Background
ပေါက်ပန်းဖြူပင်သည် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။ ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီဟူ၍ နှစ်မျိုးရှိပြီး ဆေးဖက်ဝင်သော ပေါက်ပန်းဖြူမှာ လူအသိများ၍ ထင်ရှားသည်။ ပေါက်ပန်းဖြူရွက်ကို ကျေးလက်ဒေသနှင့် မြို့နေလူတန်းစားများက တို့စရာအဖြစ် စားသုံးမှုများသည်။ အပင်လတ်အမျိုးအစားဖြစ်၍ အကိုင်းအခက်များ များပြားသည်။ အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး အရွက်ရင်းနှင့် အရွက်ထိပ်ပိုင်းမှာ ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိပါရှိသည်။ အပွင့်မှာ အဖြူနှင့်အနီ ဟူ၍ နှစ်မျိုးရှိပြီး အသီးမှာ အတောင့်ရှည်၍အစေ့များစွာရှိသည်။ မြန်မာ့စားစရာ တို့စရာ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သောလုပ်ငန်းလုပ်ကိုင်ကြောင်း သိရှိရသည်။
အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်ရာတွင် အသုံးပြုရသောကုန်ကြမ်းမှာ ဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိ ဝါးဆိုင်များမှ ဝယ်ယူရရှိပါသည်။
လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ကာလအတွင်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၆၅ ဘီလီယံ ရှိပြီး ပုဂ္ဂလိက လုပ်ငန်းများ၏ တင်သွင်းမှုမှာ ၉၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
တောင်ငူခရိုင် ဖြူးမြို့နယ် ခင်ရှည်ကျေးရွာအုပ်စု ဇီးခင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် သစ်သား စဉ်းတီတုံးနှင့် သစ်သားယောက်မများကို ရွာသူရွာသားများက ကိုယ်တိုင်လုပ်ကိုင်ကြသည်။ သစ်သားစဉ်းတီတုံးကို မန်ကျည်းသားဖြင့် ပြုလုပ်ရသည်။
မန်ကျည်းသားသည် အလွန်မာကျောပြီး ကြာရှည်ခံသောကြောင့် ဆန်ဖွတ်ရန် ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့်အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စဉ်းတီတုံးနှင့် ယောက်မများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ကျရောက်သည့် မူပိုင်ခွင့်ဦးစီးဌာန၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အခမ်းအနားတွင် ချီတက် ဂုဏ်ပြုမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော် ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အမှာစကားပြောကြား ပြီး ဂုဏ်ပြုဝတ်စုံများ ထောက်ပံ့ပေးအပ် သည်။
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Company တို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမြို့မဈေးနှင့် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူဈေး ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေဈေးတို့တွင် တစ်ပိဿာ ကျပ် ၅၃၀ဝ နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထွန်းမင်းသန့်(နေပြည်တော်)
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးမှာ ကျပ် သန်းပေါင်း ၂၄၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှသိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၃၂၆၇၇ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၄၂ ဒသမ ၉၆ သန်း ရှိခဲ့ခြင်းဖြစ် သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးက ကြီးမှူးကျင်းပသော စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့၌ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည်။
ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေး တောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။