Main menu

Background

Thursday, 23 Sep 2021

            ဂျပန်နိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက် (အင်္ဂါနေ့) စတော့ရှယ်ယာစျေးကွက်ပြန်ဖွင့်ချိန်တွင် တိုကျိုစတော့ရှယ်ယာစျေးကွက်၏ နစ်ကေးအညွှန်းကိန်းမှာ ထိုးကျသွားခဲ့ကြောင်းသိရပါသည်။

          တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီအုပ်စုဖြစ်သည့် Evergrande Group ၏ ငွေကြေးမလုံလောက်၍ ကုမ္ပဏီပြိုလဲနိုင်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်  ဂျပန်ရင်းနှီးမြှုပ်နှံသူများအကြား၌ စိုးရိမ်မှုများ မြင့်တက်လာကြပါသည်။

Thursday, 23 Sep 2021

           Honda Motor ကုမ္ပဏီသည် ဂျပန်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီများအနက် မော်တော်ကားအသစ်များကို ပြည်တွင်း၌ အင်တာနက်မှတစ်ဆင့် ပထမဦးဆုံးစတင်ရောင်းချမည့် ကုမ္ပဏီဖြစ်ကြောင်း သိရပါသည်။

          ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း  လူတစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုဆက်ဆံမှုမျိုးကို  ရှောင်ရှားလိုသည့် ပြည်တွင်းမှမော်တော်ကားဝယ်ယူလိုသူများ တိုးတက်များပြားလာမှုကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

Wednesday, 22 Sep 2021

     အိန္ဒိယနိုင်ငံတွင်လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း Covid-19ကပ်ရောဂါ ကူးစက်အားတည်ငြိမ်စွာထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်ရှိလာချိန်၌ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းအားပြန်လည် စတင် လုပ်ကိုင် ခွင့်ပြုမည့်ကြေညာချက်ကိုအိန္ဒိယအစိုးရကစက်တင်ဘာလကုန်ပိုင်းခန့်တွင်ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရပါသည်။

Wednesday, 22 Sep 2021

    အိန္ဒိယနိုင်ငံတွင်လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌တောင်သူများ၏ ဝင်ငွေတိုး တက်ရေးနှင့် ၎င်းတို့၏ထုတ်ကုန်များအား အကာအကွယ်ပေးနိုင်ရေးအတွက်ခေတ်မီနည်းပညာရပ်များ အသုံး ပြုလျက် ကနဦးစီမံကိန်းများ ဆောင်ရွက်ရန် အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမား များ ဖူလုံရေးဝန်ကြီးဌာနသည်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကုမ္ပဏီ ၅ ခုနှင့် နားလည်မှု စာချွန်လွှာများကို ၁၄-၉-၂၀၂၁ နေ့တွင်လက်မှတ်ရေးထိုးခဲ့ပါသည်။

Monday, 20 Sep 2021

         ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလ အဆင့်သို့ ၂၀၂၁ ခုနှစ် မကုန်ဆုံးမီတွင် ပြန်လည်ရောက်ရှိနိုင်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအစိုးရ စီမံကိန်း ဗျူရို၏ ခန့်မှန်းချက်များအရ သိရပါသည်။ ၂၀၂၁ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏  ဂျီဒီပီတိုးတက်မှုနှုန်းမှာ (၅.၇) ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် (၃) ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ အလုပ် အကိုင်ရရှိမှုနှုန်း တိုးတက်လာနိုင်ပြီး၊ ၂၀၂၁ ခုနှစ်၊ လက်ရှိအချိန်ထိ အလုပ်လက်မဲ့ဖြစ်မှု ကျဆင်းလျက်ရှိကြောင်း သိရသည်။

Monday, 20 Sep 2021

         ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ စူပါမား ကတ်များ၌ ၂၀၂၂ ခုနှစ်အစပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက်မှုဖြစ်လာနိုင်သည်ဟု ကျွမ်းကျင် သူများကပြောကြားကြောင်း၊ ၂၀၂၀ ခုနှစ်၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်း ကုန်ဈေးနှုန်း သိသာစွာမြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူ ဈေးနှုန်း(consumer prices) မှာ ပြန်လည်ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ဘယ်လ်ဂျီယံရှိ ကုန်စုံဆိုင်များ၌ ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ရမည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။

Monday, 20 Sep 2021

        ငါးနှင့်ပင်လယ်စာထုတ်ကုန်များနှင့်ပတ်သက်၍ အီးယူရှိ စားသုံးသူများ၏ အလေ့ အထကို စစ်တမ်းကောက်ယူသည့် Eurobarometer အရ အီးယူစားသုံးသူများ၏ (၃) ပုံ(၂) ပုံခန့်က ၎င်းတို့၏ လစဉ်စားသုံးမှုတွင် ငါးနှင့်ပင်လယ်စာကို အကြိမ်ရေများစွာစားသုံးကြကြောင်း၊ ထို့ကြောင့် COVID-19 အကျပ်အတည်းသည် အီးယူ၏ ပင်လယ်စာစားသုံးမှုအပေါ် သိသာစွာ သက်ရောက်မှုမရှိဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း ၂၀၁၈ ခုနှစ်ကတည်းက လေ့လာခဲ့သည့်အချက်များအရ စားသုံးမှုသည် (၆) ရာခိုင်နှုန်းခန့်ဖြင့် အနည်းငယ်ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း သိရပါသည်။

Monday, 20 Sep 2021

          COVID-19 ကပ်ရောဂါကာလအတွင်း ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ ပင်လယ်စာများ (Sustainable Seafood) ဝယ်လိုအားတိုးတက်လာခဲ့ကြောင်း၊ ပင်လယ်စာများအား ရေရှည်တည်တံ့သည့်နည်းဖြင့် ထုတ်လုပ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (sustainability certification) သည် လက်ရှိတွင် ဥရောပဈေးကွက်ဝယ်လက်များ၏ အခြေခံလိုအပ်ချက်တစ်ရပ် မဟုတ်သေးသော်လည်း လာမည့် (၁၀) နှစ်အတွင်း ဥရောပသို့ ပင်လယ်စာတင်ပို့သူ (Exporters) များအတွက် Standard Requirement တစ်ရပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

Monday, 20 Sep 2021

           ယခုနှစ် ပထမ (၈)လအတွင်း တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ တွင် ရင်းနှီးမြှုပ်နှံမှု (fixed-asset investment –FAI)မှာ ယွမ်ငွေ (၃၄.၆၉) ထရီလီယံ  (အမေရိကန်ဒေါ်လာ ၅.၃၈ ထရီလီယံ)ရှိခဲ့ကာ (၈.၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာနမှ ထုတ်ပြန်ကြေညာလိုက်ပါသည်။ FAI ဟူသည်မှာ အခြေခံအဆောက်အအုံ၊ ပိုင်ဆိုင်မှု၊ စက်ပစ္စည်းနှင့် အခြားရုပ်ဝတ္တုပစ္စည်းများတွင် မတည်ငွေရင်း အသုံးပြုခြင်း ဖြစ်ပါသည်။

Monday, 20 Sep 2021

        တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို နိုင်ငံ ဖြတ်ကျော် အဝေးပြေးကုန်တင်ယာဉ် လိုင်းအသစ်ဖြင့် စတင်ချိတ်ဆက်နေပြီ ဖြစ်ပါသည်။

       အဆိုပါလမ်းကြောင်းမှာ ကီလိုမီတာ (၁,၄၀၀)ခန့် ရှည်လျားပြီး၊ ချုံချင်းမြို့မှ ဗီယက်နမ်သို့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လောင်ဘန်း (Longbang) နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းချိတ်ဆက် ထားခြင်းဖြစ်ပါ သည်။ လမ်းခရီးတွင် အချိန်(၂)ရက်ခန့် ကြာမြင့်ကြောင်း သိရပါသည်။

Pages