Main menu

Background

Monday, 10 Aug 2026

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဈေးကွက်အခြေအနေတွင် ပြည်တွင်းဖြစ် (MSME) ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

Monday, 10 Aug 2026

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိတ္ထီလာမြို့နယ်များရှိ ကျေးရွာများနှင့် သာစည်မြို့နယ်များမှ မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန် ၈၂ တန်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Friday, 7 Aug 2026

တာချီလိတ်ကုန်သွယ်ရေးခန်းမှ တိရစ္ဆာန်အရှင်တင်ပို့မှုအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဘက်မှ ဆိတ်၊ နွားများကို မွေးမြူစုဆောင်းပြီး  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်များ၊ ကာကွယ်‌ဆေးထိုးပြီးကြောင်း စစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးပြီးကြောင်း  ထောက်ခံချက်လက်မှတ်၊ တိရစ္ဆာန်သယ်ဆောင်ခွင့်လက်မှတ်နှင့် သယ်ဆောင်ခွင့်အထောက်အထားများရရှိပါက ပို့ကုန်လိုင်စင်အား  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဈေးနှုန်းထောက်ခံချက်ဖြင့် လိုင်စင်ရယူပြီး လာအိုနိုင်ငံသို့  တင်ပို့လျက်ရှိသည်။

Friday, 7 Aug 2026

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)  က တောင်သူများ အဓိကအသုံးပြုနေသည့် မြေသြဇာ အမျိုးအစားများအတွက် ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက်ကားဈေးနှုန်းအား ကျပ် ၁၂၀ဝ၀ဝ အဖြစ် သတ်မှတ်ထားပြီး ယင်း ဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

Thursday, 6 Aug 2026

မွန်ပြည်နယ်တွင် ကြက်သွန်နီကို အခြားတိုင်းဒေသကြီးများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စီးဝင်ရောက်လျက်ရှိသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိ၍ ဈေးကွက်ပေါ်တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိသည်။ ယခုနှစ် ဇူလိုင်လတွင် ကြက်သွန်နီဈေးနှုန်း မြင့်တက်နေကြောင်း သိရှိရသည်။ 
ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်  ကျပ် ၁၃၀ဝမှ  ကျပ် ၁၇၀ဝ ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။ 
         

Thursday, 6 Aug 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန်ရှိLightion Myanmar Co., Ltd. ၏ အီလက်ထရွန်နစ်ပစ္စည်းများ၊ စပီကာများ၊ ဆားကစ်ဘုတ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိလာရာ စက်ရုံတာဝန်ရှိသူတစ်ဦး က အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်ပြီး အမေရိကန်၊ တရုတ်၊ ဥရောပ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုများအား ရှင်းလင်းတင်ပြပြီး စက်ရုံလုပ်ငန်းခွင်အတွင်း အီလက်ထရွန်နစ်ပစ္စည်းများ ထု

Tuesday, 4 Aug 2026

မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့  ပူးပေါင်းကျင်းပသည့်  မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြ

Monday, 20 Jul 2026

ဒေသတွင်း နိုင်ငံများ၏ငွေချေးစာချုပ်များ ထုတ်ဝေမှုတွင် CGIF သည် ပြန်လည်ရုပ်သိမ်းခွင့်မရှိသည့်၊ ခြွင်းချက်မရှိသည့် အာမခံချက်ကိုပေးရပြီး ငွေချေးစာချုပ်ဝယ်ယူသူများသို့ သက်တမ်းစေ့၍ပြန်မအမ်းနိုင်ပါက အပြည့်အဝ ပြန်လည်အမ်းပေးနိုင်ရေးအတွက် အာမခံချက်ပေးရသည်။ အဆိုပါအာမခံချက်အတွက် ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ထားသည့်ငွေကြေးများဖြင့် ကျောထောက်နောက်ခံပြုထားပါသည်။ CGIF ၏ငွေချေးစာချုပ်အာမခံချက်အစီအစဉ်အရ ငွေချေးစာချုပ်ထုတ်ဝေမည့် အဖွဲ့အစည်းများသည်  အောက်ဖော်ပြပါစံများနှင့်  ပြည့်စုံရန်လိုအပ်ပါသည်။

Monday, 20 Jul 2026

တစ်ချိန်ကနိုင်ငံများ၏ စီးပွားရေးအောင်မြင်မှုကို တိုင်းတာရာတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး  (GDP)၊ ပို့ကုန် တန်ဖိုး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှင့် ပြည်တွင်းဈေးကွက်အရွယ်အစားတို့ကို အဓိကထားခဲ့ကြသည်။ ထို့အပြင် နယ်မြေကျယ်ဝန်းမှု၊ သယံဇာတပေါများမှုနှင့် လူဦးရေအင်အားတို့ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအားသာချက်များအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် ၂၁ ရာစု၏ ကမ္ဘာ့စီးပွားရေး ပြိုင်ဆိုင်မှုသည် အခြေခံကျကျ ပြောင်းလဲလာနေပြီး နိုင်ငံအချင်းချင်းအကြားသာမက နိုင်ငံများ၊ ဈေးကွက်များနှင့် ထုတ်လုပ်မှုကွန်ရက်များကို ချိတ်ဆက်ပေးသည့် စီးပွားရေးစင်္ကြံများ (Eco

Monday, 20 Jul 2026

ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းအနည်းဆုံး တင်သွင်းခွင့်ပြုမည့်ပမာဏ  (MAV) ကို လက်ရှိတန်ချိန် ၂၁၆၉၄၀ ၏ နှစ်ဆကျော်ဖြစ်သော တန်ချိန် ၅၀ဝ၀ဝ၀ အထိ မြှင့်တင်ရန် အဆိုပြုထားသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr  က အဆိုပြုချက်၏ ရည်ရွယ်ချက်မှာ မွေးမြူရေး အစာစရိတ်များကို တည်ငြိမ်စေပြီး ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေး ထုတ်လုပ်သူများအား  ပြောင်းထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  အဆိုပါအစီအစဉ်ကို ပြောင်း၊ ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးမှ MAV  စီမံခန့်

Pages