Main menu

Background

Friday, 12 Jun 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပဲမျိုးစုံ၊ အစေ့ထုတ် ပြောင်းနှင့် အခြားအမယ်များ၊ လက်မှုလုပ်ငန်းများဖြစ်သော ပုသိမ်ထီး၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ ရေထွက်ကုန်များတွင် သဘာဝ အလျောက် ပင်လယ်၊ မြစ်၊ ချောင်း၊ အင်းအိုင်များမှ ဖမ်းဆီးရမိသော ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်များနှင့် မွေးမြူရေးလုပ်ငန်းမှ ငါး၊ ပုစွန်၊ ကဏန်းများကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

Thursday, 11 Jun 2026

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် အရှေ့ဘက်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့်  နယ်နမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ဖျာပုံခရိုင် အနောက်ဘက်တွင် ပုသိမ်ခရိုင်မြောက်ဘက်တွင် ဟင်္သာတခရိုင်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ 

Thursday, 11 Jun 2026

လူသားတို့ ရှင်သန်ရပ်တည်မှု အခြေခံလိုအပ်ချက် ဖြည့်ဆည်းရန်၊ သက်သောင့်သက်သာရှိရန်၊ ကိုယ်ပိုင်လက္ခဏာကိုဖော်ပြရန် နှင့် စိတ်ခံစားမှုဆန္ဒများဖြည့်ဆည်းရန်  ထုတ်ကုန်များ မဖြစ်မနေလိုအပ်သည်။ လူ့ယဉ်ကျေးမှုစတင်ချိန်မှ ဘဝအရည်အသွေးတိုးတက်စေရန် ထုတ်ကုန်များဖန်တီးခဲ့ကြသည်။ ထိုမှတစ်ဖန် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၀ပြည့်လွန်နှစ် နှောင်းပိုင်းခန့်မှစတင်၍ ငွေကြေးသုံးစွဲနိုင်စွမ်း မြင့်တက်လာမှုကြောင့် လူအများအတွက် လိုအပ်သော ပစ္စည်းသာမက တကယ်မလိုအပ်သော ပစ္စည်းအား မကြာခဏ ဝယ်ယူသည့် ခေတ်သစ်စားသုံးမှုဝါဒသည် သိသိသာသာ အရှိန်အဟုန်ဖြင့်  မြင့်လာခဲ့သည်။ ယင်းဝါဒသည် လူမှုစီးပွားရေးဆိုင်ရာ အယူဝါဒနှင့် ယဉ်ကျေးမှု

Thursday, 11 Jun 2026

Green Gold ကော်ဖီ   စိုက်ပျိုးထုတ်လုပ်ရေးနှင့်  အထွေထွေလုပ်ငန်း သမဝါယမအသင်းက အမေရိကန်နိုင်ငံသို့  ကော်ဖီဆန်အစိမ်းများ တင်ပို့ရောင်းချနိုင်ရေး လျာထားဆောင်ရွက်နေကြောင်း သိရသည်။
Green Gold ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းအနေဖြင့် အမေရိကန်နိုင်ငံထံသို့ ကော်ဖီဆန်အစိမ်းများကို ယခုနှစ်အတွင်း ကနဦးအနေဖြင့် တစ်အိတ်လျှင် ၆၀ ကီလိုဂရမ်ရှိသည့် အိတ် ၆၀ ခန့်တင်ပို့ရန် လျာထားလျက်ရှိသည်။

Thursday, 11 Jun 2026

မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှ ပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအာ

Monday, 8 Jun 2026

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSME  လုပ်ငန်းများသည်  ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ် တည်ရှိနေပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ကိုလည်း အကူအညီပေးနေကြောင်း တွေ့ရသည်။ MSME လုပ်ငန်း များသည်  ကမ္ဘာပေါ်ရှိ  လုပ်ငန်းများ၏  ၉၀  ရာခိုင်နှုန်းကို လည်း ကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ  ၅၀  ရာခိုင်နှုန်းကို လည်း ကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။ 

Monday, 8 Jun 2026

မြန်မာနိုင်ငံတွင်ရေခူ (Jelly firsh) ကို တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီကမ်းရိုးတန်းတို့တွင် တွေ့ရများသည်။ ရေခူတွင် ဦးနှောက်၊ နှလုံး၊ အရိုးနှင့်သွေးတို့မပါရှိဘဲ ကိုယ် ခန္ဓာ ၉၅ ရာခိုင်နှုန်းကို ရေဖြင့် ဖွဲ့စည်းထားသည်။ ရေခူများသည် ဧပြီလ မှ ဇူလိုင်လများတွင် အများဆုံးထွက်ရှိကြောင်း သိရှိရသည်။ ဒေသအလိုက် အဓိကအမျိုးအစားလေးမျိုး ခွဲခြားနိုင်သည်။ စားခူ (သို့မဟုတ်)ငါးထီးသည် အဖြူရောင်အတုံးလိုက်ရှိပြီး ရေခူထဲတွင် အဓိကစားသုံးကြသော ရေခူဖြစ်သည်။ ခူဖန်ခွက် (သို့) စိမ်းစားခူသည် ကတော့ပုံသဏ္ဌာန်ရှိပြီး တို့စရာအဖြစ် အစိမ်းစားနိုင်သော်လည်း အဆိပ်အနည်းငယ်ရှိတတ်သည်။ ခူနီနှင့် ခူ

Tuesday, 2 Jun 2026

မန္တလေးမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည်  မေ ၁၆ ရက်  နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့  တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Tuesday, 2 Jun 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၂ )သို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ One Stop Service ( OSS)  အဖွဲ့များအား တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျ စိစစ်ရန်၊ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်း ဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများ မရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

Monday, 18 May 2026

အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ပထဝီနိုင်ငံရေး မရေရာမှုများကြားတွင် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက်ရှိကြသည်။ ၎င်းတို့ကို တားဆီးနေသည့်အရာများကို ဖယ်ရှားရှင်းလင်း၍ ထဲထဲဝင်ဝင် ဆက်ဆံဆောင်ရွက်ကြရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။

Pages