Main menu

Background

Monday, 13 Jul 2026

စားအုန်းဆီကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အများစုနှင့် အချို့သော ဥရောပနိုင်ငံများ၌ပါ ဟင်းချက်ဆီ (cooking oil)  အဖြစ် စားသုံးကြသည်။ စားအုန်းဆီသည် ဟင်းသီးဟင်းရွက်ဆီ အုပ်စုဝင်ဖြစ်ပြီး ဓာတုဖွဲ့စည်းပုံအရ ပြည့်ဝဆီပါဝင်မှုများသဖြင့် ရာသီဥတုအေးလာလျှင် ဆီ၏အသွင်အပြင် မှုန်မှိုင်းလာတတ်သည်။ ထို့ပြင် စားအုန်းဆီထုတ်လုပ်မှုနည်းစဉ်အရ ဆီအခဲနှင့် ဆီအရည်ပိုင်းခွဲခြားသည့်အချိန်တွင် ကျန်ရစ်သော အမှုန်အနည်များကြောင့် ဆီ၏ အရောင်ကြည်လင်မှုမရှိဘဲ  အချိန်ကြာလာသည်နှင့်အမျှ အောက်ခြေ၌ အနှစ်ထိုင်တတ်သည်။ သို့ဖြစ်ရာ ဆီ၏ ရူပအသွင်အပြင်ကို ကောင်းမွန်စေရန် အစားအစာဖြည့်စွက်ပစ္စည်း( Food Additive)  အုပ်စု

Friday, 10 Jul 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd.၊  Kianjoo Can Myanmar Co., Ltd.

Friday, 10 Jul 2026

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် လိုက်ချီးသီး (Lychee) ဆွတ်ခူး ရာသီစတင်ချိန်မှစ၍ Kim Thanh International Border Gate No. 2 မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး တန်ဖိုးရှိ လတ်ဆတ်သော လိုက်ချီးသီး မက်ထရစ်တန်ချိန် ၁၆၀ဝ၀ ကျော် တင်ပို့ခဲ့ပြီးဖြစ်သည်။ ဒေသဆိုင်ရာ အကောက်ခွန်ဦးစီးဌာနခွဲ (၇) အောက်ရှိ Lao Cai အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် အကောက်ခွန်အဖွဲ့၏အဆိုအရ ရာသီအစမှ ဇွန် ၁၄ ရက်နေ့အထိ အဆိုပါ သစ်သီးများ တင်ဆောင်လာသည့် ကုန်တင်ကားပေါင်း ၁၅၀ဝ နီးပါး ကို နယ်စပ်ဂိတ်မှတစ်ဆင့် အောင်မြင်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Thursday, 9 Jul 2026

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် - ၃၊ အစည်းအဝေး ခန်းမ - ၂ ၌ ဇွန် ၁၁ ရက်  နံနက်က ကျင်းပသည့် နည်း ပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology  and Innovation Support Center -TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဦးထွန်းအုံ  တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ 

Friday, 12 Jun 2026

နိုင်ငံတကာကုန်သွယ်မှုကို  ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့်  နိုင်ငံတကာတွင် သတ်မှတ်ထားသည့်  ကုန်သွယ်ရေး ဘာသာစကား (Trade Terms) များကို နားလည်ရန်လိုအပ်မည်ဖြစ်သည်။ ကုန်သွယ်ရေး ဘာသာစကား (Trade Terms) များကို နားလည်မှသာ ကုန်ရောင်းစာချုပ် (Sale Contract) များကို အမှားအယွင်းကင်းစွာ ချုပ်ဆိုနိုင်မည် ဖြစ်သည်။ 

Friday, 12 Jun 2026

တရုတ်နိုင်ငံတွင် ဈေးကြီးပေးဝယ်ရသည့် ဇိမ်ခံသစ်သီးတစ်မျိုးအဖြစ် သတ်မှတ်ခံခဲ့ရသော ဒူးရင်းသီးသည် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစနစ် (Logistics) ကောင်းမွန်လာမှုကြောင့် အရှေ့ တောင် အာရှနိုင်ငံများမှ ပိုမိုမြန်ဆန်စွာ ဝင်ရောက်လာကြောင်း သိရသည်။

Friday, 12 Jun 2026

ကြွေးမြီတာဝန်ခံမှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ (Credit Guarantee and Investment Facility, “CGIF”) ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး အာဆီယံ + ၃ နိုင်ငံများ၏ ငွေကြေးစနစ် တည်ငြိမ်ရေးနှင့် ကာလရှည် ရင်း နှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ CGIF ကို အာဆီယံ ၁၀ နိုင်ငံ အပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်အတူ အာရှဖွံ့ဖြိုး ဘဏ်(ADB) က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။ ရုံးချုပ်ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အာရှဖွံ့ဖြိုးရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသည်။

Friday, 12 Jun 2026

စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောထုတ်ပြန်ချက်များအရ ဈေးနှုန်းပိုမိုမြင့်မားသော ဒူးရင်းသီးအေးခဲအနှစ်တင်ပို့မှုလျင်မြန်စွာတိုးတက်လာခြင်းသည် ဗီယက်နမ်ဒူးရင်းသီးပို့ကုန်ကဏ္ဍအား ကောင်းစွာ  ပြန်လည်ဦးမော့လာစေသည့်  အဓိကတွန်းအား ဖြစ်ကြောင်း သိရသည်။

Friday, 12 Jun 2026

အင်ဒိုနီးရှားနိုင်ငံ  စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mahardi Tunggul Wicaksonoက နိုင်ငံသည် ပြည်တွင်းထုတ်လျှပ်စစ်ဘတ်စ်ကားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းတွင်ထုတ်လုပ်သည့် အစိတ်အပိုင်းပါဝင်မှု (TKDN) သတ်မှတ်ချက်များ တိုးမြှင့်ခြင်းနှင့် ဘက်ထရီသုံး အများပြည်သူသယ်ယူ ပို့ဆောင်ရေးကို  ပိုမိုအသုံးပြုလာစေရန် ကြိုးပမ်းနေကြောင်း မေ ၂၀ ရက် တွင်  ပြောကြားခဲ့သည်။ 

Friday, 12 Jun 2026

ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများ အရ ၂၀၂၆ ခုနှစ်  စိုက်ပျိုးရာသီအတွက် ရော်ဘာစိုက်ဧကမှာ ၂၇၁၃၀၆ ဧကဖြစ်ပြီး ‌ရော်ဘာရိတ်သိမ်းဧကမှာ ၂၆၁၁၅၉ ဧကဖြစ် ကာ ‌စုစုပေါင်းရော်ဘာအထွက် ၅၇၅ ဒသမ ၄၇ ပေါင် တို့ဖြစ်ကြောင်း သိရသည်။

Pages