Main menu

Background

Tuesday, 26 Sep 2023

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၀၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၂၀ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၉၂၈ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိ ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် စက်တင် ဘာလ ၁၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅၇၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ   စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၃၅၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရသည်။

Monday, 11 Sep 2023

ယခု စက်တင်ဘာလအတွင်း ရန်ကုန် ဆိပ်ကမ်းသို့ နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၃ စင်း ဝင်ရောက်ဆိုက်ကပ်ပြီး ကုန်သွယ်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးမှ သိရသည်။ 
နိုင်ငံ့ကုန်သွယ်မှုတွင်  ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန် သေတ္တာတင်သင်္ဘော‌များ လစဉ်ပုံမှန် ဝင်ရောက် ဆိုက်ကပ်နေပြီး ပိုမိုကုန်သွယ်နိုင်ရန်အတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

Monday, 11 Sep 2023

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI) မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ  Tak ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုအသင်းမှ ကိုယ်စားလှယ် တို့သည် စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ Royal Ayar  ကုမ္ပဏီ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံဘက်မှARCCI အသင်း ဥက္ကဋ္ဌ၊ မွန်ပြည်နယ်CCI  အထွေထွေ အတွင်းရေးမှူး၊ ARCCI  အသင်း၏ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ခံနှင့် ထိုင်းနိုင်ငံဘက်မှ

Monday, 11 Sep 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် စက်တင်ဘာ ၄ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၅  နိုင်ငံအနက် ဇမ်ဘီယာနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ဘူလ်တန်နိုင်ငံတွင် ၁၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ သီရိလင်္ကာ နိုင်ငံတွင် ၁၁ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံရှိကြောင်း တွေ့ ရှိရသည်။

Monday, 11 Sep 2023

    မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဘာရိန်းနိုင်ငံမှ ဝယ်ယူရန်အတွက် အိန္ဒိယ နိုင်ငံအခြေစိုက်Riyara  ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MAVO)) မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေး သံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်)နှင့် ရှမ်းပြည်နယ်  ဦးစီးမှူးရုံးတို့မှ တာဝန်ရှိ သူများသည် သြဂုတ် ၃၁ ရက်တွင် Hybrid ဖြင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်ခဲ့သည်။

Monday, 11 Sep 2023

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊စက်တင်ဘာ ၆ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၄ ဖြင့် လည်းကောင်း၊ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၄ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျ

Monday, 11 Sep 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး အခြေ အနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်  သြဂုတ် ၃၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၄၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၈ ဒေါ်လာဖြစ် ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း သြဂုတ်  ၃၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်  ကျပ် ၃၇၅၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၇ ရက်တွင် ကျပ် ၃၅၅၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

Monday, 11 Sep 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ပထမခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက်  နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများနှင့် စီးပွားရေးရာကော်မတီ  အစည်းအဝေးတို့တွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် မိမိဝန်ကြီးဌာနမှ လိုက်ပါအကောင် အထည်ဖော်ရမည့် အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီး ဌာန၏ မျှော်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ အသေးစား၊ အငယ်စား၊

Thursday, 31 Aug 2023

နိုင်ငံတစ်နိုင်ငံ၏အလုံးစုံသော လိုအပ်ချက်ကိုဖြည့်ဆည်းပေး နိုင်ရေးအတွက် ပို့ကုန်ဝင်ငွေ အရေးကြီးကြောင်းကို နိုင်ငံအစိုးရတိုင်း က သဘောပေါက်နေကြပြီ။ ပို့ကုန်ဝင်ငွေ  အခြေအနေကောင်းသည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပေါင်းလက္ခဏာဟုဆိုနိုင် သည်။ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးမှု   ဆက်လက်ဖြစ်ပေါ်နေပါက အနာဂတ် စီးပွားရေးအတွက်ပါ  အလားအလာကောင်းဟု မှန်းဆကြသည်။ 

Thursday, 31 Aug 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် တူရကီနိုင်ငံသည် ယခု တစ်ပတ်တွင် ၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်း၊ အိုင် ယာလန် နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် သြစတြေးလျ နိုင်ငံ တွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။

Pages