Main menu

Background

Monday, 20 Nov 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉)ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၉ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၉၄၉ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၅ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၇၀ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်းနိုဝင်ဘာ ၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၃၅၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၅ ရက်တွင် ကျပ်၃၆၂၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထ

Monday, 20 Nov 2023

      ကနေဒါနိုင်ငံသည် ၎င်းနိုင်ငံသားများအတွက် ရေရှည်တိုးတက်မှု၊ ကြွယ်ဝမှုနှင့် လုံခြုံစိတ်ချရမှုများကို အထောက်အကူဖြစ်စေရန် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို စတင် မိတ်ဆက်ခဲ့သည်။  ကနေဒါနိုင်ငံက ပစိဖိတ်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် ကနေဒါနိုင်ငံ၏ အနာဂတ်တွင် သိသာ ထင်ရှားပြီး လေးနက်သော အခန်းကဏ္ဍတစ်ခုဖြစ်လိမ့်မည်ကို သတိပြုမိလာခဲ့သည်။  ကနေဒါနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးအောင်မြင်တိုးတက်ခြင်း၊ နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာခြင်း၊ ဒီမိုကရေစီဆိုင်ရာတန်ဖိုး၊ ပြည်သူ့ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင

Tuesday, 7 Nov 2023

၀ဥပင်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ အရိပ် အာဝသကောင်းပြီး အစိုဓာတ်ကောင်းသည့်နေရာများတွင် အများ အပြား ပေါက်ရောက်လျက်ရှိကြသည်။  ယခင်က သဘာဝအလျောက် ပေါက်ရောက်သော ဝဥများကို တူးဖော်စားသောက်ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအား ရှိလာသဖြင့် စနစ်တကျ စိုက်ပျိုးလာကြပြီး ပြည်ပ တင်ပို့မှုများလည်းရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင်  ချင်းပြည်နယ်၌ ဝဥအများဆုံးထွက်ရှိပြီး  မွန်ပြည် နယ်သည် ဝဥ ဒုတိယ အများဆုံးထွက်ရှိသောပြည်နယ်တစ်ခုဖြစ်သည်။

Tuesday, 7 Nov 2023

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက် မှာလက်ဖက်ဟုဆိုသည့်အတိုင်း  လက်ဖက်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်  မြန်မာတို့၏ ချစ်စရာ ဓလေ့ကို   ဖော်ထုတ်ပြသနိုင်သည့် ရိုးရာအစား အစာတစ်ခုဖြစ်သည်။      မြန်မာနိုင်ငံတွင် လက်ဖက် ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်ဟူ၍ နှစ်မျိုး အသုံးပြုကြသည်။ 

Tuesday, 7 Nov 2023

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင် မိသားစု Bamboo and Rattan Handmade Bags Production & Trading Centreမှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ ကုန်ကြမ်း များကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအား ရှိသော မြန်မာ့လက်မှုရိုးရာHandMade ပစ္စည်းများထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ များသည် ကြိမ်၊ဝါး၊ဗေဒါလက်မှုလုပ်ငန်းများကို  အဓိက လုပ်ကိုင်လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီး သမား ၁၀ဦးကျော် လုပ်ငန်းရှင်အသေး ၁၀ဝ ကျော်နှင့်မြို့ နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေး လက်နေ ဒေသခံပြည်သူ၂၀ဝ၀ကျော်အားMSME လုပ်င

Tuesday, 7 Nov 2023

ယခု ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင်   ကျောက်စိမ်းအတွဲပေါင်း ၃၇၀ဝ ကျော်၊ ရာခိုင်နှုန်းအားဖြင့်  ၉၁ ရာခိုင်နှုန်း ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲဗဟိုကော်မတီ မှ သိရသည်။  
ကျောက်စိမ်းတွဲများအနေဖြင့်   အုပ်စု (A) အဖြစ် ကျောက်စိမ်း အတွဲပေါင်း ၅၂၀၊ အုပ်စု (B) အဖြစ် ကျောက်စိမ်းအတွဲပေါင်း    ၁၇၃၃ တွဲနှင့် အုပ်စု(C)အဖြစ် ကျောက်စိမ်းအတွဲပေါင်း  ၁၇၉၂ တွဲ၊ စုစုပေါင်း   ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက်  ရောင်းချခဲ့ရာ ယင်းတို့မှ ကျောက်စိမ်းအတွဲ ၃၇၀၄တွဲကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, 7 Nov 2023

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အင်းရွာ၊ မြတောင်၊ တွင်းငယ်စိုက်ကွင်းများမှ ရိတ် သိမ်းထွက်ရှိမည့် ကြံများကို ကျိုချက်မည့်ပွက်သားများ၊  သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်း (မန္တလေး)  သို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးကုန်စည်ဒိုင် ဈေးကွက်အတွင်းသို့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း  ငါးအိုး၊   မိုးဒါး၊  ရွှေကူစိုက်ကွင်းများမှ ရိတ်သိမ်းထွက်ရှိသော ကြံများကို ကျိုချက်မည့် ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။ 

Tuesday, 7 Nov 2023

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ သောနိုင်ငံဖြစ်ပြီး စပါးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သည်။   စပါးများကို ခေတ်မီဆန်စက်များ တွင် ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်၊ဆန်ကွဲ၊  ဖွဲနု၊ ဖွဲကြမ်းများကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုလျက်ရှိ ကြသည်။ ဆန်သည် လူတို့အတွက် အရေးအကြီး ဆုံး အာဟာရဖြစ်ပြီး ဖွဲနုသည်လည်း တိရစ္ဆာန်များ အတွက် အစားအစာအဖြစ် အသုံးပြုရသည်။   ငါး၊ ကြက်၊ ဝက်၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် အရေးပါသည့် အစားအစာတစ်မျိုးဖြစ်သည်။

Tuesday, 7 Nov 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၂၆ ရက်တွင် ရွှတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၈၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှနိုဝင်ဘာ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၇၈ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၄၃၆၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁ ရက်တွင်ကျပ် ၃၄၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Tuesday, 7 Nov 2023

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀ဝ၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား  ဒီဂျစ်တယ်နည်းလမ်း  အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRo) ဖြင့် မှတ်ပုံတင်နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး

Pages