Background
လတ်တလောကာလအတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားမှုများ၏သက်ရောက်မှုအဖြစ် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပြတ်လပ်မှုများကြုံတွေ့ရမှုကြောင့် ကုန်ထုတ်လုပ် သူများမှာအကျပ်အတည်း ရင်ဆိုင်ခဲ့ရပြီး ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည်ဒုတိယသုံးလပတ်ကာလဖြစ်သည့်ပြီးခဲ့သည့် သြဂုတ်လအတွင်း ၂၆ %ခန့်သာမြင့်တက်လာခဲ့သည့် အတွက် မူလခန့်မှန်းထားမှုထက်လျော့နည်းခဲ့ကြောင်း စီးပွားရေးသုတေသီများက သုံးသပ်ခဲ့ပါ သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ယခင်နှစ် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းပိုမိုတိုးတက်နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃.၉၂ သန်းအားတင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပဲပုတ်စေ့တန်ချိန် ၅.၇၉ သန်းအား တင်ပို့ခဲ့ကြောင်းNational Association of Cereal Exporters (Anec)၏ သုသေတန တွေ့ရှိချက် တွင်ဖော်ပြထား သည်။ စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၉၅၀,၈၈၀ တန်နှင့် စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၅ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၁.၃၁ သန်းတို့အားအသီးသီး တင်ပို့ခဲ့ကြေ
“စတုတ္ထမြောက် စက်မှုတော်လှန်ရေး”တွင် တရုတ်က ဉီးဆောင်နိုင်ငံအဖြစ် ပါဝင်
တရုတ်နိုင်ငံတွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသော်လည်း အစိုးရ၏ ဈေးကွက်ယှဉ်ပြိုင်မှုကို အားပေးသည့် ကြိုးပမ်းမှုများကြားဝယ် စီးပွားရေးလုပ်ငန်း ပတ်ဝန်း ကျင်နှင့် ဈေးကွက် အားကောင်းလာခြင်းကြောင့် ပုဂ္ဂလိက တရုတ် စီးပွားရေးလုပ်ငန်းများ ၏ စွမ်းဆောင်ချက်များ တိုးတက်လာသည်ကို တွေ့ရပါသည်။
အိန္ဒိယနိုင်ငံ၌ စီးပွားရေးကဏ္ဍအရပ်ရပ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန်အာဏာပိုင်အဖွဲ့အစည်းများထံသို့လျှောက်ထားမှုများအား ကိုင်တွယ်ဆောင်ရွက်မည့်အမျိုးသားအဆင့် တစ်ခုတည်းသော ပြတင်းပေါက်စနစ်(National Single Window System - NSWS)ကို၂၂-၉-၂၀၂၁ နေ့၌ အင်တာနက်စင်္ကြန်ဖြင့် စတင်လွှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတု ဆိုးရွားမှုကြောင့် ကြံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိပြီး ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိသည့် အခြေအနေကို စောင့်ကြည့်လျက် အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များသည် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကိုဆိုင်းငံ့ထားကြကြောင်း သိရှိရပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ ခေါင်းထောင်နေဆဲဖြစ်သော်လည်း (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ကျင်းပနိုင်ခဲ့ခြင်းက ပေါင်းစည်းထားသည့်ဒေသတွင်းဈေးကွက်၏ သက်ဝင်မှုနှင့်ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုတို့ကို စမ်းသပ်ခြင်းဖြစ်ကာ၊ ဘက်စုံကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ၏ အလားအလာများကို ဖော်ထုတ်ဆောင်ရွက်ရန် အဓိကပေါင်းကူးပေးသည့်နေရာတစ်ရပ်၏ အလားအလာများကိုခင်းကျင်းပြသနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။
ချုံချင်းမြို့ကို ဖြတ်သန်းသွားသည့် တရုတ်-ဉရောပကုန်တင်ရထားတွင် ယွမ်ငွေ (၁၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ)ကျော်တန်ဖိုးရှိသည့် မော်တော်ယာဉ်အစင်းရေ (၂၅,၀၀၀)နီးပါးကို သယ်ဆောင်ခဲ့ကြောင်းသိရ ပါသည်။
ချုံချင်းမြို့မှာ ပြည်ပမှတင်သွင်းလာသည့်မော်တော်ယာဉ်များ အဓိကဝင်ရောက်ရာနေရာဖြစ်လာရာ ၎င်းကုန်တင်မီးရထားများဖြင့် Mercedes-Benz ၊ Audi ၊ BMW နှင့် Land Rover တံဆိပ်များအပါအဝင် မော်တော်ယာဉ် တံဆိပ်ပေါင်း (၁၇)မျိုးတို့မှ ထုတ်လုပ်သည့်မော်တော်ယာဉ်များကို တရုတ်နိုင်ငံသို့တင်သွင်းလျက်ရှိပါသည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းပြည်ပဈေးကွက်(၂)ရပ်လုံးအတွက် လည်ပတ်ဆောင်ရွက်နေသည့် "dual circulation" စံပုံစံကို လွယ်ကူချောမွေ့စေရန်၊ ပြည်တွင်းကုန်စည်ထောက်ပံ့မှုကွင်းဆက်ကို အဆက်မပြတ်စေရန်၊ အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်မှုကဏ္ဍကို တိုးမြှင့်ရန် တရုတ်လေကြောင်းအာဏာပိုင်များက နည်းလမ်းရှာဖွေဆောင်ရွက်လျက်ရှိကြပါသည်။
တရုတ်ဘဏ္ဍာရေးဆိုင်ရာမီဒီယာလုပ်ငန်းဖြစ်သည့် Yicai က မေလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆွဲဆောင်မှုရှိသောတရုတ်မြို့တော်များစာရင်းတွင် ပထမအဆင့်မြို့တော်များအနက် ထိပ်တန်းမြို့တော်(၄) မြို့မှာ ရှန်ဟိုင်း၊ ပေကျင်း၊ ရှန်းကျန့်နှင့်ကွမ်ကျိုးတို့ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ ငွေကြေးဆိုင်ရာဈေးကွက်ကို ပိုမိုတံခါးဖွင့်ပေးရန် နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးထောက်ပံ့ပေးမည့်လမ်းကြောင်းများကို တရုတ်ဗဟိုဘဏ်ကပြုလုပ်သွားမည်ဟု မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါ သည်။