Background
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း Organization for Economic Cooperation and Develop-ment (OECD) က ကြီးမှူး၍ ကျင်းပပြုလုပ်သည့် စားသုံးသူမူဝါဒနှင့် ယှဉ်ပြိုင်မှုပူးတွဲအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်က Virtual စနစ်ဖြင့် ပြုလုပ်ခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဈေးကွက်အတွင်း လွတ်လပ်၍တရားမျှတသော ယှဉ်ပြိုင်မှုများ ဖြစ်ထွန်းစေရေး၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရေး တို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍများရှိ အာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊
၂၀၂၃ ခုနှစ်၊ ဧပြီ ၁ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ် ( ၇ ) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့သည်။ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ညွှန်ကြားရေးမှူး ချုပ်မှ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ၊ ကုန်သွယ်မှု လွယ်ကူ ချ
ပြီးခဲ့သည့် မတ် ၉ ရက်မှ ၂၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၄၇၂၁၀ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၂၉ ဒသမ ၅၇ သန်း ရှိခဲ့ခြင်းဖြစ်သည်။
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကို လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရုရှားအစိုးရပိုင် Tyazhpromexport (TPE) နှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း MEC တို့အကြား ဖက်စပ် လုပ်ကိုင်နေသည့် သံမဏိတူးဖော်သန့်စင်ရေး စီမံကိန်းဖြစ်သည့် သံမဏိစက်ရုံ (ပင်းပက်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း ဖွင့်လှစ် ရန် ရည်မှန်းထားခြင်းဖြစ်သည်။
ပိတ်စွယ်သည် အင်းအိုင်၊ ကန်၊ ချောင်းနားများတွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သော ယားတတ်သည့် ပိန်းယားပင်မှ ထွက်ရှိသောအရာဖြစ်ပြီး ပြည်မြို့ ဧရာဝတီမြစ်ကမ်းနားရှိ နဝင်းချောင်း၊ နဝင်းတာရိုးနှင့် ဝက်ထီးကန်ရှိ ကန်ကြီးအနားတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ရှိ ကျီးသဲ၊ မြို့မနယ်ဘက်မှ အင်းအိုင်၊ မြစ်ကမ်းချောင်းနားများတွင် အလေ့ကျပေါက်ရောက်သည်။
နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရသူများအနေဖြင့် နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ်ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
မြန်မာ့စီးပွားရေးဘဏ်(MEB) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) မြန်မာ့နိုင်ငံခြားကုန်သွယ်မှု(MFTB)စသည့် နိုင်ငံပိုင်ဘဏ်များတွင်သာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အခွန်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရော်ဘာဈေး ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ပြည်တွင်းရော်ဘာထွက်နှုန်း၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူနေကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာယခင်တစ်ပတ်က အမေရိကန်ဒေါ်လာ ၁၇၅၀ ဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၈၀ဝ အထိ မြင့်တက်လာကာ ပြည်တွင်းရော်ဘာဈေးမှာ ယခင်က တစ်ပေါင်လျှင် ၁၃၅၀ ကျော်အထိရှိသော် လည်း လက်ရှိတွင် တစ်ပေါင် ၁၄၀ဝ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
မန္တလေးမြို့ရှိ ဧရာဝတီမြစ်သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်သည့် မရမ်းခြံဆိပ်ကမ်းမှ ကြက်သွန်နီတင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေ များပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။
စက်မှုဝန်ကြီးဌာနက အငှားယာဉ် (Taxi) နှင့် ဘတ်(စ်)ကားများ ပါဝင်သည့် လျှပ်စစ်ယာဉ် (EVs) အစီးရေ ၃၀ဝ၀ ခန့်ကို ပထမအဆင့်အနေဖြင့် နိုင်ငံအတွင်း တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။