Background
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် မေ ၁၀ ရက်တွင် ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCI) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.AZHARI ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေ များ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Mr.AZHARI သိရှိလို၍ မေးမြန်း သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်န
အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ ဧပြီ ၂၆ ရက်မှ မေ ၂ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက် ရောင်းချနေ ကြောင်း သိရှိရပါသည်။
အသေးစား၊အငယ်စား၊ အလတ်စားလုပ်ငန်းများကို ထောက်ပံ့ပေးရန်နှင့် ဈေးကွက်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခု မေလ အတွင်း UMFCCI MSME FAIR ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။
ကော်မတီအနေဖြင့် အဆိုပါ ပြပွဲ ကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဦးဆောင်မှုဖြင့် မေ ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ ူသအအန ံသအနူ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခုတစ်ပတ်အတွက် ပြည်တွင်းထုတ် ကုန်ကဏ္ဍတွင် Shwe Cocoa ကုမ္ပဏီက ထုတ်လုပ်ရောင်းချလျက်ရှိသည့် ချောကလက်ထုတ်ကုန်များနှင့် မိတ်ဆက်ပေးလိုက်ပါသည်။ ကုမ္ပဏီသည် ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ (FDA) အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ဖြစ်သည်။ ယခင်က ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံထုတ် ချောကလက် များကို ပြည်တွင်းသို့ တင်သွင်းပြီး စားသုံးခဲ့ရ သော်လည်း ယခုအခါ ဘယ်လ်ဂျီယံနည်းပညာ ဖြင့် ပြည်တွင်း၌ ထုတ်လုပ်ထားသည့် ချောကလက်များကို အရည်အသွေးမီ၊ ဈေးနှုန်း သင့်တင့်စွာဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။
ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်းခြောက်များကို ကံ့ကော် ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်းနှင့် ပုသိမ်မြို့ပေါ်မှ လာရောက်ရောင်းချလျက် ကံ့ကော်ပန်းခြောက် တစ်ပိဿာကို ကျပ် ၁၅၀ဝ ဈေးနှုန်းဖြင့် ပုသိမ်မြို့ပေါ် အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိပြီး ပြည်တွင်းဈေးကွက် အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မေလပထမပတ် အတွင်း လွိုင်ကော်မြို့နယ် အခြေခံစား ကုန်ဖြစ်သော ရွှေရင်အေးဆန် တစ် ပြည်လျှင် ကျပ် ၃၆၀ဝ၊ ၂၄ ပြည် တစ် အိတ်လျှင် ကျပ် ၈၆၀ဝ၀၊ တရုတ်မွေး ဆန် တစ်ပြည်လျှင် ကျပ် ၃၃၀ဝ၊ ၂၄ ပြည်တစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ရွှေ အဆန်တစ်ပြည်လျှင်ကျပ် ၃၃၀ဝ၊ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀ နှင့် ငစိန်ဆန် တစ်ပြည်လျှင် ကျပ် ၂၉၀ဝ၊ ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။
စားသုံးဆီအနေဖြင့် မြေပဲဆီတစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ နှမ်းဆီ တစ် ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၁၄၅၀ဝ နှင့် စား အုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ ခန့်ရှိသည်။
မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံများထဲတွင် ဘူးသီးသည် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီး ဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်သည်။
ဖြူးမြို့ ဘူတာမြောက်ရပ်ကွက် ထန်းကုန်းလမ်းတွင် ထင်းအစားထိုးလောင်စာတောင့်လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်ရှိသည်။ ပါရမီလောင်စာတောင့်လုပ်ငန်းသည် ၎င်းတို့ မိသားစုပိုင် ပါရမီဆန်စက်မှ ထွက်ရှိသောစပါးခွံများဖြင့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းဖြစ်သည်။
ဧပြီ ၆ ရက်မှ ၁၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်းပေါင်း ၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှသိရသည်။ သင်္ကြန်ပိတ်ရက်မတိုင်မီနှင့် သင်္ကြန်အပြီး ဈေးကွက်ပြန်ဖွင့်ပြီးနောက်ပိုင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၂၉၅၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၁ ဒသမ ၆၀ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။
ဗဟိုဘဏ်အနေဖြင့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (Fit & Proper) ကိုထုတ်ပြန်ထားပြီး ယင်းက ငွေကြေးအဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ခြင်းမှတစ်ဆင့်ရရှိသည့် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေး ကြိုတင်ကာကွယ်ထားသည့် အစီအစဉ်များဖြစ်ကြောင်း သိရသည်။