Main menu

Background

Monday, 9 Apr 2012

    အမေရိကန်ပြည်ထောင်စု ဗဟို ဘဏ်မှ ငွေကြေးတွန်းအားပေးအစီအ စဉ်အတွက် အလားအလာနည်းပါး သွား ခြင်းနဲ့အတူ ဒေသတွင်းသို့ငွေကြေးစီး ဝင်ဖို့ အခက်အခဲများတွေ့ရတဲ့အတွက် ထွန်းသစ်စအာရှနိုင်ငံတွေ ရဲ့ ငွေကြေးတွေ က ဧပြီ ၄ ရက်နေ့ကကျဆင်းခဲ့ တာတွေ့ရပါသည်။

Sunday, 8 Apr 2012

         ဧပြီ ၂ ရက်မှာ ရွှေဈေးနှုန်းက အနည်းငယ်သာ  အပြောင်းအလဲရှိခဲ့ ကြောင်း၊ တရုတ်နိုင်ငံ ငွေကြေးဈေး ကွက်အပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကိန်းဂဏန်းအချုပ်နဲ့ အီးယူနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်လျက် ရှိကြောင်း သတင်းရရှိပါတယ်။ ယခင် လတွေက လူအများက ဥရောပကြွေးမြီ အကျပ်အတည်းအပေါ်  အာရုံစိုက်မှု တွေရှိနေခဲ့ရတယ်။

Sunday, 8 Apr 2012

     ဧပြီလ ၂ ရက်မှ စတင်သတ်မှတ်လိုက်သည့် နှုန်းရှင်စနစ်ကြောင့် အမေရိကန် ဒေါ်လာဈေးကွက်မှာ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။အဆိုပါနှုန်းရှင်ကို ဗဟိုဘဏ်မှ နေ့စဉ်ဈေးကွက်ပေါက်ဈေးအလိုက် သတ် မှတ်ပေးပြီး နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များနှင့် အစိုးရဘဏ် များသည် ယင်းနှုန်းထားကို Midrate ယူ၍ (+)သုည ဒသမ ၈ရာခိုင်နှုန်း၊ (-) သုည ဒသမ ၈ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tuesday, 3 Apr 2012

    အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကြောင့် ဒီဒေသတွင်းမှာရှိတဲ့ ငွေကြေး စာချုပ်စာတမ်းတွေက ကမ္ဘာ့ရင်းနှီးမြှုပ် နှံသူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ပါ တယ်။ ဒါကြောင့် အိန္ဒိယရူပီးနဲ့ မလေး ရှားရင်းဂစ်တို့ကဦးဆောင်ပြီး ယခုသုံး လပတ်အတွင်းမှာ အာရှငွေကြေးတွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

Tuesday, 3 Apr 2012

          လာမည့်နှစ် ၃၀ ကျော်အတွင်း ဆောင်ရွက်မဲ့ အဆင့်သုံး ဆင့် နည်းစဉ်က ရေရှည်ဖွံ့ဖြိုးမှုကို အထောက် အကူပေးပြီး ငွေကြေးစုံစနစ်ကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရင်မင်တက္ကသိုလ်က တရုတ်နိုင်ငံဗဟိုဘဏ် အစိုးရကိုပေးတဲ့ အကြံပြုချက်တွေအနက်တစ်ခုက ယွမ်ငွေကြေးကို အပြည် ပြည်ဆိုင်ရာသုံး ငွေကြေးအဖြစ် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

Tuesday, 3 Apr 2012

    ဘတ်ငွေတန်ဖိုးနိမ့်ကျတာကို တွေ့မြင်လိုကြောင်းနဲ့ ဗဟိုဘဏ်ကဘဏ်ရဲ့ အဓိကဗဟိုဘဏ်ဖလှယ်နှုန်းကို နှိမ့်ချပေးသင့်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာရနောင်းက မတ် ၂၈ ရက်ကပြောပါတယ်။ နိုင်ငံခြားငွေတွေ ထိုင်းနိုင်ငံ ထဲလှိမ့်ဝင်လာရင် ဘတ်ငွေတန်ဖိုးမြင့်တက်လာနိုင်တဲ့အတွက် ဒီလိုအလုံးအရင်းနဲ့ လှိမ့်ဝင်လာမှာကို မလိုလားကြောင်း စီးပွားရေးရာဒုတိယဝန်ကြီးချုပ် လည်းဖြစ်သူ ကစ်တီရပ်ကပြောပါတယ်။

Monday, 2 Apr 2012

             မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှစတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းအား ဈေးကွက် အခြေခံ သော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင် ကျင့်သုံးမည်ဖြစ်ပါသည်။

Monday, 2 Apr 2012

ယခုတစ်ပတ်အတွင်းတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် အတက်အကျမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့ရသည်။"ဒီတစ်ပတ်အတွင်းမှာတော့ ဒေါ်လာဈေးနှုန်းက ငြိမ်နေတာပါ။ အဲဒါက နိုင်ငံတော်က ဈေးနှုန်းကို နှုန်းရှင်သတ်မှတ်တော့မယ်ဆိုတဲ့ သတင်းက အတိအကျ ထွက်လာပြီလေ။ အဲဒီတော့ ဒေါ်လာဈေးကို ဘယ်လောက်သတ်မှတ်မလဲဆိုတာသာ မသိရတာ။

Monday, 2 Apr 2012

            ပြင်ပငွေဈေးကွက်တွင်အမေရိကန် ဒေါ်လာများရောင်းချရန်မရှိသလောက် ပြတ်နေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာများကို အရောင်းအဝယ် ပြုလုပ် ရာတွင် ငွေလဲစင်တာများမှ နေ့စဉ်ထုတ်ပြန်သည့်ငွေဈေးထက် ပိုမိုပေးကာ ဝယ်ယူ နေကြကြောင်း သိရသည်။

Monday, 2 Apr 2012

တရုတ်နိုင်ငံ ဖိနပ်ထုတ်လုပ်သူဖြစ်တဲ့  Huajian Group ကုမ္ပဏီက အီသီယိုးပီးယားနိုင်ငံမှာ ကုန် ထုတ်လုပ်မှုဇုန်ကိုထူထောင်ဖို့ စီစဉ်လျက်ရှိပြီး ၎င်းလုပ်ငန်းမှ ဆယ်စုနှစ်အတွင်း တစ်နှစ်ကို တင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဘီလီယံအထိရရှိနိုင်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Huajian Group က ပြောကြား လိုက်တယ်။

Pages