Main menu

Background

Friday, 12 Nov 2021

      အိန္ဒိယနိုင်ငံ၌ Covid-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားရန် အစီအမံများချမှတ်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီးပွားရေး ပြန်လည်နာလည်ထူထောင် လာမှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန် လျင်မြန်စွာတိုးတက်လျက်ရှိရာ လက်ရှိ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး တိုးတက်မှုနှုန်း ၉.၅% အထိ ရနိုင်ဖွယ် ရှိကြောင်း အိန္ဒိယဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Shaktikanta Das က ၁၀-၁၁-၂၀၂၁ နေ့တွင် ပြောကြား ခဲ့ပါသည်။

Thursday, 11 Nov 2021

နိုဝင်ဘာလ (၄)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်ရှိ ဆီမုန်ညင်း၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၆,၂၃၀) ဖြစ်ပါသည်။ ၎င်းဈေးနှုန်း မှာ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော တစ်တန်ပျမ်းမျှဈေးနှုန်း ယွမ်ငွေ (၆,၁၆၀)မှ (၁.၁၄) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်း ဆီမုန်ညင်း ဈေးကွက်မှာ အရောင်းအဝယ်ကောင်းနေပြီး၊ ကုန်သည်များက ဈေးနှုန်းများကို တဖြည်းဖြည်းမြှင့်လာသောကြောင့် ဈေးနှုန်းတက်လာကြောင်း သိရပါသည်။

ရင်းမြစ်၊ SunSirs (၅-၁၁-၂၀၂၁)

Thursday, 11 Nov 2021

တရုတ်နိုင်ငံရှိ ဆေးဝါးသုတေသီများက COVID-19 အားAntibodyဆေးဝါးအချို့ကို အသုံးပြုသည့် ကုထုံးများဖြင့် ကုသပေးနိုင်ရေး ကြိုးစားလျက်ရှိကြရာ အခြေအနေ တိုးတက်လာကြောင်းသိရပါသည်။

ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရDXP-604အမည်ရှိ antibodyမှာ မည်သည့်သန္ဓေပြောင်းမှုမျိုးကိုမဆို ကုသနိုင်ဖွယ်ရှိကြောင်း ပီကင်းတက္ကသိုလ်၏ Beijing Advanced Innovation Center for Genomicsမှ ဒါရိုက်တာ SunneyXieက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ SunneyXieမှာ ကမ္ဘာပေါ်တွင် လူသိများသည့် ဇီဝဓာတုဗေဒပညာရှင်တစ်ဉီးလည်း ဖြစ်ပါသည်။

Thursday, 11 Nov 2021

     ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်း၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ အမြင့်ဆုံးဖြစ်စေလျက်၊ ၂၀၆၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Thursday, 11 Nov 2021

     နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်ရှိ Dalangဘူတာမှ ရုရှားနိုင်ငံ၊ Vorsinoဘူတာသို့ တရုတ်-ဉရောပ အမြန်ရထား X8426ကို စတင် ပြေးဆွဲလိုက်ပြီဖြစ်ပါသည်။ ဤရထားသည် ယခုနှစ်အတွင်း ကွမ်တုန်း-ဟောင်ကောင်- မကာအို မဟာပင်လယ်အော်ဒေသ(GBA)မှ အမှတ်စဉ် (၃၀၀)မြောက်စတင်ခဲ့သည့် တရုတ်-ဉရောပ ရထားဖြစ်ကာ၊ ယခင်နှစ်ကပြေးဆွဲခဲ့မှုထက် (၇၇.၆) ရာခိုင်နှုန်း တိုးတက်လာသည် ကို တွေ့ရပါသည်။

Thursday, 11 Nov 2021

      ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂.၉၉ သန်းနှင့် နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၇၇၀,၃၀၀ တန်တို့အား အသီးသီး တင်ပို့ခဲ့ကြောင်း National Association of Cereal Exporters (Anec)၏ သတင်းတွင် ဖော်ပြထားသည်။

Wednesday, 10 Nov 2021

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၃၈၂.၃ သန်းအထိ ရှိနိုင်ကြောင်း Agricultural Market Information System (AMIS)၏ နိုဝင်ဘာလတွင် ထုတ်ဝေသည် ကမ္ဘာ့ကုန်စည်များ၏ ရောင်းလိုအားနှင့်ဝယ်လိုအားဆိုင်ရာချက်အလက်များ သတင်းသုံးသပ်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုအား ဘရာဇီးလ်နိုင်ငံက တန်ချိန် ၃၈၀.၁ သန်း၊ အမေရိကန်စိုက်ပျိုးရေးဌာန(USDA)က တန်ချိန် ၃၈၅.၁ သန်းနှင့် International Grain Council က တန်ချိန် ၃၇၉.၅ သန်းတို့အား အသီးသီးခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်

Monday, 8 Nov 2021

          တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ ဖြစ်သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား ထိရောက်စွာအသုံးပြုနိုင်ရန် စီမံကိန်းတစ်ရပ်အား တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးမြင့်မားသည့် အရင်းအမြစ်များ အား ဆွဲဆောင်နိုင်စေရေးအတွက် ဖွင့်လှစ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအားထိရောက်စွာအသုံးပြုရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်မှု ရှ

Monday, 8 Nov 2021

             ၂၀၂၁ခုနှစ်၊ ပထမ(၉)လတာကာလအတွင်းတရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ကုန်စည်စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၄.၃၉)ထရီလီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလ တူကထက်(၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံ များသို့ တင်ပို့မှုပမာဏ၊ တရုတ်ယွမ်ငွေ(၁၅.၅၅)ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ ကထက် (၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့သည့်နည်းတူ သွင်းကုန်ပမာဏ တရုတ်ယွမ်ငွေ (၁၂.၇၈) ထရီ လီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၂၂.၆)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အဆို ပါပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှ

Monday, 8 Nov 2021

               ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသည် ရေနံစိမ်းတန်ချိန် (၁၆.၆၁) သန်း ထွက်ရှိလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၃.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ အဆိုပါကာလအတွင်း ထုတ်လုပ်ထွက်ရှိမှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက (၀.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနိုင်ငံ၏ နေ့စဉ်ရေနံစိမ်းပျမ်းမျှထွက်ရှိမှုသည် (၅၅၄, ၀၀၀) တန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာ ကာလ အတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်ထွက်ရှိမှုသည် တန်ချိန် (၁၄၉.၈၄) သန်းရှိရာ ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၂.၅) ရာခိုင်နှုန

Pages