Main menu

Background

Wednesday, 3 Nov 2021

            အိန္ဒိယနိုင်ငံရှိ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုဖြစ်သော Cadila Healthcare (Zydus Cadila) သည် ZyCoV-D ဟု အမည်ပေးထားသော Covid-19 ရောဂါ ကာကွယ်နိုင်မည့်ဆေးအား သုတေသနပြုဖော်ထုတ်ခဲ့ရာ အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေးဌာန (DCGI) ထံမှ အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုလက်မှတ်ကို ၂၀-၈-၂၀၂၁ နေ့တွင် ရရှိခဲ့ပြီးဖြစ်ပါသည်။

Tuesday, 2 Nov 2021

             ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၈.၃၅၆ သန်းအထိ ရောက်ရှိနိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၉၈.၈၈၇ သန်း စိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့်အကြံပေးကုမ္ပဏီ Safras & Mercado ကုမ္ပဏီ၏သတင်းတွင် ဖော်ပြထားသည်။

Monday, 1 Nov 2021

          ဂျပန်ဗဟိုဘဏ်သည် COVID-19 ကူးစက်ပြန့်ပွားမှု၏ သက်ရောက်မှုကြောင့် ကျဆင်းခဲ့သည့်စီးပွားရေးတွင် သက်သာလျော့ပါးစေရန် ယခုဘဏ္ဍာနှစ်အကုန်ကာလ (၂၀၂၂ ခုနှစ်၊ မတ်လ အထိ) နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းနှင့် အခြားသောငွေကြေးမူဝါဒပိုင်းဖြေလျှော့မှုများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Monday, 1 Nov 2021

            လက်ရှိ၌ ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၀ ကျော်ထံ COVID-19 ကာကွယ်ဆေး အရေအတွက် သန်း ၃၀ ခန့်လှူဒါန်းပြီးဖြစ်ကာ တရုတ်(တိုင်ပေ)သို့ ကာကွယ်ဆေးများထပ်မံလှူဒါန်းရန် ပြင်ဆင် နေသည့် ဂျပန်နိုင်ငံသည် COVID-19 ကာကွယ်ဆေးလှူဒါန်းမှုတွင် ကမ္ဘာ့တတိယမြောက် အများ ဆုံးလှူဒါန်းသည့်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အောက်တိုဘာလ ၂၇ ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့ ပါသည်။

Monday, 1 Nov 2021

  အိန္ဒိယနိုင်ငံ၌၂၀၁၈ ခုနှစ်မိုးသီးနှံရာသီမှစတင်၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန်ခွင့်ပြုခဲ့သော ပူစာအာဟာ-၁၆ (Pusa Arhar-16) ဟုအမည်ပေးထားသည့်သက်တမ်းတို ပဲစင်းငုံမျိုးစိတ်အသစ်အား ပြည်နယ်များစွာတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရပါသည်။

Monday, 1 Nov 2021

               နယ်သာလန်နိုင်ငံ၊ Flevoland ပြည်နယ်ရှိ အော်ဂဲနစ်ကြက်မွေးမြူရေးခြံတစ်ခု၌ ကူးစက်မြန်ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်မျိုး ကူးစက်ပြန့်ပွားမှုကြောင့် နယ်သာလန်ရှိ ကြက်/ဘဲ မွေးမြူသူများအနေဖြင့် ၎င်းတို့၏ ကြက်/ငှက်/ဘဲများကို ခြံအတွင်း၌သာ ထိန်းချုပ်ထားရှိရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရပါသည်။

Monday, 1 Nov 2021

      ဥရောပပါလီမန်သည် အီးယူ၏ စိုက်ခင်းမှသည်စားပွဲဆီသို့ မဟာဗျူဟာ (Farm to Fork Strategy) ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀-၁၀-၂၀၂၁ ရက်စွဲဖြင့် ချမှတ်ခဲ့ပြီး၊ ယင်းတွင် သင့်တင့် မျှတ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သည့် စားသောက်ကုန် စနစ်တစ်ရပ်ကို ပါလီမန်က တောင်းဆိုထားကြောင်း သိရပါသည်။

Monday, 1 Nov 2021

          ဘယ်လ်ဂျီယံနိုင်ငံရှိ ဘရပ်ဆဲလ်လေဆိပ်သည် ၂၀၂၁ ခုနှစ်တွင် ဥရောပ၏ကုန်တင်လုပ်ငန်းဆိုင်ရာအကောင်းဆုံးလေဆိပ်အဖြစ် အမည်စာရင်းဝင်ခဲ့ကြောင်းသိရပါသည်။ ထောက်ပံ့သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များ၊ ပင်လယ်ဆိပ်ကမ်းများ နှင့်အခြားထောက်ပံ့သယ်ယူရေးလုပ်ငန်းများအတွက် Asian Freight, Logistics and Supply Chain (AFLAS) ဆုကို Asia Cargo News မှ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ယခုနှစ်အတွက် ဘရပ်ဆဲလ်လေဆိပ်က ဥရောပ၏အကောင်းဆုံးလေဆိပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

Monday, 1 Nov 2021

        လူဉီးရေ (၅၁) သန်းကျော်ရှိသော ကိုရီးယားသမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား (၁)နှစ်နှင့်(၉) လကြာ ရင်ဆိုင်ခဲ့ပြီးသည့်နောက်၊ မူလလျာထားချက်အတိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်အရေအတွက် အပြည့်အဝထိုးပြီးမှု (၇၀) ရာခိုင်နှုန်း ကျော်ခဲ့ပြီးဖြစ်ရာ၊ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများအား အဆင့်(၃)ဆင့်ဖြင့် (၃)လအတွင်း ဖြေ လျော့၍ မူလပုံမှန်လူနေမှုဘဝအခြေအနေသို့ရောက်ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့် (Phase I) အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Korea Disease Control and Prevention Agency (KDCA) က (၂၅-၁၀-၂၀၂၁) ရက်နေ့တွင

Friday, 29 Oct 2021

ပစိဖိတ်ရပ်ဝန်းဒေသဆိုင်ရာ စီးပွားရေးအကျိုးအမြတ်အပေါ် သံခင်းတမန်ခင်းအရ ညှိနှိုင်းမှု သည် လတ်တလော၌ အရှိန်အဟုန်ပိုမိုမြင့်မားလာသည်ဟု သုံးသပ်နိုင်ပါသည်။ သို့ဖြစ်ရာ လာမည့် အထွေထွေရွေးကောက်ပွဲအတွက် လုံးပမ်းနေရသည့် ဂျပန်နိုင်ငံအနေဖြင့်  အဆိုပါကိစ္စအပေါ် မှန်ကန်သောဦးတည်ချက်ဖြင့်သာ ရပ်တည်ဆောင်ရွက်သင့်သည်ဟု သုတေသီများက အကြံပြုသုံး သပ်ကြပါသည်။

Pages