Main menu

Background

Wednesday, 9 Jan 2013

တောင်ကိုရီးယားနိုင်ငံရဲ့ နာလန် ထူမှုက အတန်အသင့်သာရှိမယ်။ငွေ ကြေးဖေါင်းပွမှုကလည်း တည်ငြိမ်မယ် လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ယခု နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ငွေကြေးမူဝါဒ အလားအလာကို ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (IBS) တွေက အမျိုးမျိုးရှုမြင်သုံးသပ်ကြပါတယ်။

Wednesday, 9 Jan 2013

အခက်အခဲတွေ့နေသောဘဏ်များကို ငွေထုတ်ချေးတဲ့အခါ ဘဏ္ဍာရေး ကယ်တင်မှုရန်ပုံငွေများရဲ့ အနာဂတ်လုပ်ငန်းရပ်တွေကို အထောက်အကူဖြစ် စေဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ငွေထုတ်ချေး တဲ့အခါ လိုက်နာ ရမည့်စည်းမျဉ်းစည်းဥပဒေတွေကိုလျှော့ချပေးဖို့ဆောင်ရွက်ထားတဲ့ ထိုင်းဗဟို ဘဏ်ရဲ့ ဥပဒေပြင်ဆင်ချက်နှစ်ခုကို ဝန်ကြီးအဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ် ဥပဒေ ကိုပြင်ဆင်ဖို့အတွက် ဝန်ကြီးအဖွဲ့ရဲ့အတည်ပြုချက်ကို အောက်တိုဘာလအတွင်းမှာ ထိုင်းဗဟိုဘဏ်က လက်ခံရရှိခဲ့ပါတယ်။ ပြင်ဆင် ချက်အရဝန်ကြီးအဖွဲ့က အတည်ပြုထားတဲ့ လမ်းညွှန်မှုတွေအရ သတ်မှတ်ထား တဲ့စည်းကမ်းချက်တွေအရ အခြေခံထားသော အပေါင်ခံပစ္စည်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အခက်ခဲ တွေ့နေတဲ့ ဘဏ်တွေကိုငွေထုတ်ချေးဖို့ ထိုင်းဗဟို ဘဏ်ကဘဏ္ဍာရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (FIDF)  ကိုခွင့် ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုပြင် အခက်အခဲတွေ့ နေတဲ့ဘဏ်တွေရဲ့ရှယ်ယာ တွေကိုဝယ်ခွင့်ရှိပါမယ်။ သို့မဟုတ် အခြားကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းတွေ ကိုဝယ်ယူခွင့်ရှိပါမယ်။

Wednesday, 9 Jan 2013

ယခုရက်သတ္တပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ဘီလီယံ ၆၀၀ ရှိစေမဲ့ အစီအစဉ်ဖြစ်တဲ့ အခွန်တိုးမြင့်မှုနဲ့ အသုံးစရိတ်လျှော့ချမှု အစီအစဉ်ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှ ငွေကြေး ဆိုင်ရာစွန့်စားမှုအန္တရာယ်တွေလျော့ပါး စေခဲ့ပါတယ်။ ဒါကြောင့်် ယခုရက်သတ္တ အတွင်း တောင်ကိုရီးယားဝမ်နဲ့ မလေး ရှားရင်းဂစ်တို့ဦးဆောင်ပြီး အာရှငွေကြေး တွေတန်ဖိုးမြင့်တက်ခဲ့ရပါတယ်။

Sunday, 6 Jan 2013

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေ နှင့် မြန်မာငွေလဲလှယ်နှုန်းသည် ငြိမ် သက်လျက်ရှိသည်ကို တွေ့ရသည်။ဒီဇင်ဘာလလယ်ပိုင်းက  အနည်း ငယ်မြင့်တက်ခဲ့သည့် ငွေလဲနှုန်းသည် ပြန်လည်ကျဆင်းခဲ့ကာ ငြိမ်သက်လာ ခဲ့သည်ကို တွေ့ရသည်။

Wednesday, 12 Dec 2012

ထိုင်းနိုင်ငံမှာ  ကောက်ရိတ်သိမ်း ရာသီဖြစ်တဲ့အတွက် အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးအပါအဝင် အစားအစာဈေးနှုန်းတွေနဲ့ ကျဆင်းခြင်း နှင့် စွမ်းအင်အတွက် ထောက်ပံ့ကြေး ပေးခြင်းစတဲ့ အချက်တို့ကြောင့် နိုဝင် ဘာလမှာ ငွေကြေးဖေါင်းပွမှုတွေ ဒုတိယမြောက်အဖြစ် ကျဆင်းကြောင်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထား ပါတယ်။

Wednesday, 12 Dec 2012

ဘဏ်မဟုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများအား နိုင်ငံခြား ငွေများကို တရားဝင် ရောင်းဝယ်လဲလှယ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

Wednesday, 5 Dec 2012

ယခုနှစ်အတွင်း နောက်ဆုံးအ ကြိမ်ကျင်းပမဲ့ နိုဝင်ဘာ ၂၈ ထိုင်း ဗဟို ဘဏ်ငွေကြေးမူဝါဒကော်မတီအစည်း အဝေးမှာ ထိုင်းဗဟိုဘဏ်ရဲ့အခြေခံ အတိုးနှုန်းကို ၂ ဒသမ ၇၅ ရာခိုင်နှုန်း အတိုင်းဆက်လက်ထားမယ်လို့ အများ စုကခန့်မှန်းထားကြောင်း မူ ဒီရင်းနှီးမြှုပ် နှံသူအကျိုးဆောင်လုပ်ငန်းရဲ့ သုတေသ နဌာနကလည်း အပြောင်းအ လဲရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြောင်း နိုင်ငံ ဝက်ဘ်ဆိုက်တစ်ခုမှာဖော်ပြထား ပါတယ်။

Wednesday, 5 Dec 2012

အမေရိကန်   လွှတ်တော်အမတ် များကလိပ်ခဲတည်းလည်း   ဖြစ်နေတဲ့ ဘတ်ဂျက်ကိုဖြေရှင်းပေးနိုင်လိမ့်မယ် ဆိုတဲ့အကောင်းမြင်မှုကြောင့် ထွန်းသစ် စဈေးကွက်တွေမှာရှိတဲ့ အက်ဆက် တွေရဲ့ဝယ်လိုအားကိုအထောက် အကူ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၃၀ ရက်မှာကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ အာရှငွေကြေးတွေက   ဒုတိယရက် သတ္တပတ်အဖြစ်  မြင့်တက်လာတာကို တွေ့ရပြီး ၁၅ လနီးပါးအတွင်းအမြင့်ဆုံး ကိုရောက်ရှိခဲ့ပါတယ်။ သမ္မတ ဘားရက်အိုဘားမားက ခရစ္စမတ်မတိုင်မီသဘောတူညီချက် ရရှိအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယခုရက်သတ္တပတ်အတွင်းမှာပြောကြား ပြီးနောက် ဒေါ်လာ ၆၀၇ ဘီလီယံရှိမဲ့ အသုံးစရိတ်လျှော့ချေ ရးနဲ့အကောက် ခွန်တိုးမြှင့်ရေးကိစ္စဖြေရှင်းတာတွေ တိုး တက်မှုရှိလာပြီလို့ ဒီမိုကရက်တစ်အ ထက်လွှတ်တော် ကိုယ်စားလှယ်ချပ်ရှူး မားကနိုဝင်ဘာ ၂၉ ရက်ကပြောပါ တယ်။

Monday, 3 Dec 2012

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ယခုအချိန်အထိ ငြိမ်သက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာငွေ လဲလှယ်နှုန်းသည် ငွေလဲစင်တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၄၉ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်တွင်လည်း ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၅၀ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။

Friday, 30 Nov 2012

တောင်ကိုရီးယားနိုင်ငံရဲ့  ပြည် တွင်းငွေချေးဘဏ်တွေမှာ ကာလရှည် ကြာမှ ပြန်လည်ပေးဆပ်ရ မဲ့ နိုင်ငံ ခြားငွေတွေချေးငွေတွေရှိနေတဲ့ အ တွက် တတိယသုံးလပတ်မှာ ကိုရီးယား နိုင်ငံရဲ့ကြွေးမြီကဒေါ်လာ ၄၁၉ ဒသမ ၄ ဘီလီယံထိရှိနေတာကို ဗဟိုဘဏ် စာရင်းများအရ နိုဝင်ဘာ ၂၀ ရက်က တွေ့ရကြောင်းရှင်ဝှာ သတင်းဌာနကဆို ပါတယ်။

Pages