Background
မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းတွင် အုန်း ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရ ပါသည်။ အုန်းပင်သည် မြေအငန်ဓာတ် ကြွယ်၀ သောမြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။
အဖိုးတန်သစ်အမျိုးမျိုး၊ ပန်းမန်အမျိုးမျိုး၊ ဆေးဘက်ဝင် ပရဆေးကုန်ကြမ်းအမျိုးမျိုးးနှင့် သဘာဝပေါက်ပင်များပေါက်ရောက်လျက်ရှိ သည့် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပါတယ်။
မန္တလေး သစ်သီးပွဲရုံတွေမှာ ဖရဲ သခွားများ ရာသီကုန်သလောက်ရှိတာ ကြောင့် ဖရဲသခွားများ နေ့စဉ်အဝင် မရှိဘဲ ရက်ခြားဝင်ပြီး အဝင်နည်းနေ ပါတယ်။ အဝင်နည်းတာကြောင့် ဖရဲ သခွားဈေးကောင်းပြီး တစ်လုံး ၁၀၀၀ ကျပ်ဈေးထိရပါတယ်။
နတ်စမ်းကျေးရွာဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကိန်းဗျောကျေးရွာ အုပ်စုမှာပါရှိပြီး မော်လမြိုင် ကျိုက် မရော ကားလမ်းမေ ပါ်မှာ တည်ရှိကာ ကြက်မောက်သီး လှိုင်လှိုင်ထွက်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။ ယခု မေလဆန်း ဟာ နတ်စမ်းကြက်မောက်သီးနဲ့ အခြား အစေ့လွတ်၊အစေ့မလွတ် ကြက်မောက် သီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်လို့ မော် လမြိုင်ရဲ့ သီးနှံပွဲရုံများနဲ့ လမ်းဘေးဆိုင် ခွဲလေးများမှာ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေကြပါတယ်။
အိန္ဒိယနိုင်ငံ မဟာရပ်ရ်ှတရာမှ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဌာန (FDA) ဟာ ဈေးကွက်တစ်ခုအတွင်းမှာရှိတဲ့ သရက်သီး ၄၀၀ ကီလိုနဲ့ အသီးမှည့်အောင်သုံးတဲ့ ကာဘိုက်အမှုန့် ၃ ကီလိုကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ လွယ်ဂျယ်နယ်စပ်တို့မှ ကန် ဒေါ်လာ ၂ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၁၄၇၁၅ တန်ကျော်ကို ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလမှာ အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၄၃၄၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၃၇၂ တန် အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ဖရဲအပို့ ၁၂၁၈ တန်ပိုမိုခဲ့ပြီး လွယ်ဂျယ်မှ ယခင် အပတ်က အပို့မရှိခဲ့တဲ့အတွက် ယခင် အပတ်ကထက် နယ်စပ်မှ ဖရဲအပို့ ပိုမို ခဲ့တယ်လို့သိရပါတယ်။
မန္တလေး သစ်သီးဈေးကွက်ကို မရင့်မှည့်တဲ့သရက်သီးများ ဝင်နေခြင်း ကြောင့် အနိမ့်ဆုံးဈေးသာ ရှိကြောင်း သိရပါတယ်။ငွေကံ့ကော်သစ်သီးပွဲရုံမှ ဦးကိုကို ထွေးက "တောင်သူတွေကို သရက်သီး အကြောမပြတ်ဘဲ မခူးဖို့ ပြောပေမယ့် လည်း အမြင်မကျယ်တော့ ပြောလို့မရ ဘူး။ လေပါရင်လည်း ဆုံးရှုံးရမှာဆိုးလို့ အစောကြီးခူးကြတယ်။ မရင့်မှည့်ဘဲ စောစောခူးတော့ အသီးလည်း မလှ ဘူး။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပေါ်ရပ်ကွက်နဲ့ ဆင်ခြေဖုံးကျေးရွာ များမှာ စတော်ဘယ်ရီ စိုက်ပျိုးသူများ လာကြောင်းသိရပါတယ်။ စတော်ဘယ် ရီဈေးကွက်မှာ စတင်ထွက်ရှိချိန်က တစ်ပိဿာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးရှိပြီး လှိုင်လှိုင်ပေါ်ချိန်မှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ် - ၃၀၀၀ ကျပ် ဈေးသာရှိတာကြောင့် ဒေသထွက် ရာသီစာအဖြစ် စားသုံးမှု များလာ ကြောင်း သိရပါတယ်။
ဒီရာသီက ထန်းဖိုရာသီပါ။ ထန်းဖို ထန်းလျက်တွေ မတ်လကစပြီး ဇွန်လ ဆန်းထိ ထွက်ပေါ်နေပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ထန်းလျက်တစ်ပိဿာကို ၆၅၀ ကျပ်မှ ၇၀၀ ကျပ် ဈေးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၄၀၀ ကျပ်နဲ့ ၄၅၀ ကျပ် အတွင်းမှာပဲ ရှိပါတယ်။
ရာသီဥတုကောင်းမွန်ခဲ့တာကြောင့် ယခုနှစ် ပါကစ္စတန်နိုင်ငံရဲ့ သရက်သီးတင်ပို့မှုဟာ ရည်မှန်းချက်ထက် ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ အာဏာပိုင်များက ယခုနှစ် တင်ပို့ဖို့ တန်ချိန် ၁၄၀၀၀၀ လျာထားခဲ့ပြီး၊ စိုက်ပျိုးသူတွေ ယခုခန့်မှန်း တာတော့ ဒေသတွင်းမှာ တန်ချိန် ၁၆၅၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ သရက်သီး တင်ပို့မှု ဦးဆောင်ကုမ္ပဏီ Harvest Trading မှ အမှုဆောင်အရာရှိ Ahmad Jawad ပြောတာတော့ ပန်ဂျပ်နဲ့ ဆင်းဒေသတွေမှာ သရက်သီးများစွာ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။