Background
ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာဈေးကွက်သည် ယခင်ရက် သတ္တပတ်များကလောက် အတက်မ ကြမ်းတော့ ဘဲ ပြန်လည်ငြိမ်သက်လာ သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ငွေ လဲနှုန်းများ ငြိမ်သက်လာ ရခြင်းမှာ ငွေလဲဈေးကွက်အတွင်း အဝယ်နှင့် အရောင်းမျှခြေတွင်ရှိနေ၍ဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။
တရုတ်ငွေကြေးဖြင့် ချုပ်ဆိုထား သော အာမခံစာချုပ်စာတမ်းများကို Singapore Exchange Ltd က ရောင်းဝယ်ရှင်းလင်းပေးချေရန် အသင့် ရှိကြောင်း၊ ဇူလိုင် ၆ ရက်ကပြောကြား ခဲ့ရာ ပင်လယ်ရပ်ခြားယွမ်ဈေးကွက် တစ်ခု အဖြစ် စင်ကာပူကလည်း တရုတ် နိုင်ငံရဲ့ ငွေကြေးဖြေလျှော့မှုမှ ရရှိမည့် အကျိုးကျေးဇူးများကို ရယူနိုင်ရန် ကြိုး ပမ်း ဆောင်ရွက် လျက်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အလုပ် အကိုင်နဲ့ ပတ်သက်တဲ့ စာရင်းဇယား တွေမထုတ်ပြန်မီ ရင်းနှီးမြှုပ်နှံသူတွေ က ငွေများကို ပြန်ထုတ်ကြတဲ့အတွက် ကမ္ဘာ့အဓိကဗဟိုဘဏ်ကြီးသုံးခုက ငွေ ကြေးဆိုင်ရာမူဝါဒများကို ဇူလိုင် ၅ ရက် ကလျှော့ချခဲ့ပေမဲ့ အာရှငွေကြေးတွေက ဒေါ်လာ၊ ယူရိုတို့နဲ့ ဖလှယ်ရာမှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။
ယခုလအတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက် နေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များ အဆင်ပြေေနေသော် လည်း ပြင်ပငွေလဲ ဈေးကွက်တွင် နေ့စဉ်ဖြစ်ပေါ်နေသည့်ဈေးနှုန်းသည် ငွေလဲစင်တာများ၏ ဈေးနှုန်း ထက် ပိုမိုမြင့်မားနေသည့်အတွက် လုပ်ငန်းရှင်များက စိုးရိမ်မကင်း ဖြစ်နေကြ ကြောင်း သိရသည်။
Industrial & Commercial Bank of China Ltd. ( ICBC ) ဘဏ် အပါအဝင် တရုတ်ဘဏ်တွေက သြစတြေးလျရဲ့ချေးငွေဈေးကွက်ဖြစ်တဲ့ အစုအဖွဲ့ ချေးငွေဈေးကွက် ( Syndicated Loan Market) အတွင်းကိုဝင်ရောက်ဖို့ ကြိုး ပမ်းလျက်ရှိပါတယ်။ သြစတြေးလျဈေးကွက်ဘက်ကို ဦးလှည့်တာဟာကြွေးထူနေ တဲ့ ဥရောပဘဏ်တွေနေရာမှာ အစားထိုးဖို့နည်းလမ်း ရှာလာတာ ဖြစ်ပါတယ်။
အာရှဒေသတွင်းငွေကြေးများ သုံး လပတ်အလိုက်ဈေးနှုန်းကျဆင်းမှုများ ရှိနေပေမဲ့ စပိန်နဲ့အီတလီမှာ ဘဏ္ဍာ ရေးအခက်အခဲ များကိုလျော့ကျအောင် ဆောင်ရွက်ဖို့ ဥရောပခေါင်းဆောင် များက မမျှော်လင့်ဘဲသဘောတူခဲ့ကြ ပြီးနောက် ရင်းနှီးမြှုပ်နှံသူများက ရောင်း ထားသောငွေကြေးများကို ပြန်ဝယ်ခဲ့ ကြပါတယ်။ ဒါကြောင့် ဇွန်၂၉ ရက် မှာအာရှငွေကြေးအများစုတန်ဖိုးပြန် တက်လာတာကိုတွေ့ ရပါတယ်။ စင် ကာပူဒေါ်လာနဲ့ မလေးရှားရင်းဂစ်တို့ရဲ့ တန်ဖိုးများ မြင့်တက်လာခဲ့သလို လ အကုန်မှာ ပို့ကုန်လုပ်ငန်းရှင်များ က တောင်ကိုရီးယားဝမ် ကို ပြန်ဝယ်တဲ့ အတွက် ဝမ်ဈေးမြင့်တက်ခဲ့ပါတယ်။
ယခုလအတွင်း အပတ်စဉ်မြင့်တက်လာသည့် အမေရိကန်ဒေါ်လာဈေးသည် ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၈၀ ကျပ်၊ ဝယ်ဈေး ၈၆၈ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ဒေါ်လာဈေး နေ့စဉ်မြင့်တက်နေမှုကြောင့် ဒေါ်လာဝယ်ယူသူများ များပြား လာသော်လည်း လာရောက်ရောင်းချသူမှာ ဝယ်ယူသူထက် နည်းပါးနေမှုကြောင့် ငွေလဲစင်တာများ အခက်တွေ့နေရကြောင်း သိရသည်။
အီးယူဒေသကြွေးမြီအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုထိခိုက်ကာ ပြည်ပဝယ်လို အား လျော့ကျမယ်လို့ ခန့်မှန်းနေကြချိန်မှာ တရုတ်ဗဟိုဘဏ်က ယွမ်ငွေလဲလှယ်တဲ့ အညွှန်းနှုန်းကို လျှော့ချလိုက်ရာ တရုတ်ယွမ်ငွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်။
စပိန်နိုင်ငံရဲ့ ဘဏ်တွေကို ကယ်တင်ဖို့အတွက် ယူရိုဘီလီယံ ၁၀၀ (ဒေါ်လာ ၁၂၅ ဘီလီယံ) ကို စပိန်နိုင်ငံက တောင်းခံခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်နှစ်က ဥရောပဒေသမှာကြွေးမြီအကျပ် အတည်း ဖြစ်ပေါ်ပြီးနောက် ပိုင်း ကြွေးမြီအကျပ် အတည်းဖြေရှင်းဖို့ အကူအညီတောင်းခံတဲ့ ယူရိုငွေကြေးသုံး အဖွဲ့ဝင်နိုင်ငံတွေမှာ စတုတ္ထမြောက် နိုင်ငံဖြစ်ခဲ့ပါ တယ်။
ယခုရက်သတ္တပတ်အတွင်း အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့တွေ့ဆုံပြီးအတိုးနှုန်းတွေကို ညှိနှိုင်းခဲ့ကြပါတယ်။ ဂရိနိုင်ငံရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမတိုင်မီ ဥရောပရဲ့ ကြွေးမြီအကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာနိုင်တဲ့အတွက် စီးပွားရေးတွန်းအားပေးအစီအစဉ်တွေကို ခေတ္တဆိုင်းငံ့ထား ကြပါတယ်။