Background
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ထွက်ရှိသည့် စားအုန်းဆီကြမ်း (CPO) ပါဝင်မှု အချိုးအစား ၅၀ ရာခိုင်နှုန်းနှင့် ဒီဇယ် ၅၀ ရာခိုင်နှုန်း ရောနှောပါဝင်သည့် ဇီဝဒီဇယ် (B50) ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ စ၍ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားလိုက်သည်ကို အင်ဒိုနီးရှားအခြေစိုက်ANTARA သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ဖော်ပြထားသည်။
MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် အသုံးပြုလျက်ရှိပြီး ယင်းSystemအား MACCS စနစ်အသုံးပြုသော ဒေသများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဧပြီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)ရှိ ဇေယျာသီဟ အစည်းအဝေးခန်းမ၌ ကျင်းပသည့် MACCS Online Payment System အား ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ဖြင့် အသုံးပြုကြောင်း ကြေညာခြင်းအခမ်းအနားမှ သိရသည်။
ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထူထောင်ထားသည့် Main Board သို့ ခေတ်မီအီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ တင်သွင်းဖြန့်ချိသည့် စာရင်းဝင်ကုမ္ပဏီတစ်ခုအဖြစ်ဝင် ရောက်ရန်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ယင်းကုမ္ပဏီကို Main Board တွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် လိုအပ်မှုများ စိစစ်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
ယနေ့ခေတ်တွင် လူတိုင်းလိုလို ဆိုရှယ်မီဒီယာကို နေ့စဉ်နီးပါး အသုံးးပြုနေကြသည်။ မိမိလိုချင်သည့် ပစ္စည်း၊ မိမိသွားလိုသည့် နေရာများကို ဟမ်းဖုန်းတစ်လုံးရှိရုံဖြင့်ပင် အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။ အင်တာနက်ချိတ်ဆက်မှုရှိရုံဖြင့် ဝယ်ယူနိုင်ခြင်း၊ ရှာဖွေနိုင်ခြင်း စသည့်အခွင့်အလမ်းများကြောင့် ဆိုရှယ်မီဒီယာသည် လူတိုင်း၏ လက်ထဲ၌ ရှိနေပြီဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/စေ့စပ်) ဦးဝင်းလွင် ဦးဆောင်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ရော်ဘာပို့ကုန်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယနေ့ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်တွင် နည်းပညာ များ တိုးတက်လာသည်နှင့်အမျှ ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုမြန်ဆန် တိုးတက်လာသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ ၂၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံး စုပေါင်းခန်းမ၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှ စကားပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းမှ ထုတ်ကုန်လုပ်ငန်းရှင်များ သည် ထုတ်ကုန်နှင့် ထုပ်ပိုးပစ္စည်းများကို တီထွင်ဖန်တီး၍ သုံးစွဲသူ များ ပိုမိုကြိုက်နှစ်သက်ရန်နှင့် ရောင်းအားမြှင့်တင်နိုင်ရန် အလေး ပေး ရင်းနှီးမြှုပ်နှံလာကြသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော လူမှုစီးပွားရေးကဏ္ဍဖြင့် တောင်သူ များ၊ လုပ်ငန်းရှင်များသည် မိမိတို့ အကျိုးစီးပွားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြသည်။ စိုက်ပျိုးရေးလုပ်ငန်းဟူသည် မိခင်မြေလွှာအတွင်းမှ အရင်းအနှီးနည်းနည်းနှင့် အကျိုးစီးပွားဖြစ်ထွန်းသော လုပ်ငန်းတစ်ခုဖြစ်သည်။ တိုးတက်လာသောခေတ်သစ်စိုက်ပျိုးရေး ပတ်ဝန်းကျင်တွင် သီးနှံအလိုက် ကုမ္ပဏီ များ၊ လုပ်ငန်းအစုအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ မိမိတို့လုပ်ငန်း နယ်ပယ်တိုးတက်စေရန်အတွက် စိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များဖြင့် အဆင့်မြှင့်တင်ခြင်း သီးနှံအလိုက် တန်ဖိုးမြှင့်ထုတ်ကုန် မျာ
