Background
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအား ပိုမိုနားလည်သိရှိစေရန် ရှင်း လင်းဆွေးနွေးပွဲကို ဇွန် ၇ ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တွင် ကျင်းပခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force)၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့လိုက်ပါ၍ ဇွန် ၁၀ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကော်ဖီ အသင်း၊ ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ် တင်
လူဦးရေထူထပ်သော မြို့များ(တစ်စတုရန်း မိုင်တွင် လူဦးရေ ၅၀ဝကျော်ရှိသော)နှင့် စက်မှု ဖွံ့ဖြိုးသောမြို့များတွင် စနစ်တကျ အမှိုက်စွန့်ပစ် ရန် လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက လေ့လာ သုံးသပ်ထားသည်။ အမှိုက်စွန့်ပစ်မှု စနစ်မကျ၍ ရင်နင့်ဖွယ်ဖြစ်ခဲ့ရပုံများကို ကမ္ဘာ့ နိုင်ငံများတွင် ကြုံတွေ့ခံစားခဲ့ကြရသည်။ မြေဆီ လွှာ အရည်အသွေး ကျဆင်းခြင်း၊ စီးရေနှင့် မြေ အောက်ရေ ညစ်ညမ်းခြင်း၊ လေကောင်းလေသန့် ဆုံးရှုံးခြင်း၊ ပင်လယ်နှင့် မြစ်ချောင်းများရှိ ရေနေ သတ္တဝါများ သေကြေပျက်စီးကြခြင်းတို့မှာလည်း အမှိုက်စွန့်ပစ် စီမံခန့်ခွဲမှု အားနည်းရခြင်း၏ရလဒ် များဖြစ်သည်။ စီမံခန့်ခွဲမှုတွင် အမှ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ်Hainan International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက် မှ ၁၅ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်း ဒေသအစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေ းလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထား သည်။
အဆိုပါပြပွဲ၌ နိုင်ငံတကာအဆင့်မီ ပြခန်းပေါင်း ၂၅၀ဝ ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ဒေသထွက် စားသောက်ကုန်များ ပါဝင်ပြသနိုင်မည်ဖြစ်သည်။
မကာအိုအထူးအုပ်ချုပ်ရေးဒေသ မကာအိုမြို့ရှိ Galaxy International Convention Center ၌ ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ ( 15th Guangdong and Macao Branded Products Fair 2023 – GMBPF) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိTokyo Big Sight East Hall 5 ၌ ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပမည့် 35th Manufacturing World Japan- New Value Creation Exhibition in Mechanical Components and Materials Technology Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားသည်။
ကိုရီးယားသမ္မတနိုင်ငံH Ulsan NrdKU, Ulsan Exhibition Convention Center (UECO) ၌ နိုဝင်ဘာ ၁ ရက် မှ ၃ ရက် အထိ ပြုလုပ်မည့်Hydrogen Electric Energy Exhibition 2023 (HEY 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထားသည်။ အဆိုပါပြပွဲသည် အနာဂတ်တွင် Hydrogen Electric Energy နှင့် Full Cell Industries တို့အကြား အပြန်အလှန် မှီခိုသည့် ဂေဟစနစ်တစ်ခုကို ဖန်တီးပေးကာ ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ဦးဆောင်ပေးနိုင်မည့် ပြပွဲတစ်ခုဖြစ်ကြောင်း၊ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၀ဝ ခန့်မှ ပြခန်း ၄၀ဝ ခန့် လာရောက်ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး ဧည်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စီးပွားရေး၏ ကျောရိုးဖြစ်သည်။ စိုက်ပျိုးရေးသည် နိုင်ငံ ွီဏ ၏ သုံးပုံ တစ်ပုံကျော်ကို ပံ့ပိုးပေးပြီး သန်းနှင့်ချီသောလူများ၏ အသက် မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးသည်။ ပိုးသတ်ဆေးများ သည် မြန်မာနိုင်ငံတွင် ခေတ်မီစိုက်ပျိုးရေး အလေ့အထ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် လည်း ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းတွင် ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်းကြောင်း ပတ်ဝန်းကျင်နှင့် လူသား ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
(၂၆) ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မေ ၁၅ ရက်မှ ၁၇ ရက်အထိ ဠငမအကေူ စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ် ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံ စားသုံး သူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ၊ Gwangju မြို့၊Kimdaejung Convention Center ၌ သြဂုတ် ၃၀ ရက်မှ စက် တင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်မည့် Artificial Intelligence Technology-Plus 2023 (AI TECH+ 2023)သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ပြသနိုင် ကြောင်း ဖိတ်ကြားထားသည်။ အဆိုပါပြပွဲသည် ကိုရီးယားသမ္မတနိုင်ငံတွင် ဗှု ကဏ္ဍအတွက် တစ်ကမ္ဘာလုံးမှ ပညာရှင်များ စုဝေးဆွေးနွေးရာနေရာတစ်ခုအဖြစ် ဖန်တီးသွား မည့် ပထမခြေလှမ်းပင်ဖြစ်ကြောင်း၊ AI TECH+ 2023 ကို လာရောက်မည့်သူများသည် စီးပွားရေး အချိတ်အဆက်များရရှိနိုင်ပြီး ၎င်းတို့၏စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအ