Background
ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေး စားသုံနိုင်သည် ဈေးကွက် ဝယ်လိုအားရှိ သည့် ကီလိုမာလကာပင်များကိုလည်း စိုက်ပျိုးလာကြပါ သည်။ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကီလိုမာလကာပင်ကို ယာ မြေများတွင် သြဂုတ်နှင့် စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်သည်။ အစေ့ပျိုးပင် သို့မဟုတ် မြေထုပ်စည်းပျိုးပင်ကို တစ်နှစ်သားအရွယ်ရောက်လ
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) မှ မိမိတို့ စက်ရုံ၊ အလုပ်ရုံများရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအင်အလေအလွင့် ရှိနေနိုင်သည့် ဧရိယာများကို တွက်ချက်၊ တိုင်းတာ၊ ဖော်ထုတ်နိုင်စေရန်၊ စွမ်းအင်အလေအလွင့်များကို လျှော့ချနိုင်မည့် အခွင့်အလမ်းများကို သိရှိမှတ်သားနိုင်စေရန်၊ စွမ်းအင်သုံးစွဲမှုများကို နည်းစနစ်တကျ မှတ်သား၊ စောင့်ကြည့်၊ အကဲဖြတ်နိုင်စေရန် ရည်ရွယ်ပြီး “Awareness Training on Energy Efficiency in Food Processing” စားသောက်ကုန်ထုတ်လုပ်ငန်းများအတွက် စွမ်းအင်အလေအလွင့် လျှော့ချရေး အသိပညာပေးသင်တန်းကို မတ် ၂၅ ရက်တွင် Online စနစ်ဖြ
ကျပ်သန်း ၁၃၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၈ ရက်အထိ နှစ်ပတ်တာကာလ အတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၄၂၂၄၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၃၈ ဒသမ ၁၈ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့တော်ခန်းမ၌ မတ် ၁၀ ရက် တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေး ရာဝန်ကြီး ဦးမောင်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ၁၀လတာ အတွင်း ရေနံထွက်ပစ္စည်း တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိ ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ဘဏ္ဍာနှစ် စတင်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကုန်အထိ ပြည်ပမှတင်သွင်းသည့် သွင်းကုန် ပစ္စည်း ၁၀ မျိုးတွင် ရေနံထွက်ပစ္စည်းများကို အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိGrand Hyatt Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မူပိုင်ခွင့်ဦးစီးဌာန၏ အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စား လှယ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၊ ရုံး အမှတ်(၅၂ )၌Virtual စနစ်ဖြင့် ကျင်းပ ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြား ရေးမှူးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့် အမှာစကား ပြောကြားသည်။
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ World Intellectual Property Organization-WIPO) က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ ဆုတံဆိပ်အတွက် လျှောက်ထားမှုများအား လက်ခံ သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြား ထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်းရောင်း ဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉နာရီ ခွဲတွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်း အဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား