သည့် စက် တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။
ယခုရက်ပိုင်းအတွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့်ရထားသည့် ငွေလဲကောင်တာများ၏ရှေ့နှင့် အနီးတစ်ဝိုက်တွင် ဒေါ်လာ မှောင်ခိုရောင်းဝယ်သူများ စုပုံနေကြောင်း သိရသည်။ ပြင်ပဈေးကွက် ၏ ငွေလဲလှယ် သည့်နှုန်းနှင့် စင်တာများ၏ငွေလဲလှယ် သည့်နှုန်းထားများ များစွာကွာဟနေမှုကြောင့် ယခုကဲ့သို့ ဒေါ်လာမှောင်ခို သမားများ ငွေလဲစင်တာများ၏ရှေ့နှင့် အနီးတစ်ဝိုက် တွင် စုပုံနေရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေါ်လာပွဲစားများမှာ ဘဏ်မှထွက်လာသူများထံမှ ငွေကို စောင့်ဆိုင်း၍ ပြန်လည် ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းများပြုလုပ်ကြသည်ကို တွေ့ရသည်။
အာရှဗဟိုဘဏ်များက အခိုင်အမာအဖြစ်ထားရှိရာတွင် ငွေကြေးကိုအမျိုးမျိုးခွဲဖြန့်ထားရှိပြီး ယွမ်ငွေကြေးကိုပါ အသုံး ပြုလာပါတယ်။ သို့ဖြစ်ရာ ယွမ်ငွေကြေးကို အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖြစ် တစ်စစ ဦးတည်လာစေခဲ့ပါတယ်။