Background
စံချိန်တင် မြင့်မားနေသော စားသောက်ကုန်ဈေးနှုန်းများ ကြောင့် ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော လူဦးရေအား အလွန်အမင်း ဆင်းရဲတွင်းသို့ တွန်းပို့မည့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်လာစေပြီး ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုများ ပိုမိုဖြစ် ပေါ်လာစေကာ ခက်ခက်ခဲခဲ ဆောင်ရွက်ထားရသည့် ဖွံ့ဖြိုးတိုး တက်ရေးရလဒ်များကို ခြိမ်းခြောက်နေသည်ဟု ကမ္ဘာ့ဘဏ်အုပ်စု က ပြောကြားခဲ့သည်။ကမ္ဘာ့ဘဏ်၏ နောက်ဆုံးရရှိသော စားနပ်ရိက္ခာဖူလုံရေး အချက်အလက်များအရ ယူကရိန်းပဋိပက္ခ၊ ထောက်ပံ့ရေးကွင်း ဆက်ပြတ်တောက်မှုနှင့် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် စီးပွားရေး ဆက်လက် ကျဆင်းမှုများက ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ပြော
12th Annual Miami-Export Import International Trade Exhibition ပြပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ အမေရိကန်ပြည် ထောင်စု မီယာမီမြို့Miami Airport Convention Center တွင် ကျင်းပသွား မည်ဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်း ရှင်များအတွက်Myanmar Exports to Global Markets ခေါင်းစဉ်ဖြင့် ပြပွဲတွင် ပါဝင်ပြသနိုင်ရေး စီစဉ်ထားကြောင်း သိရှိရသည်။အဆိုပါပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ၊လက်တင်အမေရိကနှင့် မြေထဲပင်လယ် ဒေသတွင်း ၄၃ နိုင်ငံတို့၏ တင်သွင်း သူများ၊ လက်လီလက်ကား ဝယ်ယူ/ ဖြန့်ဖြူးရောင်းချသူများ၊ ရင်းနှီးမြှုပ်
ထိုင်းနိုင်ငံသည် ယမန်နှစ်က ရုရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀ဝ၀ ခန့်နှင့် ယူကရိန်းနိုင်ငံသို့ ဆန် တန်ချိန် ၂၀ဝ၀ ခန့် တင်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့ရောင်းချသူများအသင်း၏ ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က ပြောကြားခဲ့သည်။
အဝတ်အထည်နှင့်အထည်အလိပ်ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ တင်ပို့မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ GDP ၏ ၃၀ ရာခိုင်နှုန်းအထိရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား ရှစ်သိန်းကျော်အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး လျက်ရှိသောကဏ္ဍဖြစ်သည်။ ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေသည် လည်း နိုင်ငံGDP ၏ ၁၂ရာခိုင်နှုန်းရှိသည်။ ကမ္ဘောဒီးယားနိုင်ငံအနေ ဖြင့် ၂၀၂၅ ခုနှစ်တွင် အဝတ်အထည်နှင့် အထည်အလိပ် ကဏ္ဍ မဟုတ်သည့် အခြားကဏ္ဍများမှ ၁၅ ရာခိုင်နှုန်း၊ လယ်ယာထုတ်ကုန် ကဏ္ဍမှ ၁၂ ရာခိုင်နှုန်းရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ကမ္ဘောဒီးယားနိုင်ငံတွင်ကိုရီးယားကုန်ထုတ်လုပ်ငန်းရှင် ပေါင်း
တောင်ကိုရီးယားသမ္မတ Yoon Suk-yeol အစိုးရ၏ ပထမဆုံးသော အဓိကစီးပွားရေးမူဝါဒ ဆိုင်ရာ လမ်းပြမြေပုံ (Economic Policy Road- map) တွင် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့၍ ကော်ပိုရိတ်အခွန်များကို ၂၅ ရာခိုင် နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသည် (Organization for Economic Coo- peration and Development– OECD)အဖွဲ့ဝင် နိုင်ငံများ၏ ပျမ်းမျှနှုန်းအရဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ဦးဆောင်မှုဖြင့် နိုင်ငံ၏ စီး ပွားရေး တိုးတက်မှုကို ပံ့ပိုးပေးမည်ဟု သမ္မတ Yoon Suk-yeol က ကတိ ပြုထားသည့်အတွက် ပုဂ္ဂလိကကဏ္ဍအား မြှင့်တင် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ် ကြေ
တရုတ်နိုင်ငံ၏ကြီးမားသော ကူးစက်ရောဂါ တိုက်ဖျက်ရေးရလဒ်များနှင့်တိုးတက်မှုလိုလားသော မူဝါဒများ သက်ရောက်မှုရှိလာသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထား ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ဧပြီလတွင် ပြည်တွင်း၌ ကိုဗစ်(၁၉) ပြန်လည် ဖြစ်ပွားမှုမှ ထိခိုက်နစ်နာခဲ့ရသော်လည်း သက်ရောက်မှုများမှာ ခဏတာနှင့် အပေါ်ယံသာဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ပြောရေးဆိုခွင့် ရှိသူ ဖူလင်းဟွာက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။တရုတ်စီးပွားရေး၏ အခြေခံအချက်များမှာ မပြောင်းလဲဘဲ ရှိနေကြောင်း၊ စီးပွားရေး အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်ရေးနှင့် အရည်အ
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိချုံချင်းမြို့မှ ကွန်တိန်နာအလုံး၆၀တင်ဆောင်ထားသောကုန်စည်ပို့ဆောင်ရေးရထားအသစ်တစ်စင်းကိုမေ၂၃ရက်ကစတင်ပြေးဆွဲခဲ့ပြီးတရုတ်နိုင်ငံမှကုန်ပစ္စည်းများကိုလမ်းကြောင်း အသစ်မှ မြန်မာ နိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်သည်။စက်ပစ္စည်းများ၊အီလက်ထရွန်နစ်ဆက်စပ်ပစ္စည်းများနှင့်အခြားအရာများပါဝင်သော ကုန်စည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အနောက်တောင်ဘက် လင်ချန်းမြို့သို့ ဦးစွာရောက် ရှိပြီး ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံမြောက်ဘက်မန္တလေးမြို့သို့ ကုန်းလမ်းဖြင့်ပို့ဆောင်မည်ဖြစ်သည်။ယင်းသည်new Sino-Burmese route (Chongqing-Lingchang-Myanmar) တရုတ်-မြန်မာလမ်းကြောင်း(ချုံ
ထိုင်းနိုင်ငံ အနေဖြင့် ယခုနှစ် မေ ၁ရက်မှစပြီး ပြည်ပခရီးသွားများကို တံခါး ပြန်ဖွင့်ပေးလိုက်ရာ ပထမပတ်၌ပင်ခရီးသည်သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း Bangkok Postသတင်းတစ်ရပ်၏ ဖော်ပြချက်အရသိရသည်။ထိုင်းနိုင်ငံ အစိုးရက၎င်းတို့၏ ခရီးသွားလုပ်ငန်းကိုယခုနှစ်ကုန်အထိ ဧည့် သည် ငါးသန်းမှ ၁၅ သန်းအထိဝင်ရောက်ရန် မျှော်မှန်းထားသည်ဟုဆိုသည်။ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် ခရီးကဏ္ဍဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ကိုဗစ်ကာလမတိုင်မီကထိုင်းနိုင်ငံ၏ခရီးသွားကဏ္ဍတွင် ဧည့်သည် သန်း၄၀ အထိ ပုံမှန်ဝင်ရောက်လေ့ရှိသည်။ ခရီးသွားလုပ်ငန်းမှဝင်ငွေသည်လည်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ အထိ ရရှ
ရုရှား-ယူကရိန်းပဋိပက္ခ၏သက်ရောက်မှုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ကမ္ဘာသို့ စားအုန်းဆီတင်ပို့ရန် ကန့်သတ်မှု၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စားအုန်းဆီနှင့်ဂျုံဈေးများ မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွခြောက်ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီများဖြစ်ကြသော Nongshim နှင့် Ottogi ကုမ္ပဏီတို့သည် အခက်ကြုံတွေ့လျက်ရှိကြသည်။အဆိုပါကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စားသောက်ကုန်ဈေးနှုန်းများတိုးမြှင့်ရန်အတွက်ကိုမူ အထူးသတိပြု ဆောင်ရွက်နေကြောင်း၊ကုန်ဈေးနှုန်းများ ကြီးမြင့်လာသဖြင့် ဈေးတက်သင့်သော်လည်းခေါက်ဆွဲခြောက်သည် တောင်ကိုရီးယားနိုင်ငံ၌လူသုံးများသည့် စားသောက်ကုန်ဖြစ်၍ဈေးတက်ရေးကိုမူ အထူးသတ
အိန္ဒိယနိုင်ငံ၌ မလိုလားအပ်သောစွက်ဖက်အရေးယူမှုများကိုဖယ်ရှားခြင်းဖြင့် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများလွယ်ကူမှုရှိစေရန်အတွက် ၂၀ဝ၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောတိကျစွာတိုင်းတာမှု အက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန်ပြဋ္ဌာန်းချက်များအား ဖြေလျှော့နိုင်ရေးအမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကို အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနကမေ ၉ရက်တွင်ကျင်းပရာတိကျစွာတိုင်းတာမှုလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူများ၊ ပြည်နယ် အစိုးရ အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။အဆိုပါဆွေးနွေးပွဲ၌ရာဇဝတ်ကြောင်းအရ အရေးယူရမည့်ဥပဒေပြဋ္ဌာန်းချက်များအားဖြေလျှော့မှုပြုရာ၌ သဘောတရား