Background
ဇူလိုင် ၂၆ ရက်မှာ ထွန်းသစ်အာရှ ငွေကြေးများ ပြန်လည်မြင့်တက်လာခဲ့ ပါတယ်။ ဥရောပတိုက်ကြွေးမြီအကျပ် အတည်း သက်သာစေဖို့ အတွက် ဥရောပက ပြန်လည်ဆောင်ရွက်လာပြီ ဖြစ်တဲ့အတွက် ဈေးကျလို့ ရောင်းထား တဲ့ ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံသူတွေ က ပြန်လည် ဝယ်ယူခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်းတွင် ပြည် တွင်းငွေလဲနှုန်းသည် အတက်အကျမရှိ ဘဲ ဆက်လက် ငြိမ်သက်နေခဲ့သည်ကို တွေ့ရသည်။ပုဂ္ဂလိက ငွေလဲစင်တာများတွင် လည်း တစ်နေရာနှင့်တစ်နေရာ ငွေလဲ နှုန်းများမှာ များစွာကွာဟခြင်းမရှိဘဲ လဲလှယ်လျက်ရှိသည်ကို တွေ့ရသည်။
တရုတ်ယွမ်ငွေကို အာရှဒေသမှာ ကုန်သွယ်မှုငွေပေး ငွေချေပြုလုပ်ရာမှာ တစ်စစ တိုးတက် အသုံးပြုလာလို့ အာရှဒေသရဲ့ နိုင်ငံခြားအရန်ငွေကြေးတစ်ခုအဖြစ် ရောက်ရှိ လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဇူလိုင် ၁၉ ရက်က ပြောပါ တယ်။
ဘဏ်ကြီးတွေက ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်း အတိုင်း ကျင့် သုံးဆောင်ရွက်ခြင်းရှိ/မရှိ ကမ္ဘာတစ်ဝန်းမှာ စုံစမ်းစစ်ဆေးမှုေ တွ ဆောင် ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အာရှဒေသရှိအာဏာပိုင်တွေကလည်း ပြည် တွင်းမှာ ဆောင်ရွက်နေတဲ့ အခြေခံအတိုးနှုန်းတွေ ကို စူးစမ်းလေ့လာလျက်ရှိ ပါတယ်။
ကမ္ဘာမှာ စီးပွားရေးအရ အကြီး ဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိ ကန်နိုင်ငံတို့ရဲ့ စီးပွားရေးတွေ ပြန်လည် ရှင်သန်လာအောင် ဒီနိုင်ငံကြီးတွေက သူတို့ရဲ့မူဝါဒတွေကို ပြန်လည်ချိန်ကိုက် တော့မဲ့ အလားအလာတွေ တွေ့နေရ တဲ့အတွက် အာရှ ငွေကြေးတွေရဲ့ ရက် သတ္တပတ် အလိုက်တန်ဖိုးတွေ ဒုတိယ မြောက် ရက်သတ္တပတ်အဖြစ် မြင့်တက် လာခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ငွေလဲနှုန်းများသည် အပြောင်းအလဲအနည်းငယ်မျှဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ငြိမ် သက်နေခဲ့ သည်ကို တွေ့ရသည်။ သို့သော် ပြင်ပပုဂ္ဂလိကဘဏ်များရှိ ငွေလဲစင်တာများတွင်မူ ဘဏ်တစ်ခုနှင့်တစ်ခု ငွေလဲနှုန်းများ တူညီခြင်းမရှိဘဲ လဲလှယ်ပေးလျက်ရှိသည်ကိုတွေ့ရသည်။
ပြည်တွင်းငွေချေးငွေဘဏ်တွေမှာ ရေရှည်ချေးယူငွေများအတွက် ကြိုတင် အာမခံပေးထားတဲ့ နိုင်ငံခြားငွေများ အလုံအလောက်ရှိနေတဲ့အတွက် တောင် ကိုရီးယားဘဏ်တွေက ဇွန်မှာ နိုင်ငံခြားကြွေးမြီတွေ ကို ပြန်လည်ပေးဆပ် နိုင် ခဲ့ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့က ဇူလိုင် ၁၂ ရက်က ပြောကြားပါ တယ်။
တရုတ်ကထုတ်ပြန်တဲ့ စီးပွားရေး ကိန်းဂဏန်းများအရ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေတယ် ဆိုတဲ့ အချက်ကို ပိုမို အထောက်အကူဖြစ်စေ ခဲ့ပါတယ်။ ဒါကြောင့် နှစ်လတာကာလ အတွင်းမှာ ဒေသတွင်းစတော့ရှယ်ယာ ဈေးကွက်တွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့တဲ့အတွက် အာရှငွေကြေး ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်း တာဟာ ဒုတိယရက်သတ္တပတ် ထဲကိုဝင် ရောက်လာခဲ့ပါတယ်။
ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာဈေးကွက်သည် ယခင်ရက် သတ္တပတ်များကလောက် အတက်မ ကြမ်းတော့ ဘဲ ပြန်လည်ငြိမ်သက်လာ သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ငွေ လဲနှုန်းများ ငြိမ်သက်လာ ရခြင်းမှာ ငွေလဲဈေးကွက်အတွင်း အဝယ်နှင့် အရောင်းမျှခြေတွင်ရှိနေ၍ဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။
တရုတ်ငွေကြေးဖြင့် ချုပ်ဆိုထား သော အာမခံစာချုပ်စာတမ်းများကို Singapore Exchange Ltd က ရောင်းဝယ်ရှင်းလင်းပေးချေရန် အသင့် ရှိကြောင်း၊ ဇူလိုင် ၆ ရက်ကပြောကြား ခဲ့ရာ ပင်လယ်ရပ်ခြားယွမ်ဈေးကွက် တစ်ခု အဖြစ် စင်ကာပူကလည်း တရုတ် နိုင်ငံရဲ့ ငွေကြေးဖြေလျှော့မှုမှ ရရှိမည့် အကျိုးကျေးဇူးများကို ရယူနိုင်ရန် ကြိုး ပမ်း ဆောင်ရွက် လျက်ရှိပါတယ်။